Main menu
HOT NEWS
adv
APPLE ကုမ္ပဏီက အနီရောင် IPHONE 7 နှင့် 7PLUS ဖုန်းအမျိုးအစားများကို ကြေညာ

APPLE ကုမ္ပဏီက အနီရောင် IPHONE 7 နှင့် 7PLUS ဖုန်းအမျိုးအစားများကို ကြေညာ

လော့စ်အင်ဂျလိစ် မတ် ၂၂  ။         ။  အံ့သြသင့်ဖွယ် ကြေညာမှုအဖြစ် Apple ကုမ္ပဏီက အလူမီနီယမ်သတ္ထုဖြင့် ပြုလုပ်ဖန်တီး ထားသော အနီရောင် iPhone 7 နှင့် iPhone 7 Plus ဖုန်းအမျိုးအစားများကို မတ် ၂၁ တွင် ကြေညာခဲ့သည်။

အဆိုပါ RED Special Edition ထုတ်ကုန်များကို Apple နှင့် HIV/AIDS နှင့် ဆက်စပ်နေသော အစီအစဉ်များကို ကူညီပေးနေသည့် အဖွဲ့အစည်းဖြစ်သော RED တို့ ပူးပေါင်းဆောင် ရွက်မှု ဆယ်နှစ်ပြည့်ကို ဂုဏ်ပြုသည့်အနေဖြင့် ဖြန့်ချိမည်ဟုသိရသည်။ အဆိုပါ အထူးဒီဇိုင်းပုံစံမော်ဒယ် iPhone 7  များကို ကမ္ဘာတစ်ဝန်းတွင် မတ် ၂၄ မှစတင်ကာ ဖြန့်ချိမည်ဖြစ်သော် လည်း မတ်လကုန် သို့မဟုတ် ဧပြီလအစပိုင်းလောက်မှသာ တင်ပို့ရောင်းချမည်ဖြစ်ပြီး 128GB နှင့် 256GB ဗားရှင်းနှစ်မျိုးဖြင့်သာ ရရှိနိုင်မည်ဟု ဆိုသည်။

အနီရောင် 128GB iPhone 7 ကို မလေးရှားရင်းဂစ် ၃၆၉၉ ဖြင့်လည်းကောင်း၊ 256GB ဗားရှင်းကို ၄၁၉၉ ရင်းဂစ်ဖြင့် လည်းကောင်းရောင်း ရမည်ဖြစ်သည်။ iPhone 7 Plus အနီရောင် ဗားရှင်းမှ 128GB ဗားရှင်းကို ၄၂၉၉ ရင်းဂစ်ဖြင့်လည်းကောင်း၊ 256GB ဗားရှင်းကို ၄၇၉၉ ရင်းဂစ်ဖြင့်လည်းကောင်း ရောင်းချမည်ဖြစ်သည်။
RED အမှုဆောင်အရာရှိချုပ် Deborah Dugan ၏အဆိုအရ Apple သည် ကမ္ဘာတစ်ဝန်းမှ ရန်ပုံငွေများ ရရှိရန် ကမ္ဘာ့အကြီးဆုံး ပူးပေါင်းဆောင်ရွက်သည့် အလှူရှင်ဖြစ်ပြီး RED နှင့် အတူ ပူးပေါင်းဆောင်ရွက်ခြင်း တစ်စိတ်တစ်ဒေသအဖြစ် ကန်ဒေါ်လာ သန်း ၁၃၀ ကို ရှာဖွေပေးနိုင်ခဲ့ကြောင်း သိရသည်။
Apple သည် iPhone SE ၏ 16GB နှင့် 64GB  ဗားရှင်းကို 32GB နှင့် 128GB ဗားရှင်းဖြင့် နှစ်ဆတိုးမြှင့်မည်ဖြစ်သော်လည်း ရရှိနိုင်မည့် အချက်အလက်အသေးစိတ်ကို ကြေညာခြင်းမရှိသေးပေ။
Ref: www.thestar.com

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Latest from မိုးဆက်ကို

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616