HOT NEWS
Main menu
adv

ကျိုက်ထိုမြို့နယ် ဝါးဒက်ကွင်း ကျေးရွာအတွင်း ကျူးကျော် နေထိုင်ကြသည့် အိမ်ရာများအား စနစ်တကျ ခြံမြေပေးနိုင်ရေး မတ်လတွင် စတင် စိစစ်မည်

သထုံ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ကျေးရွာအုပ်စု ဝါးဒက်ကွင်းကျေးရွာအတွင်း ကျူးကျော်နေထိုင်ကြသည့် အိမ်ရာများအား စနစ်တကျခြံမြေပေးနိုင်ရေး မတ်လမှစတင်ကာ စိစစ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သထုံခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။ သိမ်ဇရပ်ကျေးရွာ၊ သုံးခွကျေးရွာ၊ ဝါးဒက်ကွင်းကျေးရွာများမှ အမှန်တကယ် မြေမဲ့ယာမဲ့ မြေမရှိသူများအား ခြံမြေများ စနစ်တကျချပေးနိုင်ရေးနှင့် လက်ရှိကျူးကျော် နေထိုင်နေသူများအား စိစစ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သထုံခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

Read more...

ကလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် နားနေဆောင် ထားရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် မှာကြား

ကလေး၊ ဖေဖော်ဝါရီ ၂၂

တာဝန်ရှိ လူကြီးများဆေးရုံလိုအပ်ချက်ကို လာရောက်ကြည့်ရှုချိန်တွင် လူနာစောင့်များအား အပြင်ထွက်ခိုင်းနေရသဖြင့် လူနာစောင့်နားနေအဆောင်များထားရှိရန် ဖေဖော်ဝါရီ ၂၁ ရက်တွင် ကလေးမြို့ဆေးရုံသို့ရောက်ရှိလာသည့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က မှာကြားခဲ့ကြောင်း သိရသည်။

Read more...

ပုသိမ် စက်မှုဇုန် မြို့တော် ဧရိယာအတွင်းမှ ဒေသခံများ၏ နွေစပါးများ အောင်ရေ မရ၍ အခက်အခဲဖြစ်နေ ဟုဆို

ပုသိမ်၊ ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်စက်မှုဇုန်မြို့တော် စီမံကိန်းဧရိယာအတွင်းမှ ဆင်ခေါင်းကြီးချောင်းရေအသုံးပြုနေရသော ဒေသခံကျေးရွာအချို့၏ နွေစပါးဧက ၁၆ဝ ကျော်မှာ အောင်ရေအခက်အခဲဖြင့် ရင်ဆိုင်နေရကြောင်း ဒေသခံတောင်သူများထံမှသိရသည်။ ပုသိမ်စက်မှုဇုန်မြို့တော် ဧရိယာအတွင်းရှိ လယ်မြေများ၌အသုံး ပြုနေသည့် ဆင်ခေါင်းကြီးချောင်းကို ဧရာဝတီဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက်မှ တာဖို့ပိတ်ဆို့ခဲ့သည့်အတွက် ချောင်းအတွင်း စက်လှေဖြင့် သွားလာရေး၊ စပါးသယ်ယူရေးတို့ပြတ် တောက်ခဲ့သည့်အပြင် နွေစပါး ဧက ၁၆ဝ ကျော်ပါ အောင်ရေအခက်အခဲဖြစ်နေရခြင်း ဖြစ်ကြောင်း ဆင်ခေါင်းကြီးကျေး ရွာနေတောင်သူ ဦးဇော်မြင့်က ပြောကြားသည်။

Read more...

မြောက်ဦး လေယာဉ်ကွင်း စီမံကိန်းနှင့် ပတ်သက်၍ ပြည်နယ် လွှတ်တော်တွင် ဆက်လက် ဆွေးနွေးမည်

စစ်တွေ၊ ဖေဖော်ဝါရီ ၂၂

လုပ်ငန်းများရပ်တန့်နေသည့် မြောက်ဦး လေယာဉ်ကွင်းစီမံကိန်းအား ပြည် ထောင်စုဘဏ္ဍာငွေခွင့်ပြုရန်ပုံငွေ ဖြင့် တည်ဆောက်သင့်ကြောင်းပြည် ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို ပြည်နယ်လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။ မြောက်ဦးမြို့နယ်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်တင်သွင်းခဲ့သည့် ယင်းအဆိုကို ဖေဖော်ဝါရီ ၂ဝ ရက်တွင် စတင်ကျင်းပသည့်ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး ပထမနေ့တွင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ ထောက်ခံမှုဖြင့် ယခုကဲ့သို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

Read more...

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံရေး ဆွေးနွေးပွဲအား မြှင့်တင်ခြင်း ငြိမ်းချမ်းရေး ဖိုရမ် ကျင်းပ

ပဲခူး၊ ဖေဖော်ဝါရီ ၂၁

Centre For Development and Ethnic Studies (CDES)  မှ ဦးဆောင်၍ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့်နိုင်ငံရေးဆွေးနွေးပွဲအား မြှင့်တင်ခြင်းငြိမ်းချမ်းရေးဖိုရမ်ကို ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၉ နာ ရီက ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၊ ဥဿာမြို့သစ် (၉) ရပ်ကွက်၊ ရန်ကုန်- မန္တလေးကားလမ်းဘေးရှိ ဥဿာကျော်ဟိုတယ်၌ ကျင်းပခဲ့ ကြောင်း သိရသည်။

Read more...
adv

adv

FacebookG+TwitterRSS