Main menu
HOT NEWS
adv
Samsung မှ 8-Point Battery Safety Check စနစ်အားအသုံးပြုလျက်ရှိ

Samsung မှ 8-Point Battery Safety Check စနစ်အားအသုံးပြုလျက်ရှိ

၂၀၁၇ခုနှစ်၊ မတ်လ၊ ၁၇ရက်၊ ရန်ကုန်၊ မြန်မာ။ ။ အနာဂတ်ထုတ်ကုန်များ ဘေးကင်းလုံခြုံ၍ ယုံကြည်စိတ်ချမှုရှိစေရန်အတွက် Samsung မှ ၄င်း၏ကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းစဉ်အား ပြန်လည်သုံးသပ်ခဲ့ပြီး ‘8-Point Battery Safety Check’ စနစ်အား စတင်အသုံးပြုလျက်ရှိသည်။ အဆိုပါ လုပ်ဆောင်ချက်အသစ်သည် Samsung ၏ ထုတ်ကုန်ပစ္စည်းများတွင်ပါရှိသော ဘက်ထရီများ ဘေးကင်းလုံခြုံစေရန်အတွက် အလွန်အရေးပါသော စမ်းသပ်လုပ်ဆောင်ချက် တစ်ခုဖြစ်ပြီး ဘက်ထရီများကို X-ray အပြင် လူသားမျက်လုံးဖြင့် အတွင်းမှ အပြင်အထိ တိကျသော စမ်းသပ်မှုများ ပြုလုပ်မည် ဖြစ်သည်။

Samsung မှ ၎င်း၏ ဖုန်းဘက်ထရီများ ပိုမိုလုံခြုံစိတ်ချစေရန်အတွက် အောက်ပါစမ်းသပ်ချက်များကို လုပ်ဆောင်သွားမည်ဖြစ်သည်။

samsung 8 point battery safety check

ကြာရှည်ခံမှု စမ်းသပ်ချက် (Durability Test)

ဤလုပ်ဆောင်ချက်သည် ဘက်ထရီကောင်းမွန်မှုကို စမ်းသပ်ခြင်းဖြစ်သည်။ အဆိုပါ စမ်းသပ်ချက်တွင် ဘက်ထီရီများကို လိုအပ်သည်ထက်ပို၍ အားသွင်းခြင်း၊ လက်သည်းဖြင့် ဘက်ထရီအား ထိုးခြင်း နှင့် ဘက်ထရီများအား လွန်ကဲသော အပူချိန်ရှိသည့် နေရာတွင် ထားရှိခြင်းတို့ ပါဝင်သည်။

အမြင်အာရုံဖြင့် စစ်ဆေးခြင်း (Visual Inspection)

Samsung ၏ စံရည်မှန်းချက်များနှင့် စံချိန်စံညွှန်းများဖြင့် ဘက်ထရီအား အမြင်အာရုံဖြင့် စစ်ဆေးမှုများ ပြုလုပ်ပါသည်။

X-Ray ဖြင့် စစ်ဆေးခြင်း (X-Ray Test)

ဤစစ်ဆေးမှုတွင် Samsung မှ အင်ဂျင်နီယာများသည် X-Ray အောက်တွင် ဘက်ထရီများအား ဖြတ်စေခြင်းဖြင့် အတွင်းပိုင်းပြစ်ချက်များ ရှိမရှိကို စစ်ဆေးသည်။

ကြိမ်ဖန်များစွာ အားသွင်းစမ်းသပ်ခြင်း (Charge and Discharge Test)

ဖုန်း ဘက်ထရီများစွာကို ကြိမ်ဖန်များစွာ အားသွင်း၍ စမ်းသပ်ခြင်းဖြစ်သည်။

TVOC အော်ဂဲနစ် ဒြပ်ပေါင်းယိုစိမ့်မှု စမ်းသပ်ချက် (Total Volatile Organic Compound Test)

