Main menu
HOT NEWS
adv
OPPO A37 နှင့် Huawei GR5 ဟန်းဆက်များ ရရှိနိုင်မည့် “အားလုံးအတွက်အူရီဒူး” ဓာတ်ပုံပြိုင်ပွဲအစီအစဉ်စတင်၊

OPPO A37 နှင့် Huawei GR5 ဟန်းဆက်များ ရရှိနိုင်မည့် “အားလုံးအတွက်အူရီဒူး” ဓာတ်ပုံပြိုင်ပွဲအစီအစဉ်စတင်၊

 အူရီဒူးမြန်မာမှ မြို့ပြမှ ကျေးလက်ဒေသများအထိ ၄င်း၏ကွန်ရက်လွှမ်းခြုံနိုင်ခြင်းအထိမ်းအမှတ်နေဖြင့် “ အားလုံးအတွက်အူရီဒူး” ဓာတ်ပုံပြိုင်ပွဲကိုယနေ့စတင်လိုက်ပြီဖြစ်ပါသည်။

အူရီဒူးသုံးစွဲသူများအာလုံးယခုဓာတ်ပုံပြုင်ပွဲတွင် ဓာတ်ပုံကို #OoredooforAllစာသားနှ့င်အတူ Public Post တင်ခြင်းဖြင့် ပါဝင်နိုင်မည်ဖြစ်သည်။ Facebook အကောင့်တစ်ခုစီမှ ပြိုင်ပွဲတွင် တစ်ကြိမ်ပါဝင်နိုင်မည်ဖြစ်ပြီး အပတ်စဉ် ကြာသပတေးနေ့ ညသန်းခေါင်မတိုင်မီ ဓာတ်ပုံတင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံကို ကိုယ်စားပြုဖော်ညွှန်းပြီး လူတစ်ဦးချင်း (သို့) အဖွဲ့လိုက်ပါဝင်ရိုက်ကူးထားသည့် ဓာတ်ပုံဖြင့် ပါဝင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲအစီအစဉ်ကို ၂ဝ၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်အထိ ၄ ပတ်ကြာကျင်းပသွားမည်ဖြစ်သည်။ တစ်ပတ်စီအတွက် ဆုများမှာ OPPO A37 နှင့် Huawei GR5 ဟန်းဆက်များ ဖြစ်ပါသည်။

အူရီဒူးမြန်မာမှ ပါဝင်ယှဉ်ပြိုင်သူ ၃ဝ ဦးကိုရွေးချယ်မည်ဖြစ်ပြီး အပတ်စဉ်သောကြာနေ့တိုင်းတွင် အူရီဒူး Facebook ၌ ၄င်းဓာတ်ပုံများကို တင်ပေးသွားမည်ဖြစ်သည်။ အနိုင်ရရှိသူတစ်ဦးအား အပတ်စဉ်တနင်္လာနေ့တွင် ရွေးချယ်ပေးမည်ဖြစ်ပြီး Love Reaction အများဆုံးရရှိသူမှာ ဆုရရှိသူဖြစ်မည်ဖြစ်သည်။ ဆုထုတ်ယူရန်အတွက် အနိုင်ရရှိသူအနေဖြင့် မိမိအမည်ကို အူရီဒူး ဖုန်းနံပါတ်နှင့်အတူ #OoredooforAll ဟုရေးသားပြီး Ooredoo Facebook Messenger သို့ ပေးပို့ရမည်ဖြစ်ပါသည်။

အူရီဒူးမြန်မာ၏ Marketing and Communications Director ဖြစ်သူဒေါ်ပွင့်ဦးဆွေက“မြန်မာနိုင်ငံဟာယဉ်ကျေးမှု၊ ရှုမြော်ခင်းနှင့် ရင်းနှီးဖော်ရွေသည့်နိုင်ငံသားများကြောင့် လှပတဲ့နိုင်ငံတစ်ခု ဖြစ်ပါတယ်။ အူရီဒူးမြန်မာက မြန်မာနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုကိုအလေးထားပါတယ်။ ထို့ကြောင့် မြန်မာနိုင်ငံသားများအားလုံးအတွက် ပိုမိုကျယ်ပြန့်သောကွန်ရက်လွှမ်းခြုံမှုနှင့်အတူ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုကိုပေးအပ်သွားမယ့် အူရီဒူးမြန်မာရဲ့ ကြိုးစားအားထုတ်မှုကို ပြသဖို့ “အားလုံးအတွက်အူရီဒူး” ဓာတ်ပုံပြိုင်ပွဲအစီအစဉ်ကို လေးစားတန်ဖိုးထားရတဲ့ သုံးစွဲသူများအတွက် စီစဉ်ကျင်းပရခြင်းဖြစ်ပါတယ်။“ ဟုပြောကြားလိုက်သည်။

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191