Main menu
HOT NEWS
adv
သင်သိဖို့လိုအပ်တဲ့ GALAXY S8 အင်္ဂါရပ် ၅ ချက်

သင်သိဖို့လိုအပ်တဲ့ GALAXY S8 အင်္ဂါရပ် ၅ ချက်

ကိုရီးယားအခြေစိုက် ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ဆမ်ဆောင်းဟာ ဗုဒ္ဓဟူးနေ့မှာ ကုမ္ပဏီထုတ် နောက်ဆုံး စမတ်ဖုန်းဖြစ်တဲ့ Galaxy S8 ကို ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ကုမ္ပဏီထုတ် ဖုန်းတွေထဲက မီးထလောင်တာမျိုး ပုံရိပ်ဆိုးခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် ဒီတစ်ခေါက်လူသိရှင်ကြား ထုတ်ဖော်လိုက်တဲ့ ထုတ်ကုန်ကိုတော့ လုံခြုံဘေးကင်းမှုကို ဦးစားပေးထားတယ်လို့ ဆိုပါတယ်။ ယခင်က ထုတ်ခဲ့တဲ့ Galaxy Note7 ကတော့ အားသွင်းနေချိန်မှာ ဖုန်းဘက်ထရီကနေ မီးထလောင်ခဲ့ကြောင်း သုံးစွဲသူတွေထံကနေ အကြောင်းကြားချက် လက်ခံရရှိခဲ့တာကြောင့် ကုမ္ပဏီကနေ တစ်ကမ္ဘာလုံးမှာရှိတဲ့ အဲဒီဖုန်းအမျိုးအစားကို ပြန်သိမ်းခဲ့ရပြီးတော့ အဲဒီ မော်ဒယ်အမျိုးအစားကို ထုတ်လုပ်ခွင့် ရပ်ဆိုင်းပြီး အနားပေးလိုက်ပါတယ်။ အွန်လိုင်းကနေလည်း တိုက်ရိုက်ထုတ်လုပ်ခဲ့တဲ့ နယူးယောက်မှာ လုပ်ခဲ့တဲ့ မိတ်ဆက်ပွဲမှာ အဖွင့်မိန့်ခွန်းကို မိုဘိုင်းဌာနဥက္ကဌ မစ္စတာ ဒီဂျေကို့ရ်က ပြောကြားခဲ့ပြီးတော့ သူတို့ရဲ့ ကုမ္ပဏီကြီးဟာ စိန်ခေါ်မှုများတဲ့နှစ်တစ်နှစ်နဲ့ ကြုံတွေ့နေရတယ်လို့ မှတ်ချက်ပေးပြောခဲ့ပါတယ်။

Channel NewsAsia က ဖော်ပြထားသည့် ဆမ်ဆောင်းထုတ် နောက်ဆုံးစမတ်ဖုန်း Galaxy S8 ရဲ့ အင်္ဂါရပ် ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။

samsung s8 1 data


မျက်နှာပြင်အပြည့် စကရင်ပါဝင်လာခြင်းမရှိ

ဆမ်ဆောင်းဟာ သူ့ရဲ့ ဂလက်ဆီစမတ်ဖုန်းတွေကို ထုတ်လုပ်တဲ့နေရာမှာ ဖုန်းရဲ့ မျက်နှာပြင်အပြည့် ဘေးဘောင်အကွပ်မပါဘဲ စကရင်ကို ဖန်တီးမယ်လို့ ကြွေးကြော်ခဲ့ဖူးပါတယ်။ အခုထွက်ရှိလာတော့မယ့် မျက်နှာပြင်အကျယ် ၅.၈ လက်မရှိတဲ့ S8 နဲ့ ၆.၂ လက်မရှိတဲ့ S8+ စမတ်ဖုန်းတွေဟာ Xiaomi ရဲ့ Mi Mix ဖုန်းလိုမျိုး လိုက်ထုတ်ထားတာဖြစ်ပြီး ဘောင်ပါဝင်လာခြင်း မရှိတော့ပါဘူး။