ဖုန်းဘက်ထရီများအတွင်းရှိ အော်ဂဲနစ်ဒြပ်ပေါင်း ယိုစိမ့်မှု ရှိမရှိကို စစ်ဆေးခြင်းဖြစ်သည်။

ဖုန်းဘက်ထရီများကို ပြန်လည် ဖြုတ်၍ ဆန်းစစ်ခြင်း (Disassembling Test)

Samsung မှ အင်ဂျင်နီယာများသည် ဖုန်းဘက်ထရီများ၏ အရည်အသွေးကို ပြန်လည်ဆန်းစစ်ရန် ဘက်ထရီများကို ဖုန်းမှ ပြန်လည် ဖြုတ်ယူ၍ ဘက်ထရီတစ်လုံး၏ လုံခြုံရေးအတွက် အရေးပါသော အစိတ်အပိုင်းများဖြစ်သည့် ဘက်ထရီတွင် ပတ်ထားသော အပူကာတိပ်များနှင့် ဘက်ထရီ၏ Tab များအား ဂဟေဆက်ထားသောနေရာများကို စစ်ဆေးသည်။

အရှိန်အဟုန်မြှင့် အသုံးပြုမှုအား စမ်းသပ်ခြင်း (Accelerated Usage Test)

ယခု စမ်းသပ်စစ်ဆေးမှုတွင် သုံးစွဲသူများ ဖုန်းအား အရှိန်အနှုန်းမြင့် အသုံးပြုသည့်အတိုင်း Samsung မှ ထိုသုံးစွဲမှုနှင့်တူသော အခြေအနေတစ်ခုအား ဖန်တီး၍ ထိထိရောက်ရောက် စစ်ဆေးသည်။

ΔOCV (Delta Open Circuit Voltage)

နောက်ဆုံးစမ်းသပ်စစ်ဆေးမှုအနေဖြင့် ဖုန်းတွင်ပါဝင်သော စိတ်အပိုင်းများကိုစတင်တပ်ဆင်ချိန်မှ စတင်ပြီး ပြီးပြည့်စုံသော ဖုန်းတစ်လုံး ဖြစ်လာသည်အထိ ဖုန်းထုတ်လုပ်မှု လုပ်ငန်းစဉ်များတစ်လျှောက်လုံးတွင် ဖုန်းဘက်ထရီများ၏ ဗို့်အားပြောင်းလဲမှုများကို စစ်ဆေးခြင်းဖြစ်သည်။

တီထွင်ဆန်းသစ်မှုများသည် Samsung ၏ အမွေအနှစ်တစ်ခုဖြစ်ပြီး အရည်အသွေးသည် ကုန်အမှတ်တံဆိပ်၏ ပထမဦးစားပေး အချက်တစ်ခုဖြစ်သည့်အတွက် Samsung ၏ တီထွင်ဆန်းသစ်မှုများ အပေါ်ထားရှိသည့် ရည်သန်ချက်သည် မည်သည့်အခါမှ ရပ်တန့်သွားမည် မဟုတ်ပေ။ Samsung သည် ပတ်ဝန်းကျင်နှင့် လူသားတို့ ဘဝကို ပြောင်းလဲပေးနိုင်ရန်အတွက် ၎င်းတို့၏ နည်းပညာ တီထွင်ဆန်းသစ်မှု အမွေအနှစ်များအား ဖန်တီးထုတ်လုပ်နိုင်ရန်၊့် အနာဂတ် လူငယ်မျိုးဆက်များအတွက် ပတ်ဝန်းကျင် တစ်ခုအား ဆက်လက်ထိန်းသိမ်းသွားရန်နှင့် အသစ်အသစ်သော အခွင့်အလမ်းများအား ပိုမိုများပြားသော အများပြည်သူတို့ထံ ပေးအပ်သွားနိုင်ရန် ရည်ရွယ်၍ တီထွင်ဆန်းသစ်သော ထုတ်ကုန်ပစ္စည်းများအား အစဉ်မပြတ်  ထုတ်လုပ်သွားမည်ဖြစ်သည်။

Rate this item
(0 votes)
Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616