Main menu
HOT NEWS
adv

ဟုမ္မလင်းမြို့ ခုတင် ၁ဝဝ ဆံ့ ဆေးရုံတွင် အထူးကု အပါအဝင် ဝန်ထမ်းပေါင်း ၁ဝဝ ကျော် လစ်လပ်နေ၍ တိုင်းဒေသကြီး လွှတ်တော်တွင် မေးခွန်းထုတ်

မုံရွာ၊ မေ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ရှိ ပြည်သူ့ဆေးရုံကို ခုတင် ၁ဝဝ ဆံ့ဆေးရုံအဖြစ် အဆင့်တိုးခဲ့သည်မှာ ၁၅ နှစ်ကျော် ကြာခဲ့သော်လည်း အထူးကုဆရာဝန် ကြီးများအပါအဝင် ဝန်ထမ်းပေါင်း ၁ဝဝ ကျော် ယခုထက်တိုင်လစ်လပ် နေသေး၍ မည်သည့်အချိန်တွင်ဖြည့်ဆည်းပေးမည်ကို တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးသန်းညွန့်မှ မေ ၁၉ ရက်တွင်ကျင်းပသည့် တိုင်း ဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးလေးရက်မြောက်နေ့တွင်မေးမြန်းလိုက်ကြောင်း သိရသည်။


ဟုမ္မလင်းဆေးရုံတွင် ရာထူးအလိုက်ဝန်ထမ်း ၂ဝ၁ ဦးခန့်ရမည် ဖြစ်သော်လည်း ၈၈ ဦးသာရှိပြီး ကလေးအထူးကု၊ မေ့ဆေးအထူးကု၊ အရိုး၊ ဓာတ်မှန်၊ ရောဂါဗေဒ၊ သွားအထူးကုဆရာဝန်ကြီးများ၊ သူနာပြု၊ ဆေးဘက်ကျွမ်းကျင်၊ လျှပ်စစ်ကျွမ်းကျင်၊ ဓာတ်ခွဲကျွမ်းကျင်၊ အထွေအထွေလုပ်သားစသဖြင့် နေရာပေါင်း ၄ဝ တွင် ဝန်ထမ်း ၁၂၄ ဦးလစ်လပ် နေခြင်းဖြစ်သည်။''လက်ရှိလက်တွေ့ဆောင်ရွက် နေရတဲ့ ဆရာဝန်တွေရဲ့လိုအပ်ချက်နဲ့ ဒေသခံတွေအခက်အခဲကို တိုင်း ဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ပြည် ထောင်စုအစိုးရအဖွဲ့နဲ့ ဘယ်လိုချိတ်ဆက်ကူညီပေးမလဲဆိုတာမေးလိုပါတယ်''ဟု ဦးသန်းညွန့်ကပြော ကြားသည်။


မေးမြန်းမှုကို တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ''ဟုမ္မလင်းဆေးရုံမှာ ငါးနှစ်စာ ဆောင်ရွက်မှုစာရင်းအရ တစ်နေ့ ဆေးရုံတက်လူနာ ပျမ်းမျှ ၅ဝ ရာခိုင်နှုန်းကိုမပြည့်ပါဘူး။ အထူကုဆေးပညာ၊ ကလေး၊ ခွဲစိတ်၊ အရိုး၊ သားဖွားမီးယပ်၊ မေ့ဆေး၊ ဓာတ်မှန်၊ မျက်စိပါရဂူတွေကိုခန့်ပြီးပါပြီ။ ကလေး အထူးကု ဒေါက်တာမြင့်မြင့်လွင်မှာခန့်ထားပေမယ့် အလုပ်ဝင်ရောက်မှုမရှိလို့ ဌာနဆိုင်ရာစစ်ဆေးမှုလုပ် နေပါတယ်။ ဆေးဘက်ကျွမ်းကျင်၊ စိစစ်ရေးမှူး၊ ဆေးမှတ်တမ်း၊ ဆေးစပ်တို့ကိုလည်း အမိန့်စာအရခန့်ထားပါတယ်။ နေ့စားဝန်ထမ်း ၁၆ ဦးခန့်ထားပြီးပါပြီ။ သို့ပါ၍ ဟုမ္မလင်း ဆေးရုံအတွက် လက်ရှိဝန်ထမ်းများနဲ့သာ လတ်တလောကျန်းမာရေး စောင့်ရှောက်ပေးရမှာပါ''ဟု ဖြေ ကြားခဲ့သည်။ ဟုမ္မလင်းမြို့သည် စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်းတွင် တည်ရှိပြီး ကူးသန်းသွားလာရေးအတွက် လေယာဉ်၊ မော်တော်ကား ခရီးစဉ်များရှိသော်လည်း ချင်းတွင်း မြစ်ကြောင်းရေလမ်းမှသာ သွားလာမှုများသောဒေသတစ်ခုဖြစ်သည်။


KTS

#democracytoday

Read more...

