Main menu
HOT NEWS
adv

ရွှေကူမြို့၌ မိုးသက်လေပြင်း ကျရောက်ခဲ့၊ နေအိမ်များ ပျက်စီး၊ ဓာတ်တိုင်များ ကျိုးကျ

ရွှေကူ၊ ဧပြီ ၎

ကချင်ပြည်နယ် ရွှေကူမြို့တွင် မိုးလက်လေပြင်းကျ ရောက်ပြီး နေအိမ်များပျက်စီးကာ ဓာတ်တိုင်များကျိုးပဲ့လဲပြိုမှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဧပြီ ၃ ရက်ညနေ ၃ နာရီခန့်က ရွှေကူမြို့တွင် မိုးသည်း ထန်စွာရွာပြီး လေပြင်းများတိုက်ခတ်မှုကြောင့် ရွှေကူမြို့ အမှတ် (၁) ရပ်ကွက်ရှိ လူနေအိမ်တစ်လုံး ပြိုကျ ပျက်စီးကာ အခြားနေအိမ်တစ်လုံး မှာလည်း အမိုးများပြုတ်ထွက်သွားခဲ့သည်။ ထို့အတူ အမှတ် (၂) ရပ် ကွက်ရှိ ဘောလုံးကွင်းတိုက်ခန်း ၂၄ ခန်း၏ အမိုးများပြုတ်ထွက်လန်ကျကာ ဓာတ်မီးတိုင် ၁၈ တိုင်ကျိုး ၍ ဓာတ်မီးတိုင်လေးတိုင်ထက်မနည်း ယိုင်လဲသွားခဲ့သည်။

Read more...

မန္တလေး လမ်းလျှောက် သင်္ကြန်တွင် မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလှူငွေ ဆယ်သိန်းဖြင့် ရေကစားမဏ္ဍပ်နေရာ လျှောက်ထားနိုင် စတုဒိတာမဏ္ဍပ်များ အခမဲ့ခွင့်ပြုမည်

မန္တလေး

လက်ရှိ အစိုးရလက်ထက်တွင် အကောင်အထည် ဖော်နေသည့် မြန်မာ့ရိုးရာ ရေသဘင်ပွဲ တော် လမ်းလျှောက်သင်္ကြန်တွင် အမြင့်သုံးပေ၊ နောက်ခံ အမြင့် ခြောက်ပေရှိ ရေကစားမဏ္ဍပ် နေရာနှင့် စတုဒိတာမဏ္ဍပ်များ မိသားစုအစီအစဉ်ဖြင့် ရေပက်လိုသူများအနေဖြင့် မတ်လ ၂၉ ရက်မှစတင်၍ မြို့တော် စည်ပင်ရုံး အခွန်ဌာနသို့ လျှောက်ထားနိုင်မည် ဖြစ် ကြောင်း သိရသည်။

Read more...

မန္တလေး သင်္ကြန်သံချပ်အဖွဲ့များ သံချပ်စာသားများကို စိစစ်ရေးကော်မတီသို့ ဧပြီ ၁ ရက် နောက်ဆုံးပေးပို့ရန် ညွှန်ကြားခဲ့

မန္တလေး

မန္တလေးတိုင်းဒေသကြီး မဟာသင်္ကြန်တွင် ဖျော်ဖြေမည့် သံချပ်အဖွဲ့များအနေဖြင့် စိစစ်ရေးကော် မတီသို့ ဧပြီ ၁ ရက် နောက်ဆုံးထား၍ စာသားများ ပေးပို့ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။  ''တာဝန်ရှိလူကြီးတွေက သံချပ်ဆိုတာ ပြည်သူ့အသံဖြစ်တယ်။ လုပ်ပေးသင့်တယ်ဆိုပြီး ပြိုင်ပွဲ လုပ်ပေးတာပါ။ ကန့်သတ်ချက်က အများကြီးမရှိပါဘူး။ အချက်လေး ချက်ပဲ ကန့်သတ်ထားတာပါ။ အခု က ဒီမိုကရေစီခေတ်ပဲ အပြုသဘော နဲ့ အကုန်တင်ပြလို့ရပါတယ်''ဟု သင်္ကြန်သံချပ်အဖွဲ့များ စိစစ်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဂီတစာဆို ထပ်ဆင့်အကယ်ဒမီစိန် မွတ္တားက ပြောသည်။

Read more...

မန္တလေးဇုန် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများမှ လမ်းလျှောက်သင်္ကြန် ပွဲတော်တွင် ရေကစားမဏ္ဍပ်၊ စတုဒိသာ မဏ္ဍပ်များဖြင့် ပါဝင်ဆင်နွှဲမည်

မန္တလေး

မန္တလေးသင်္ကြန်ပွဲတော်ကို ယခုနှစ်တွင် မြန်မာ့ရိုးရာသင်္ကြန်အဖြစ် ကျင်းပမည်ဖြစ်ရာ မန္တလေးဇုန်တွင်ပါဝင်သည့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းလေးခု ပူးပေါင်း၍ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်အဖြစ် ၂၆ ဘီလမ်း (အာဇာနည်)လမ်း ၆၆ လမ်းနှင့် ၆၉ လမ်းကြားတွင် ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း သိရ သည်။

Read more...

ဗန်းမောက်မြို့နယ်အတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိ

နေပြည်တော်၊ ဧပြီ ၂

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင် ရွက်နေသော တပ်မတော်စစ်ကြောင်းသည် မတ် ၃ဝ ရက် နံနက် ၁၁ နာရီခန့်တွင် ဗန်းမောက်မြို့၏ အရှေ့မြောက်ဘက် ၅ မိုင်ခန့်အကွာသို့အရောက်၌ တရားမဝင်ကျွန်းသစ်လုံး ၅၉ လုံး(ခန့်မှန်း ၁၈ ဒသမ ၂ တန်ခန့်)၊ ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၃၉ ချောင်း(ခန့်မှန်း သုည ဒသမ ၄ တန်ခန့်)၊ သစ် ထုတ်လုပ်ရာတွင် အသုံးပြုသည့် အင်ဂျင်တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

 

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616