Main menu
HOT NEWS
adv
MMA ချန်ပီယံ ဘစ်ဒက်ရှ်နှင့် မကျေပွဲ ပြန်လည် ထိုးသတ်မည့် အောင်လအန်ဆန်

MMA ချန်ပီယံ ဘစ်ဒက်ရှ်နှင့် မကျေပွဲ ပြန်လည် ထိုးသတ်မည့် အောင်လအန်ဆန်

MMA မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ဗစ်တာလီဘစ်ဒက်ရှ်နှင့် မကျေပွဲ ပြန်လည်ထိုးသတ်ရန် တောင်းဆိုထားကြောင်း အောင်လအန်ဆန်က ပြောကြားလိုက်သည်။

အောင်လအန်ဆန်မှာ ပြီးခဲ့သည့် ဇန်န၀ါရီ ၁၄ ရက်က အင်ဒိုနီးရှားနိုင်ငံတွင် ထိုးသတ်ခဲ့သည့် မစ်ဒယ်ဝိတ်တန်း ရွှေးခါးပတ်လုပွဲတွင် လက်ရှိချန်ပီယံ ဘစ်ဒက်ရှ်ကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်အနေဖြင့် ယခုနှစ်အတွင်း MMA ရွှေခါးပတ်ချန်ပီယံ ရယူနိုင်ရေးအတွက် ပစ်မှတ်ထားလေ့ကျင့်နေပြီး ဘစ်ဒက်ရှ်နှင့် ပြန်လည်ထိုးသတ် ဖြစ်ဖွယ်ရှိနေသည်။ “ ကျွန်တော် ဘစ်ဒက်ရှ် နဲ့ပြန်ထိုးချင်ပါတယ်။ ဒီနှစ်ထဲမှာရွှေခါးပတ် လိုချင်တဲ့အတွက် ပြန်လည်စိန်ခေါ်ပြီး လက်စားချေနိုင်ဖို့ ကြိုးစားသွားမှာပါ။ ကျွန်တော့်ကိုလည်း ဆက်ပြီးအားပေးစေချင်ပါတယ်”ဟုအောင်လအန်ဆန်ကပြောသည်။

 

အောင်လအန်ဆန်အနေဖြင့် မတ်လ၂၅ ရက်နေ့ကတည်းက သူ၏ အသုံးအဆောင်ပစ္စည်းများ လေလံတင်ရောင်းချရန်၊ မွေးရပ်မြေသို့ ခတ္တပြန်ရန်နှင့် ကြော်ငြာများရိုက်ရန်အတွက် လာရောက်ခြင်းဖြစ်သည်။ မတ်လ၃၁ရက်က ပြုလုပ်ခဲ့သည့် အောင်လအန်ဆန်၏ အသုံးအဆောင်ပစ္စည်များ လေလံတင်ရောင်းချပွဲတွင် စုစုပေါင်း ကျပ် ၅၈ သိန်းရရှိခဲ့ပြီး ကချင်စစ်ဘေးရှောင် ပြည်သူများထံ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ အသက် ၃၂နှစ်ရှိအောင်လအန်ဆန် အနေဖြင့် မစ်ဒယ်ဝိတ် လက်ရှိချန်ပီယံ ဘစ်ဒက်ရှ်နှင့် စိန်ခေါ်ပွဲ အားမည်သည့် အချိန်တွင် ထိုးသတ်ရမည်ကို မသိရှိသေးကြောင်းသိရပြီးလာမည့် ဇူလိုင်လတွင် မြန်မာနိုင်ငံသို့ပြန်လည် လာရောက်မည်ဖြစ်သည်။

 

#theflowernews

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616