HOT NEWS
Main menu
adv

စလင်းနှင့် မင်းလှမြို့နယ်တို့တွင် လေပြင်းတိုက်ခတ်မှု ဖြစ်ပွား၊ နေအိမ်၊ ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် ဝန်ထမ်းအိမ်ရာများပျက်စီးမှုဖြစ်ပေါ်ခဲ့

စလင်း၊ မေ ၁

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်တွင် ဧပြီ ၃ဝ ရက် ည နေ ၄ နာရီခွဲက လေပြင်းတိုက်၊ မိုးရွာ၊ မိုးသီြးေ<ွကကျမှုများကြောင့် ကျေးရွာရှစ်ရွာခန့်မှ အိမ် ၁၈၇ လုံး ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း စလင်းမြို့နယ် NLD ရုံးမှသိရသည်။ နေအိမ်ပျက်စီးဆုံးရှုံးသောကျေးရွာများမှာ ဖောင်းလင်းကျေးရွာ၊ ငွေ တောင်ကျေးရွာ၊ ဇရပ်လှကျေးရွာ၊ ရှားတောကျေးရွာ၊ ကြိုးဝင်ကြီးကျေးရွာ၊ မကြီးပင်ပုကျေးရွာ၊ ကူတိုကျေး ရွာတို့ဖြစ်ပြီး လေပြင်းတိုက် မှုကြောင့် လူအသေအပျောက်ထိခိုက်မှုမရှိ ကြောင်းသိရသည်။

Read more...

ဧရာဝတီမြစ်ရေ မြင့်တက်ခဲ့မှုကြောင့် နွေစပါးနှင့် သီးနှံများ မြစ်ရေနစ်မြုပ် ခံခဲ့ရ၍ သက်ဆိုင်ရာမှ ကူညီဆောင်ရွက်ပေးမည်ဟုဆို

ဗန်းမော်၊ မေ ၁

မကြာမီရက်ပိုင်းအတွင်းက ဧရာဝတီမြစ်ရေရုတ်တ ရက်မြင့်တက်လာခဲ့မှုကြောင့် ကချင် ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် နွေ စပါးနှင့်အခြားသီးနှံစိုက်ခင်း ၂၅၃၆ ဧက မြစ်ရေ နစ်မြုပ်မှုဖြစ်ပွား ခဲ့ပြီးထိခိုက် ပျက်စီးခဲ့မှု များအတွက် သက် ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။ ဗန်းမော်မြို့နယ်တွင် ဧပြီလ အတွင်းက မိုးသည်းထန်စွာရွာသွန်း ခဲ့မှုကြောင့် ဧရာဝတီမြစ်ရေသည် ပျမ်း မျှမြစ်ရေချိန်ထက် ၁၁ ပေကျော် ခန့် မြင့်တက်ခဲ့ရာ မြစ်ကမ်းဘေးတစ် လျှောက်ရှိ ကျေးရွာများတွင်စိုက်ပျိုး ထားသည့် တောင်သူ ၇၆၃ ဦး၏ နွေစပါး ၆၈၈ ဧက၊ အစေ့ထုတ် ပြောင်း ၁၄၈၉ ဧက၊ မြေပဲ ၃၄၅ ဧက၊ ပဲပုပ်လေးဧက၊ ပဲတီစိမ်း ၁ဝ ဧက မြစ်ရေနစ်မြုပ်ခဲ့သည်။

Read more...

မန္တလေးမြို့ ခုတင် ၅၅ဝ ကလေးဆေးရုံတွင် တက်ရောက်နေသော ဆီးခုံချင်းဆက် အမြွှာကလေးငယ်နှစ်ဦးအား ယခုရက်ပိုင်းအတွင်း တစ်ဦးချင်းစီဖြစ်ရန် ခွဲစိတ်ကုသမည်

