HOT NEWS
Main menu
adv
Play Station ဂိမ်းများကို လစဉ်ကြေး ပေးသွင်း၍ Windows ကွန်ပျူတာပေါ်တွင် ကစားနိုင်မည်

Play Station ဂိမ်းများကို လစဉ်ကြေး ပေးသွင်း၍ Windows ကွန်ပျူတာပေါ်တွင် ကစားနိုင်မည်

တိုကျို ၊ သြဂုတ် ၂၆

ဆိုနီ၏ကမ္ဘာကျော် PlayStation ဂိမ်းများအား Windows OS အသုံးပြုသော ကွန်ပျူတာများတွင် လစဉ်ကြေးပေးသွင်းကာ ဆော့ကစားနိုင်မည့်ဖြစ်ကြောင်း Cnet သတင်းဌာနတွင်ဖော်ပြထားသည်။ PlayStation ဂိမ်းများအား Windows OS ပေါ်တွင် ကစားနိုင်ရန် PlayStation Now အမည်ရှိ ဆော့ဖ်ဝဲလ် ကို အသုံးပြုရမည်ဖြစ်ပြီး PlayStation 4 ၊ PlayStation 3 နှင့် PlayStation Vita စသော PlayStation ဂိမ်းအမျိုးအစားများကိုဆော့ကစားနိုင်မည်ဖြစ်ကြောင်းသိရသည်။

 

ယင်းကဲ့သို့ ဆော့ကစားနိုင် ရန် PlayStation လက်ကိုင်ခလုတ် DualShock 4 သို့မဟုတ် DualShock 3 တို့ဖြင့်ကစားရမည်ဖြစ်ကြောင်းသိရသည်။ PlayStation Now အားအသုံးပြုရာတွင် လစဉ် ကြေး တစ်လလျှင် ဒေါ်လာ ၂၀ ဖြင့်လည်းကောင်း သုံးလလျှင် ၄၅ ဒေါ်လာ ဖြင့်လည်းကောင်း လစဉ်ကြေးပေးသွင်း၍ကစားရမည်ဖြစ်ကြောင်းသိရသည်။ PlayStation ဂိမ်း ၄၀၀ ကျော်အား အင်တာနက် ချိတ်ဆက်၍ကစားနိုင်မှာ ဖြစ်သလို ကစားနေသော ဂိမ်းအား Save လုပ်လိုလျှင် PlayStation Now ၏ Cloud ဆာဗာ ပေါ်တွင် ပြုလုပ်ရမည်ဖြစ်ကြောင်းသိရသည်။ PlayStation ဂိမ်းများအား ကစားနိုင်ရန် Windows ကွန်ပျူတာမှာ CPU အမြန်နှုန်း အနိမ့်ဆုံး 3.5 GHz ရှိရမည်ဖြစ် ကြောင်းဆိုနီမှ သတင်းထုတ်ပြန်ထားသည်။ DualShock လက်ကိုင်ခလုတ်များ ကွန်ပျူတာနှင့် ချိတ်ဆက်နိုင်ရန် ၂၅ ဒေါ်လာ တန်ဖိုးရှိ USB Wireless Adapter တစ်မျိုး အားဝယ်ယူ အသုံး ပြုရမည် ဖြစ်ကြောင်းသိရသည်။

Ref: Cnet

#Democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

FacebookG+TwitterRSS