Main menu
HOT NEWS
adv

Youtube Mobile Application မှ တိုက်ရိုက် ထုတ်လွှင့်နိုင်သည့် ၀န်ဆောင်မူအား စတင်တော့မည်

ကယ်လီဖိုးနီးယား ၊ ဇွန် ၂၄

တိုက်ရိုက်ထုတ်လွှင့်နိုင်သည့် ၀န်ဆောင်မူအား Youtube Mobile Application ပေါ်တွင် စတင်အသုံးပြုနိုင် မည်ဖြစ်ကြောင်း ကယ်လီဖိုးနီးယား ၌ကျင်းပသော VidCon Conference တွင် Youtube CEO Wojcicki မှပြောကြားခဲ့သည်။

Read more...

Gear VR ပေါ်တွင် 360ံ ဗီဒီယိုများအား Reaction ပြုလုပ်နိုင်ကြောင်း Facebook ကြေညာ

ဆီလီကွန်ဗဲလေ ၊ ဇွန် ၂၃

Facebook ၏ Oculus အဖွဲ့မှ 360 ဒီဂရီ ဖြင့်ရိုက်ကူးထားသော ဗီဒီယိုများအား Gear VR Headset များပေါ် တွင် စိတ်ခံစားမူပြသသည့် Reaction များ ပြုလုပ်နိုင်ကြောင်းသိရသည်။ Samsung ၏ Virtual Reality မျက်မှန်ဖြင့် Facebook ပေါ်မှ ဗီဒီယိုကြည့်ရူသူများ Emoji Reaction ၅ခုကို စမတ်ဖုန်းများတွင်အသုံးပြုသကဲ့ သို့ ပြုလုပ်နိုင်သည်ဟု Cnet သတင်းဌာနတွင်ဖော်ပြထားသည်။

Read more...

အမေရိကန်တွင် 5G တယ်လီဖုန်းကွန်ရက် စတင်အသုံးပြုနိုင်ရန် စီစဉ် ဆောင်ရွက်နေ

ဝါရှင်တန်၊ ဇွန် ၂၁

အမေရိကန်တွင် 5G ဆယ်သွယ်ရေးကွန်ရက်ကို ကမ္ဘာ့ပထမဦးဆုံးအနေဖြင့် စတင်အသုံးပြုမည့် အစီအစဉ်ကိုလာမည့် ဇူလိုင် ၁၄ ရက်တွင် မဲခွဲဆုံးဖြတ်သွားမည်ဟု ပြည်ထောင်စုဆက်သွယ်ရေးကော်မရှင် ဥက္ကဋ္ဌ တွမ်ဝှီးလားကပြောကြားသည်။ 5G ကွန်ရက်သည် ယခုအသုံးပြုနေသော 4G ကွန်ရက်ထက် အဆပေါင်း ၁၀၀ ပိုမိုကောင်းမွန် သောအင်တာနက်ဝန်ဆောင်မှုကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ မောင်းသူမဲ့ကားများ၊ အဝေးထိန်းခွဲစိတ်ကုသမှုများ စသည့်တီထွင်ဆန်းသစ်မှုများကို 5G ကွန်ရက်က ထောက်ပံ့ ကူညီမည်ဟု တွမ်ဝှီးလားကပြော ကြားသည်။

Read more...

Game Boy အား စမတ်ဖုန်းပေါ်တွင် ကစားနိုင်မည့် Smart Boy အမည်ရှိ လက်ကိုင်သစ်တစ်မျိုး ထုတ်လုပ်

လွန်ခဲ့သော ၁၀ နှစ် ၊ ၁၅နှစ်ခန့်တွင်နာမည်ကြီးခဲ့သည့် Game Boy အမည်ရှိ လက်ကိုင်ဂိမ်းများကို ပြန်လည်ကစားနိုင်ရန် Hyperkin ကုမ္မဏီမှ Smart Boy အမည်ရှိ စမတ်ဖုန်းဖြင့် တွဲဖက်သုံးနိုင်သည့် လက်ကိုင် ခလုတ်တစ်မျိုးအား ထုတ်လုပ်ခဲ့ကြောင်း Android Authority သတင်းဌာနတွင်ဖော်ပြထားသည်။ ယင်းလက်ကိုင်အား ပြီးခဲ့သောနှစ်တွင်ထွက်ရှိမည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး ယခုအချိန်၌ အမှန်တကယ် ထုတ်လုပ်ရောင်းချခြင်းဖြစ်သည်။

Read more...

ခရီးသည်တင် ဒရုန်းလေယာဉ်များ ပေါ်လာတော့မည်

လော့စ်အိန်ဂျလိစ်၊ ဇွန် ၂၀

အမေရိကန်နိုင်ငံ နီဗာဒါသဲ ကန္တာရအတွင်း၌ မောင်းသူမဲ့ဒရုန်း လေယာဉ်ဖြင့် လူတစ်ဦးအား တင် ဆောင်ပြီး ခရီးတိုနှင့် ခရီးလတ် စမ်းသပ်ပျံ သန်းအောင်မြင်ခဲ့၍ ယခုနှစ် မကုန်ဆုံးမီအတွင်း ခရီးသည်တင် မောင်း သူမဲ့ ဒရုန်းလေယာဉ်များ ပျံသန်းနိုင်တော့မည်ဟု အမေရိကန် တရုတ်လေယာဉ် နည်းပညာကုမ္ပဏီမှ အရာရှိတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ ဇွန် ၂၀ ရက်ကပြောကြားလိုက်သည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616