Main menu
HOT NEWS
adv
ဆီမီးမှ ဘယ်​အသင်းကိုမှ ​ရှောင်​ရှားသွားဖို့ အလိုမရှိဘူးလို့ ​ပြောလိုက်​တဲ့ မိုနာကိုကြယ်​ပွင့် အမ်​ဘက်​ပီ

ဆီမီးမှ ဘယ်​အသင်းကိုမှ ​ရှောင်​ရှားသွားဖို့ အလိုမရှိဘူးလို့ ​ပြောလိုက်​တဲ့ မိုနာကိုကြယ်​ပွင့် အမ်​ဘက်​ပီ

မ​နေ့ညက ဘိုရပ်​ရှား ​ဒေါ့မွန်​အသင်းကို ၂ ​ကျော့​ပေါင်းရလဒ်​  ၆ ဂိုး ၃ ဂိုးနဲ အနိုင်​ယူကာ ​ပြိုင်​ပွဲမှ ထွက်​ခွာ​စေခဲ့ပြီး​နောက်​ ကိုင်​လီယန်​ အမ်​ဘက်​ပီက မိုနာကိုဟာ လာမည့်ချန်​ပီယံလိဂ်​ ဆီမီးဖိုင်​နယ်​အဆင့်​မှာ ဘယ်​အသင်းကိုမှ ​ရှောင်​ရှားနိုင်​ဖို့ ​မျှော်​လင့်​ထားခြင်း မရှိဘူးလို့​ပြောလိုက်​ပါတယ်​။ ​ဒေါ့မွန်​ကိုနှစ်​​ကျော့​ပေါင်း ၃ ဂိုးထိသွင်းယူကာ ​ခြေစွမ်းပြကစား​နေတဲ့ အသက်​ ၁ ၈နှစ်​အရွယ် ​ပြင်​သစ်​လူငယ်​တိုက်​စစ်​မှုးဟာ ဒီရာသီချန်​ပီယံလိဂ် ​ပြိုင်​ပွဲမှာ သွင်းဂိုး ၅ ဂိုးရရှိထားနိုင်​တဲ့ အသက်​အငယ်​ဆုံး ကစားသမားတစ်​ဦးဖြစ်​လာခဲ့ပါတယ်​။

မိုနာကိုဟာ မ​​နေ့ညက စတာဒီလူးဝစ်​တူးမှာ အမ်​ဘက်​ပီ ဖယ်​ကာအို ဂျာမိန်းတို့ရဲ့သွင်းဂိုး​တွေနဲ့အတူ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်​ရရှိခဲ့ပြီးလာမည့်​ဆီ မီးဖိုင်​နယ်​အဆင့်​မှာ​တော့ လက်​ရှိချန်​ပီယံ ရီးရဲယ်​မက်​ဒရစ်​ ဂျူ​ဗင်​တပ်​ အက်​သလက်​တီကိုမက်​ဒရစ် ​စ​သောတစ်​သင်းသင်းနဲ့ ​တွေ့ဆုံမှာဖြစ်​ပြီး အမ်​ဘက်​ပီက​တော့ လာမည့်​သောကြာ​နေ့မဲခွဲပွဲမှာ ဘယ်​အသင်းနဲ့ပဲ​တွေ့​တွေ့ ကိစ္စမရှိဘူးလို့​ပြောလိုက်​ပါတယ်​။ အမ်​ဘက်​ပီက "ဆီမီးဖိုင်​နယ်​အ​ဆင့်​မှာ ဘာ​တွေကိုများ ​တောင်းဆိုလို့ရနိုင်​မှာလဲ။ ကျွန်​​တော်​က​တော့ ဖိုင်​နယ်​ထိ​ရောက်​ချင်​ပါတယ်​။ မလုပ်​နိုင်​ဘူးလို့ ​တွေးမိခဲ့ရင်​ ကျွန်​​တော်​တို့ လုပ်​​ဆောင်​နိုင်​မှာ မဟုတ်​ပါဘူး။ အဆင့်​တိုင်းအဆင့်​တိုင်းကျွန်​​တော်​တို့ကိုယ့်​ရဲ့ ​ခြေစွမ်းကိုပြန်​လည်​​လေ့လာ သုံးသပ်​ကြပြီး ဆက်​လက်​ကြိုးစား​နေတာဖြစ်​ပါတယ်​။

 

လာမည့်​အဆင့်​မှာ ကျွန်​​တော်​တို့ ဘယ်​အသင်းနဲ့ပဲ ​တွေ့​တွေ့ကိစ္စမရှိပါဘူး။ ဆီမီးဖိုင်​နယ်​အဆင့်​ကို ​ရောက်​ပြီဆိုတာနဲ့ အင်​အားကြီးကလပ်​​တွေပဲ ကျန်​​နေတာ​ကြောင့်​ ဘယ်​အသင်းကို ​ရှောင်​ရှားလိုတယ်​ဆိုတာ လုံးဝမရှိပါဘူး။" လို့​ပြောသွားပါတယ်​။ မိုနာကိုအသင်းဟာ လွန်​ခဲ့တဲ့၂၀၀၃-၀၄ ခုနှစ်​​တုန်းက ချန်​ပီယံလိဂ် ​​ဗိုလ်​လုပွဲမှာ ​ပေါ်တိုကိုရှုံးနိမ့်​ခဲ့ပြီး ဒုတိယရရှိခဲ့တဲ့ အသင်းဖြစ်​ကာ ယခုနှစ် ​ချန်​ပီယံလိဂ်​ဆီမီးဖိုင်​နယ်​ကို တက်​လှမ်းလာနိုင်​ခဲ့တဲ့ အဓိကအ​ကြောင်းရင်းက​တော့ တိုက်​စစ်​အသား​ပေးကစားပုံနဲ့ အသင်းလိုက် ​ကစားပုံဟာ အဓိကကျခဲ့တယ်​လို့ အမ်​ဘက်​ပီက ​​ပြောဆိုလိုက်​ပါတယ်​။

Ref: L'Equipe

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191