Main menu
HOT NEWS
adv

ပုဂ္ဂလိကဘဏ်ဝန်ထမ်းတစ်ဦးကို ကျပ်ငါးထောင်တန် ငွေစက္ကူအတု များနှင့်အတူ သထုံမြို့တွင် ဖမ်းဆီးရမိ

သထုံ၊ မေ ၁၂-ဘားအံမြို့ပုဂ္ဂလိကဘဏ်တစ်ခုတွင် တာဝန်ထမ်း ဆောင်နေသည့် ဘဏ်ဝန်ထမ်းတစ်ဦးကို ကျပ်ငါးထောင် တန် ငွေစက္ကူအတုများနှင့်အတူ သထုံမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သထုံမြို့မရဲစခန်းမှ သိရသည်။ ဖြစ်စဉ်မှာ မေ ၁၂ ရက် ည ၁၀ နာရီ ၅ မိနစ်တွင် သထုံခရိုင် မှုခင်းအကူဌာနမှ ရဲအုပ်အောင်သူဦးစီးအဖွဲ့သည် သထုံမြို့ပေါ် ရပ်ကွက်နေရာ အိမ်မှူးဦးမြင့်ဦး၊ သုဓမ္မာဝတီမြို့သစ်နေ ဦးအောင် ငြိမ်းတို့နှင့်အတူ မြို့ပေါ်ရပ်ကွက်အတွင်း ကင်းလှည့်နေစဉ် ယာ ယီ E-1750 နံပါတ် တပ်ထားသည့်ံသည့် Honda Wave 10NCX ၊     ငှက်ခါးရောင်ဆိုင်ကယ်စီးနင်းလာသည့် လူငယ် တစ်ဦးမှာ ကျပ် ၅၀၀၀ တန်ငွေစက္ကူအတုများသုံးစွဲနေကြောင်း သတင်းရရှိခဲ့ပြီး ည ၁၂ နာရီတွင် မော်လမြိုင်-ရန်ကုန်ကားလမ်းပေါ်ရှိ စိုးမိုးသူ ကားလက်မှတ်အရောင်းဆိုင်ရှေ့တွင် အဆိုပါ   ဆိုင်ကယ်နှင့်အတူ လူငယ်တစ်ဦးအားတွေ့ရှိသဖြင့် စစ်ဆေးခဲ့ ကြောင်းသိရသည်။

Read more...

ထီးချိုင့်မြို့နယ် ဆိပ်ကမ်းတွင် တရားမဝင် ကျွန်းခွဲသားများဖြင့် ပြုလုပ်ထားသည့် လှေ ၃၁ စင်း ဖမ်းမိ

ရန်ကုန်၊ မေ ၁၂

စစ်ကိုင်းတိုင်း ဒေသကြီး ထီးချိုင့်မြို့နယ် အမှတ်(၃) သင်္ဘောဆိပ်ကမ်းတွင် တရားမဝင် ကျွန်းခွဲသားဖြင့်ပြုလုပ်ထားသော ကျွန်း လှေ ၃၁စင်းကို ပိုင်ရှင်ခြောက်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တော ဦးစီးဌာနက မေ ၁၂ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါဖြစ်စဉ်မှာ စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင်၊ ထီးချိုင့်မြို့ နယ် သစ်တောဦးစီးဌာနဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁ဝ ရက်က တရားမဝင် သစ်ရှာဖွေဖော်ထုတ်ဖမ်း ဆီးခြင်းဆောင်ရွက်စဉ် အမှတ်(၃)သင်္ဘောဆိပ်တွင် ကျွန်းလှေ ၃၁ စင်းကို ပိုင်ရှင်ခြောက်ဦးနှင့်အတူ ဖမ်းမိခဲ့သည်။

Read more...

ရှမ်းပြည်နယ် ဘဏ္ဍာရေး ဝန်ကြီးနှင့် ဌာနဆိုင်ရာများ၊ ဒေသခံများတွေ့ဆုံ

ကျိုင်းတုံ၊ မေ ၁၂

ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်ဘဏ္ဍာရေး ဝန်ကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်မှ ဒေသခံပြည်သူများ၊ လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများနှင့် ပြည်နယ်ခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံပွဲကို မေ ၁၂ ရက် နံနက် ၉ နာရီက ကျိုင်းတုံမြို့ ရပ်ကွက်(၃) လေယာဉ်ကွင်းလမ်းရှိ မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

Read more...

ခရီးသည်တင် ယာဉ်နှစ်စီး တိုက်မှုကြောင့် ဒဏ်ရာ ရရှိခဲ့ကြသည့် ယာဉ်မောင်းနှင့် ခရီးသည်များကို သက်ဆိုင်ရာ ယာဉ်လိုင်းနှစ်ခုမှ ကရုဏာကြေးများပေး

မြိတ်၊ မေ ၁၂

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ပင်းအိုကျေးရွာ လက်ခုတ်တောင်အနီး၌ မေ ၉ ရက်က ခရီးသည်တင်ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားရာတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သော ယာဉ်မောင်းနှင့် ခရီးသည်များကို သက်ဆိုင်ရာယာဉ်လိုင်းနှစ်ခုက ကရုဏာကြေးထောက်ပံ့ငွေပေး အပ်ခဲ့ကြောင်း သိရသည်။

Read more...

စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်မှုများကြောင့် ရေမစီးနိုင်ဖြစ်နေသော မြိတ်မြို့ရှိ ဘုရားကိုင်ချောင်းကို မိုး မတိုင်မီ ပေ ၁ဝဝဝဝ ကျော် တူးဖော်မည်

မြိတ်၊ မေ ၁၁

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နယ်၏အဓိကကျ သော ဘုရားကိုင်ချောင်းမှာ အမှိုက်များပြည့်ကျပ်၍ ရေမစီးဆင်းနိုင်ဖြစ် နေသောကြောင့် မေ ၁ဝ ရက်မှစတင်၍ ချောင်းရိုးတစ်လျှောက်ရှိ ရေ မြောင်းကိုပေ ၁ဝဝဝဝ ကျော်ပြန်လည် တူးဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616