Main menu
HOT NEWS
adv

ဧရာဝတီမြစ်ရေ မြင့်တက်နေခြင်းကြောင့် ပဲခူးတိုင်း အနောက်ပိုင်းရှိ အနိမ့်ပိုင်း ရပ်ကွက်များ ရေဝင်ရောက်နေ

ပြည်

ပဲခူးတိုင်းဒေသကြီး(အနောက် ပိုင်း)တွင် ဧရာဝတီမြစ်ရေသည် ငါးရက်အတွင်း လေးပေခန့် မြင့် တက်လာပြီး မြစ်ကမ်းဘေး အနိမ့်ပိုင်းရပ်ကွက်အချို့တွင် ဇူလိုင် ၁၃ ရက်က ရေများ စတင်ဝင်ရောက် လျက်ရှိကြောင်း ပြည်ခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။ ဧရာဝတီမြစ်ရေသည် ဇူလိုင် ၈ ရက်တွင် ၂၆၄၃ စင်တီ မီတာသာရှိခဲ့ရာမှ ဇူလိုင် ၁၄ ရက် နံနက် ၆ နာရီခွဲတွင် တိုင်းတာချက်များအရ ၂၇၈၇ စင်တီမီတာအထိ ရောက်ရှိလာပြီး ပေအားဖြင့် လေး ပေခန့် မြင့်တက်လာကြောင်း သိရ သည်။

Read more...

နတ်မောက်မြို့နယ်တွင် ဆိုင်ကယ်တစ်စီး လားရာတူမော်တော်ယာဉ်ကို ကျော်တက်ရာမှ တစ်ဖက်ယာဉ်ကြောမှ မြင်းလှည်းကို တိုက်မိ၊ တစ်ဦးသေဆုံး

နတ်မောက်၊ ဇူလိုင် ၁၄

မကွေး တိုင်းဒေသကြီး နတ်မောက်မြို့နယ် နတ်မောက်ရဲစခန်းအပိုင်တွင် ဆိုင်ကယ်နှင့်မြင်းလှည်းတိုက်မိရာမှ လူတစ်ဦးသေဆုံးကြောင်း သိရသည်။ ဖြစ်စဉ်မှာ နတ်မောက်မြို့မရဲ စခန်းမှ ဒုရဲအုပ်နေခြည်ဦးသည် စခန်း၌ တာဝန်မှူးဆောင်ရွက်နေစဉ် ဇူလိုင် ၁၄ ရက် မွန်းတည့် ၁၂ နာရီက ဆိုင်ကယ်နှင့်မြင်းလှည်းတိုက်မိပြီး ဒဏ်ရာများရရှိကာ လူတစ်ဦး သေဆုံးသွားကြောင်းသိရသည်။

Read more...

ရထားလုံး မြင်းလှည်းများ မပျောက်ကွယ် သွားစေရန် သက်ဆိုင်ရာ အနေဖြင့် မြင်းလှည်းပိုင်ရှင်များနှင့် တွေ့ဆုံ၍ ကူညီပေးရန် လိုအပ်ဟု ဆို

ပြင်ဦးလွင်၊ ဇူလိုင် ၁၄

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့၌ပြေးဆွဲနေသော ရထားလုံးများမှာ ပျောက် ကွယ်လာနေသောကြောင့် သက်ဆိုင်ရာအနေဖြင့် ရှေးဟောင်းအမွေ အနှစ်တစ်ခု မပျောက်သွားစေရေးအတွက် ရထားလုံးမြင်းလှည်းပိုင် ရှင်များနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ကူညီပံ့ပိုးပေးသင့်ကြောင်း ဒေသခံများထံမှ သိရသည်။

Read more...

ယာဉ်လောကသားများ၏ တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် သား၊ သမီးများကို မန္တလေးတိုင်းဒေသကြီး အဝေးပြေး (ယ.က.က)မှ ဆုငွေကျပ်သိန်း (၂၀၀)ကျော် ချီးမြှင့်

မန္တလေး၊ ဇူလိုင် ၁၄

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ယာဉ်လောကသားများ၏ သား၊ သမီးများမှ ၂၀၁၇ ခုနှစ်တွင် တက္ကသိုလ်ဝင် တန်းအောင်မြင်သူများကို မန္တလေးတိုင်းဒေသကြီးအဝေးပြေး(ယ.က.က)မှ စုစုပေါင်းဆုငွေ ကျပ်(၂၁၇)သိန်း ကျော်ပေးအပ်ခြင်းအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ဆုပေးပွဲကို (၁၆)ကြိမ်မြောက်ကျင်းပခြင်းဖြစ်ကာ မန္တလေးမြို့ရှိ ရွှေမန္တလေးခန်းမတွင် ဇူလိုင် ၁၄ ရက်၊ မွန်းလွဲပိုင်းကပြုလုပ်ခဲ့ကြောင်း သိရသည်။

Read more...

အာဇာနည်နေ့၌ ယာဉ်များ ရပ်တန့်၍ ဟွန်းတီးပေးရန် မွန်အစိုးရက သက်ဆိုင်ရာဌာနများထံ ညွှန်ကြား စာထုတ်

အာဇာနည်ခေါင်းဆောင်များကျဆုံးခဲ့သည့် ဇူလိုင် ၁၉ ရက် နံနက်(၁၀)နာရီ(၃၇)မိနစ်တွင် လမ်းပေါ်ရှိယာဉ်များ ရပ်တန့်၍ ဟွန်းတီးပေးရန်၊ ပြည်သူများ ခေတ္တငြိမ်သက်ရန် သက်ဆိုင်ရာဌာနများထံ ညွှန်ကြားစာကို ထုတ်ပြန်ထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191