မန္တလေး၊ မေ ၁

မန္တလေးမြို့ခုတင် ၅၅ဝ ကလေးဆေးရုံကြီးသို့ ဆေးဝါးကုသရန်တက်ရောက်နေသော မုံရွာမြို့နယ် ညောင်ပင်သာ ကျေးရွာမှ သုံးလသားအရွယ်ဆီးခုံချင်းဆက်အမြွှာကလေးငယ်နှစ်ဦးအား ယခုရက်ပိုင်းအတွင်း တစ်ဦး ချင်းစီ ဖြစ်ရန် ခွဲစိတ်ကုသသွားမည်ဖြစ် သော်လည်းစေတနာရှင်များ၏အကူအညီများလိုအပ်နေကြောင်း သိရသည်။ ''ဆီးခုံချင်းဆက် အမြွှာကလေး တွေအတွက် နို့မှုန့်နဲ့အခြားလိုအပ်တာ တွေကို ဆေး ရုံကထောက် ပံ့နေပေမယ့် ခွဲစိတ်ကုသဖို့အတွက် စေတနာရှင်တွေရဲ့ကူညီမှုတွေက လိုအပ် နေပါတယ်။ အဲဒီကလေးတွေက မုံရွာဆေးရုံမှာမွေးဖွားခဲ့ပြီး ဒီကိုရောက်လာကြတာပါ။ ကလေးနှစ်ယောက်လုံးက ကျန်းမာပါတယ်။ ဒီရက်ပိုင်း တွေမှာ လိုအပ်တာတွေနဲ့ တစ်ဦးချင်း စီဖြစ်သွားအောင်ခွဲစိတ်ဖို့လုပ်ဆောင် ပေးရမှာပါ'' ဟု ခုတင် ၅၅ဝ ကလေး ဆေးရုံအုပ်ကြီးဒေါက်တာသက်ဆွေ က ပြောသည်။

Read more...

တင်သွင်းခွင့်ရပ်ဆိုင်းထားသည့် နယ်စပ်စခန်းများမှ လိုင်စင်ကျပြီးသား မော်တော်ယာဉ်များ မေလမှစတင်ပြီး ပြန်လည်ထုတ်ယူခွင့်ပြုသွားမည်

ရန်ကုန်၊ ဧပြီ ၂၉

နယ်စပ်ကုန်သွယ် ရေးစခန်းများတွင် တင်သွင်းခွင့်ရပ် ဆိုင်းထားသည့် လိုင်စင်ကျပြီးသား  မော်တော်ယာဉ်များနှင့် လယ်ယာ သုံးယာဉ်များအား လာမည့် မေလ ၁ ရက်မှစတင်ကာ အားလုံးပြန်လည် ထုတ်ယူခွင့်ပြု သွားမည်ဖြစ်ကြောင်းသိရသည်။ ကချင်ပြည်နယ်၊ ကန်ပိုက်တီး ပြဿနာကြောင့် လွန်ခဲ့သည့်လေးလခန့်က နယ်စပ်ကုန်သွယ်ရေးစခန်း များတွင်ရောက်ရှိနေသော လိုင်စင်ကျပြီးမော်တော်ယာဉ်နှင့် လယ်ယာသုံးအ စီးရေ ၁၄ဝဝဝ နီးပါး ထုတ်ယူ ခွင့်ဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း မြန် မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင် အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ဆိုသည်။

Read more...

သက်နုမြေအမျိုးအစားကြောင့် ဂေါ်ရင်ဂျီကျွန်းဘုရား တောင်ပေါ်တွင် စေတီတည်ခြင်းကို ယာယီတားမြစ်ထား

ဂေါ်ရင်ဂျီ၊ ဧပြီ ၂၉

ဧရာဝတီတိုင်း ဒေသကြီး ငရုတ်ကောင်းမြို့ရှိ ဂေါ်ရင် ဂျီကျွန်းဘုရားတောင်ပေါ်တွင် စေတီတည်ခြင်းကို ယာယီတားမြစ်ထား ကြောင်း ဘုရားဂေါပကအဖွဲ့မှ သိရသည်။ ဂေါ်ရင်ဂျီဘုရားတောင်သည် သက်နုကျောက်အမျိုး အစားဖြစ်ပြီး သဘာဝအတိုင်း တည်ရှိနေခြင်းမဟုတ်ဘဲ အလွှာများဖြင့်တည်ရှိနေ သောကြောင့် သဘာဝအတိုင်းပြောင်းလဲမှုကိုလိုလားသဖြင့် အင်အားဖြင့် အပြောင်းအလဲမဖြစ်စေချင်သော ကြောင့် စေတီ တည်ဆောက်ခြင်း များ ကို ယာယီတားမြစ်ရခြင်းဖြစ်သည်။

Read more...
adv

adv

FacebookG+TwitterRSS