Main menu
HOT NEWS
adv

မိုး သည်းထန်မှုကြောင့်ရွှေကူနှင့် ဗန်းမော်အကြား သစ်ပင်လဲပြို၊ တောင်ကမ်းပါးယံ ပြိုကျခဲ့မှုကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပွား

ဗန်းမော်၊ စက်တင်ဘာ ၈

ကချင် ပြည်နယ် ဗန်းမော်ခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရွှေကူမြို့နယ်နှင့် ဗန်းမော်မြို့နယ်အကြား သစ်ပင်လဲပြိုကျပြီး တောင် ကမ်းပါးယံပြိုကျခဲ့မှုကြောင့်ညနေပိုင်းအထိ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၈ ရက် နံနက် ၂ နာရီခွဲခန့်မှ နံနက် ၉ နာရီအထိ မိုးဆက်လက်ရွာသွန်းခဲ့ခြင်းကြောင့် ဗန်းမော်-မန္တလေး မဟာဗျူဟာလမ်း၊ ဗန်းမော်မြို့နယ် စင်းခန်းသစ်ဆိပ်အနီး၊ မိုင်တိုင်အမှတ် (၁၅၆/ဝ)နေရာ၌ တောင်ကမ်းပါးယံပေါ်ရှိ လုံးပတ် ၁၂ ပေခန့်ရှိ ဘိုင်ပင်လဲပြို ကျခဲ့ရာမှ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး မန္တလေး-ဗန်းမော် ခရီးသည်တင် မှန်လုံယာဉ်ကြီးနှင့် ယာဉ်ငယ်များနာရီအတော်ကြာ ရပ်တန့်ခဲ့ရ၍ လမ်းဦးစီးဌာနမှ ရှင်းလင်းဆောင်ရွက်ခဲ့ရာ နံနက် ၁ဝ နာရီခွဲခန့်တွင် လမ်းကြောင်းပွင့်သွားခဲ့သည်။

Read more...

မန္တလေး-တောင်ငူ မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်း စတင်မည်

မန္တလေး၊ စက်တင်ဘာ ၈

မြန်မာ့မီးရထားနှင့် JICA တို့ပူးပေါင်း၍ တစ်နာရီကီလိုမီတာ ၁ဝဝ မောင်းနှင်နိုင်ရေးအတွက် ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းအနက် မန္တလေး-တောင်ငူလမ်းပိုင်းကို ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) မှာပြီးစီးခဲ့သဖြင့် လမ်းပိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ၂ဝ၁၈ ခုနှစ်တွင် စတင်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား (အထက် မြန်မာပြည်)အုပ်ချုပ်ရေးဌာနမှ သိရသည်။

Read more...

ရိခေါဒါရ်မြို့ သီးကျိရ်ကျေးရွာ၌ နွားနောက်နှင့် ကျွဲအချို့တွင် ခွာနာလျှာနာရောဂါ ဖြစ်ပွားနေ၍ ဆေးဝါး ကုသပေးနေရ

ရိခေါဒါရ်၊ စက်တင်ဘာ ၈

ချင်းပြည်နယ်ရိခေါဒါရ်မြို့ ဒေသတွင်းရှိ သီးကျိရ်ကျေးရွာ၌ တောင်သူများတစ်ပိုင်တစ်နိုင်မွေး မြူထားသည့် နွားနောက်နှင့်ကျွဲ အချို့တွင် ခွာနာ၊ လျှာနာရောဂါ ဖြစ်ပွားနေသောကြောင့် မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဝန်ထမ်းများက ဆေးဝါးများကုသပေးနေကြောင်းသိရသည်။ စက်တင်ဘာလဆန်းပိုင်းမှ စတင်၍ တိရစ္ဆာန်ရောဂါဖြစ်ပွားမှုသတင်းသိရှိသည်နှင့်ရောဂါဖြစ်ပွားမှုအခြေအနေစစ်ဆေးကုသရန် ရိခေါဒါရ်မြို့မွေးမြူရေးနှင့်ကု သရေးဦးစီးဌာနဝန်ထမ်းများက နယ်မြေဒေသအရောက်ချက်ချင်းကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ နွားနောက်နှင့်ကျွဲများမှာ ခွာနာ၊ လျှာနာရောဂါလက္ခဏာမျိုး ဖြစ် ကြောင်းတွေ့ရှိရ၍ ဆေးဝါးကုသမှု ဆောင်ရွက်ပေးနေရသည်။

Read more...

မင်းဘူး(စကု)မြို့နယ်တွင် လူဦးရေ ၅ဝဝ ကျော် ပထမအကြိမ် အမှိုက်ကောက် လှုပ်ရှားမှုဆောင်ရွက်

မင်းဘူး၊ စက်တင်ဘာ ၇

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့ နယ်တွင် အမှိုက်ကောက်သူရဲကောင်း(Trash Hero Minbu) အဖွဲ့မှ ပထမအကြိမ် စုပေါင်းအမှိုက်ကောက်လှုပ်ရှားမှုတွင် လူဦးရေ ၅ဝဝ ကျော်ဖြင့် လိုက်လံအမှိုက်ကောက်ခဲ့ကြောင်း သိရသည်။

Read more...

မုံရွာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂရွေးကောက်ပွဲ နည်းလမ်းမကျဟု ဆိုကာ ဗကသနှင့် တက္ကသိုလ်ပရဟိတ အသင်းသုံးသင်းမှ ကျောင်းသားများ ဝင်မပြိုင်ရန် ဆုံးဖြတ်

မုံရွာ၊ စက်တင်ဘာ ၇

မုံရွာ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအားလုံးကိုကိုယ်စားပြုနိုင် သော တစ်ခုတည်းသောတက္ကသိုလ် ကျောင်းသားများသမဂ္ဂဖွဲ့စည်းနိုင် ရေးအတွက်ပြုလုပ်မည့် ရွေးကောက်ပွဲတွင်အားနည်းချက်၊ လိုအပ်ချက်များရှိနေသည်ဟုဆိုကာ ဗကသ နှင့် တက္ကသိုလ်ပရဟိတအသင်းသုံးခုမှ ကျောင်းသားများဝင်မပြိုင်ရန် ဆုံးဖြတ်ချက်ချခဲ့ကြောင်း ၎င်းအဖွဲ့များ၏ စက်တင်ဘာ ၇ ရက်က မုံရွာတက္ကသိုလ်ဘုရားဝင်းအတွင်းပြုလုပ်သော သတင်းစာရှင်း လင်းပွဲအရ သိရသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191