HOT NEWS
Main menu
adv

အဲဗာတန်အသင်း ယူရိုပါလိဂ်ကစားခွင့်ရရန် လိဂ်ဖလားဗိုလ်လုပွဲ၌ မန်ယူအသင်းဗိုလ်စွဲရန် နည်းပြကိုးမန်းမျှော်လင့်

ဝင်ဘလေကွင်းတွင်ယှဉ်ပြိုင် ကစားမည့် လိဂ်ဖလားဗိုလ်လုပွဲ၌ မန်ယူအသင်းဗိုလ်စွဲပါက မိမိတို့အ သင်း ယူရိုပါလိဂ်ကစားရမည်ဖြစ်၍ အသင်းဟောင်းဆောက်သမ်တန် ကို မန်ယူအနိုင်ကစားရန်မျှော်လင့် ကြောင်း အဲဗာတန်နည်းပြရော်နယ် ကိုးမန်းက ပြောကြားခဲ့သည်။

Read more...

အိုဇေးလ်နှင့် ဆန်းချက်ဇ်တို့တောင်းဆိုသည့်ပမာဏ ပေးမည်မဟုတ်ဟု အာဆင်နယ်ဥက္ကဋ္ဌဆို

အာဆင်နယ်အသင်းဘဏ်စာ ရင်းတွင် ပေါင်သန်းတစ်ရာခန့်အသင့် ထားရှိထားသော်လည်း ဆန်းချက်ဇ် နှင့်အိုဇေးလ်တို့တောင်းဆိုထားသည့် ပမာဏကို ပေးသွားမည်မဟုတ်ဘဲ ကျန်ကစားသမားများအတွက်ရင်း နှီးမြှပ်နှံမှုများပြုလုပ်ရဦးမည်ဖြစ် ကြောင်း အသင်းဥက္ကဋ္ဌကက်စ်ဝှစ်ခ် ကပြောကြားသွားခဲ့သည်။

Read more...

မန်ယူတိုက်စစ်မှူး အီဘရာဟီမိုဗစ်ကို အကောင်းဆုံးထိန်းချုပ်နိုင်လိမ့်မည်ဟု ပူရယ်ယုံကြည်

ဆောက်သမ်တန်ခံစစ်တွင် အမာခံ ကစားသမားဗန်ဒစ်ခ် ပါဝင်နိုင်ခြင်းမရှိ သော်လည်း ကစားသမားစုဖွဲ့မှုအရ မန်ယူတိုက်စစ်မှူးမိုဗစ်ကို အကောင်း ဆုံးထိန်းချုပ်နိုင်လိမ့်မည်ဟု ယုံကြည် ကြောင်း ဆောက်သမ်တန်နည်းပြ ပူရယ်က ပွဲမတိုင်ခင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

Read more...

မိမိအိပ်မက်များ အဆုံးသတ်သွားခဲ့ပြီဖြစ်ကြောင်း လက်စတာအသင်းနည်းပြရာနီရေးရီ ဖွင့်ဟ

ရာနီရေးရီထုတ်ပယ်ခံရခြင်းအပေါ် ထူးခြားသည့်ဖြစ်စဉ်များနှင့် ကလော့ပ်ခိုင်းနှိုင်း

လက်စတာအသင်းကို ပရီးမီး ယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်း ဆောင်ပေးနိုင်ခဲ့ပြီး ၂၉၈ရက်အကြာ တွင် နည်းပြရာထူးမှထုတ်ပယ်ခံရ ခြင်းကြောင့် မိမိ၏အိပ်မက်များအ ဆုံးသတ်သွားခဲ့ပြီဖြစ်ကြောင်း နည်း ပြရာနီရေးရီက ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားသွားခဲ့သည်။ လက်စတာအသင်းသည် ပရီး မီးယားလိဂ်ချန်ပီယံဖြစ်ပြီးနောက် ကစားခဲ့သည့်ရာသီတွင် အဝေးကွင်း နိုင်ပွဲပျောက်ဆုံးခဲ့ရကာ  ရလဒ်ဆိုး များကြောင့် တန်းဆင်းရမည့်အရေး နှင့်ရင်ဆိုင်ခဲ့ရချိန်၌ အသင်းပိုင်ရှင် များက ပြီးခဲ့သည့်ကြာသပတေးနေ့ ကနည်းပြရာနီရေးရီကို ထုတ်ပယ် ခဲ့ခြင်းဖြစ်သည်။

Read more...

အသင်းခေါင်းဆောင် ရွန်းနီ မန်ယူတွင် ဆက်ရှိမည်

အသင်းပြောင်း ရွှေ့ဖွယ်ရှိကြောင်း သတင်းများထွက်နေသည့် မန်ယူအသင်း ခေါင်းဆောင် ရွန်းနီသည်အသင်းအတွက် ဆက်လက်ပေး ဆပ်ရန်နှင့် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေးအတွက် အကူအညီပေးနိုင် ရေး အသင်းပြောင်းရွှေ့တော့မည်မဟုတ်ဘဲ အသင်းတွင်ဆက်ရှိနေမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

Read more...
adv

adv

FacebookG+TwitterRSS