 


samsung galaxy s8 3 data
Home ခလုတ် ပါဝင်လာခြင်းမရှိ

Apple ထုတ်ကုန်တွေထက် ခြေတစ်လှမ်းဦးသွားတာက အခုထုတ်လိုက်တဲ့ S8 မှာ ထိတွေ့နိုင်တဲ့ Home ခလုတ် လုံးဝပါဝင်လာတာမရှိတော့ပါဘူး။ ဖိနှိပ်ရတဲ့ ခလုတ်ဟာဆိုရင် ပြည့်ဝတဲ့ မျက်နှာပြင်ပေါ်မှာ မြင်တွေ့ရမှာဖြစ်ပြီး ထိတွေ့နိုင်တဲ့ ခလုတ်ကိုသာ ဖိနှိပ်နေသူတွေအတွက်တော့ S8 ကိုသုံးတဲ့ သူတွေက နှာတစ်ဖျားသာသွား မှာဖြစ်ပါတယ်။ ဖုန်းတစ်ခုလုံးရဲ့ လုပ်ငန်းစဉ်တွေကို မြှင့်တင်ပေးမယ့် 10nm processor လိုမျိုး Hardware ဆန်းသစ်တီထွင်မှုတွေနဲ့အတူ ဘက်ထရီကလည်း S8 မှာ 3,000 mAh နဲ့ S8+ မှာ 3,500 mAh အသီးသီးရှိလာမှာပါ။ Apple ရဲ့ iPhone 7 မှာ 1,960 mAh နဲ့ 7 Plus မှာ 2,900 mAh ပါဝင်တယ်ဆိုတော့ ဆမ်ဆောင်းရဲ့ နောက်ဆုံးထုတ်ကုန်နှစ်မျိုးက ဘက်ထရီပိုင်းဆိုင်ရာမှာ အသာကြီး ကောင်းကောင်းယှဉ်နိုင်တယ်ဆိုပေမယ့် မီးထလောင်တဲ့ဘက်ထရီဂယက်ကိုလည်း ထည့်တွက်ရမှာဖြစ်ပါတယ်။

 

samsung galaxy s8 12


ဆော့ဖ်ဝဲလ်

Harware နဲ့ပတ်သက်လို့ ဆန်းသစ်တီထွင်တာမျိုး သိပ်မရှိပေမယ့် သုံးစွဲသူက ဖုန်းစကရင်ပေါ်မှာ လုပ်ဆောင်ချင်တာတွေကို အသံနဲ့စေခိုင်းနိုင်မယ့် ဆော့ဖ်ဝဲလ် Bixby ပါဝင်လာပါတယ်။ ဒါ့အပြင် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွေထဲကလို မျက်ကြည်လွှာကို Scan ဖတ်တာမျိုး၊ သုံးစွဲသူရဲ့ မျက်နှာကို မှတ်ထားနိုင်တဲ့ဆော့ဖ်ဝဲလ်တွေအပြင် လက်ဗွေစနစ်လိုမျိုး၊ ဂဏန်းနဲ့ Pattern လျှို့ဝှက် သင်္ကေတစနစ်တွေလည်း ပါဝင်လာမှာပါ။

 

immersive DSKTP

Samsung = Smart 


Samsung Command ဆိုတဲ့ App တစ်ခုတည်းကို သုံးပြီးတော့ သုံးစွဲသူတွေရဲ့ အိမ်မှာရှိတဲ့ Smart ပစ္စည်းတွေကို ထိန်းချုပ်နိုင်မယ့် စနစ်ပါဝင်လာပါမယ်။ ဆမ်ဆောင်းရဲ့ အမှုဆောင်အရာရှိ ဆီရီဂရမ် သိုဒါက သုံးစွဲသူရဲ့ အင်တာနက်နဲ့ချိတ်ဆက်နေတဲ့ အသုံးပြုမှုတွေကို ထိန်းချုပ် စီမံဖို့ အတွက် ဖြစ်တယ်လို့ မိတ်ဆက်ပွဲမှာ ပြောခဲ့ပေမယ့်ဆမ်ဆောင်းက ထုတ်ထားတာ မဟုတ်တဲ့ ပစ္စည်းတွေ ဆိုရင်ရော အသုံးချလို့ရမှာလားဆိုတာကိုတော့ ပြောသွားတာမရှိပါဘူး။

 

Earphones


အဆင့်မြှင့်ထားတဲ့ နားကြပ်

ဆမ်ဆောင်းဟာ Herman နိုင်ငံတကာလုပ်ငန်းစုကြီးရဲ့ ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာ ၈ ဘီလီယံလောက်ကို ဝယ်ယူလိုက်ပြီတော့ S8 ဖုန်းတွေမှာ AKG နားကြပ်တွေ ပါဝင်လာမယ်လို့ဆိုတယ်။ သုံးစွဲသူတွေထံ ဂီတသံစဉ်တွေကို သာယာညိမ့်ညောင်းစွာ ပို့လွှတ်ဖို့ဖြစ်ပါလိမ့်မယ်။

Ref:CNA

Rate this item
(1 Vote)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Latest from မိုးဆက်ကို

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616