ကွတ်ခိုင်တွင် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ခရီးသည်တင် မှန်လုံယာဉ် တစ်စီးကို ဆက်ကြေး မပေးသဖြင့် မီးရှို့ခဲ့ ဟုဆို

မူဆယ်၊ မေ ၁၉

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာအနီး ခိုမုန်းကျေးရွာနှင့် ဟန်ကိုင်ကျေးရွာကြား မိုင်တိုင်အမှတ် (၂၅၇) မူဆယ်-လားရှိုးပြည်ထောင်စုလမ်းမကြီးပေါ် ခိုမုန်းကျေးရွာ ရွာဦးထိပ် ခိုမုန်းကျေးရွာ ကျောက်တိုင်အနီးတွင် မေ ၁၉ ရက် ညနေ ၃ နာရီက လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ ဆက် ကြေးမပေးဟုဆိုကာ ခရီးသည်တင်မှန်လုံယာဉ် (EXPRESS) ယာဉ်အမှတ် YGN 3D/ -- တစ်စီးကို မီးရှို့သွားကြောင်း သိရသည်။

Read more...

အုတ်တွင်းမြို့တွင် ဆိုင်ကယ်နှင့် ရထား တိုက်မိ၍ ကျောင်းသူတစ်ဦး သေဆုံး

အုတ်တွင်း

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် မေ ၁၄ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်က ရထားနှင့်ဆိုင်ကယ် တိုက်မိရာမှ အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Read more...

လပွတ္တာ မြို့နယ်တွင် အိမ်ပြန်ချင်သည့် ကလေးများ ရိုက်နှက်ခံရသည့် ကိစ္စ ကလေးသူငယ် မတရား ညှဉ်းပန်းနှိပ်စက်မှုဖြင့် တရား စွဲဆိုသွားမည်

ရန်ကုန်

လပွတ္တာမြို့နယ်တွင် အိမ်ပြန်ချင်သည့် ကလေးငယ်များ ရိုက်နှက်ခံရခြင်းကို ကလေးသူငယ် မတရား ညှဉ်းပန်းနှိပ်စက်မှု၊ ပြင်းထန်စွာ နာကျင်စေမှုဖြင့် တရားစွဲဆိုသွားမည်ဖြစ် ကြောင်း လပွတ္တာမြို့နယ် မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအဖွဲ့မှ သိရသည်။ အရိုက်ခံကြရသည့် ၁ဝ နှစ်၊ ၁၁ နှစ်၊ ၁၂ နှစ်အရွယ်ရှိသော ကလေးငယ်လေးဦး၊ အမျိုးသမီးတစ်ဦးက တရားလိုပြုပြီး အဝါရောင်မျိုးဆက်သစ် ပရဟိတကျောင်းမှ ကလေးငယ်များကို ရိုက်သည့် ဘုန်းကြီးသုံးပါးအား တရားစွဲသွားမည်ဖြစ်သည်။

Read more...

ဂုတ်တွင်း လမ်းပိုင်း၌ မြေယာလျော်ကြေးများ ပေးဆောင်ပြီးပါက လေးလမ်းသွား တံတားတစ်စင်းကို စတင် တည်ဆောက်မည်

ကျောက်မဲ

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင် ချိုမြို့နှင့် ကျောက်မဲမြို့ကြားရှိ ဂုတ်တွင်းလမ်းပိုင်း၌ လေးလမ်းသွား တံတားတစ်စင်းကို မြေယာလျော်ကြေးများ ပေးဆောင်ပြီးပါက တည် ဆောက်ရေး စတင်သွားမည်ဖြစ်ကြောင်း တာဝန်ယူ တည်ဆောက်မည့် အိုရီရမ်တယ်ဟိုင်း ဝေးကုမ္ပဏီမှ သိရသည်။ 

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616