Main menu
HOT NEWS
adv
ပရီးမီးယားလိဂ်ပွဲစဉ် ( ၃၈ ) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် ( ၃၈ ) ပွဲကြိုသုံးသပ်ချက်

ရာသီပိတ် နောက်ဆုံးပွဲစဉ်တွေ ရောက်ရှိလာတာနဲ့အညီ ချန်ပီယံအသင်း ပေါ်ထွက်လာခဲ့ပြီဖြစ်သလို အသင်း သုံးသင်းကလည်း တန်းဆင်းခဲ့ပြီးပါပြီ။ ဒါပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့် နှစ်နေရာအတွက် အပြိုင်ဖြစ်နေတဲ့ အသင်းသုံးသင်း ကြောင့် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာမယ့် ပွဲစဉ်တွေကို သုံးသပ်ဖော်ပြပေးရင်း...

အာဆင်နယ် Vs အဲဗာတန်
၂၁-၅-၂ဝ၁၇ ( တနင်္ဂနွေ ည ၈း၃ဝ နာရီ )
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားမခံတော့တဲ့ အနေအထားတစ်ခုကြောင့် အာဆင်နယ်တို့ အိမ်ကွင်းမှာ အမှား ခံမှာ မဟုတ်သလို အဲဗာတန်ရဲ့ အဝေးကွင်းခြေစွမ်းကလည်း အကောင်းဆုံးပုံစံ ရှိနေတဲ့အတွက် ပွဲကောင်းတစ်ပွဲဖြစ် လာမှာပါ။ ဒါပေမဲ့ အမှတ်မလိုတော့တဲ့ အဲဗာတန်ရဲ့ အခြေအနေကြောင့် ပိုပြီးအားစိုက်လာမယ့် အာဆင်နယ်ကိုပဲ အကြိုက် တွေ့မိတယ်။ ဂိုးအများနဲ့ အာဆင်နယ်အနိုင်ပါ။

ဘန်လေ Vs ဝက်စ်ဟမ်း
၂၁-၅-၂ဝ၁၇ ( တနင်္ဂနွေ ည ၈း၃ဝ နာရီ )
အမှတ်မလိုတော့တဲ့ အသင်းနှစ်သင်း ဖြစ်ပေမယ့် ရာသီပိတ် နောက်ဆုံးပွဲစဉ်ကို အရှုံးနဲ့ မနှုတ်ဆက်လိုတဲ့အတွက် နှစ်သင်းစလုံး အပြည့်အဝ အာရုံစိုက်လာကြမှာပါ။ ဘန်လေ အိမ်ကွင်းကစားပုံ ကောင်းမွန်ပေမယ့် နောက်ပိုင်းပွဲစဉ် တွေမှာ တိုက်စစ်ကစားသမားတွေ ပုံမှန်ခြေစွမ်းပြန်ရလာတဲ့ ဝက်စ်ဟမ်းကိုပဲ ရွေးချယ်စေချင်တယ်။ ၁-၂၊ ဝ-၁ ရလဒ် နဲ့ ဝက်စ်ဟမ်း အနိုင်ရဖို့များတယ်။


ချဲလ်ဆီး Vs ဆန်းဒါးလန်း
၂၁-၅-၂ဝ၁၇ ( တနင်္ဂနွေ ည ၈း၃ဝ နာရီ )
ထိပ်ဆုံးနဲ့ အောက်ဆုံး ရင်ဆိုင်ရတဲ့ ပွဲရဲ့အဖြေရလဒ်က ပြတ်ပြတ်သားသား ထွက်ပေါ်လာမှာပါ။ အသင်းခေါင်း ဆောင် တယ်ရီကို ချန်ပီယံဆုနဲ့ နှုတ်ဆက်မယ့် ချဲလ်ဆီးတို့ နိုင်ပွဲရရှိအောင် အားစိုက်လာမှာဖြစ်ပေမယ့် ပရော်ဖက် ရှင်နယ် ပီသစွာ ကစားနေတဲ့ ဆန်းဒါးလန်းကြောင့် ဂိုးတော့ မပြတ်လောက်ပါဘူး။ ဒါပေမဲ့ အခြေအနေ အရပ်ရပ် အရ ဂုဏ်သိက္ခာအတွက် ကစားမယ့် ချဲလ်ဆီးကိုပဲ အကြိုက်တွေ့မိတယ်။ ချဲလ်ဆီး အနိုင်ပါ။


ဟူးလ်စီးတီး Vs စပါး
၂၁-၅-၂ဝ၁၇ ( တနင်္ဂနွေ ည ၈း၃ဝ နာရီ )
ရာသီပိတ် နောက်ဆုံးပွဲစဉ်အတွက် ဂုဏ်သိက္ခာပိုင်းအရ အားထည့်လာမယ့် စပါးကြောင့် အိမ်ရှင်တို့ အခက်အ ခဲ ရှိလာနိုင်ပေမယ့် အိမ်ကွင်းကစားပုံကောင်းတဲ့ ဟူးလ်စီးတီးရဲ့ အခြေအနေကိုလည်း ထည့်တွက်ရမှာပါ။ တန်းဆင်း ခဲ့ရပြီဖြစ်ပေမယ့် ကစားပုံ အကောင်းဆုံးရှိနေတဲ့ အိမ်ရှင်ကို ပိုကြိုက်မိလို့ စပါးကိုငြင်းပယ်ပြီး ဂိုးအနည်းနဲ့အတူ ဟူးလ် စီးတီးကို ရွေးချယ်သင့်တယ်။

လက်စတာ Vs ဘုန်းမောက်
၂၁-၅-၂ဝ၁၇ ( တနင်္ဂနွေ ည ၈း၃ဝ နာရီ )
ယာယီနည်းပြလက်ထက် အကောင်းဆုံးပုံစံရှိနေတဲ့ လက်စတာရဲ့ ကစားအားက အဝေးကွင်း နောက်ဆုံးသုံးပွဲ မှာ တစ်ပွဲသာအနိုင်ရထားတဲ့ ဘုန်းမောက်အတွက် ဖိအားအနည်းငယ်တော့ ရှိလာမှာပါ။ ဂျိုရှုဝါကင်း၊ အဖိုဘီတို့ ခြေ စွမ်းပြနေပေမယ့် ဗာဒီ၊ မာရက်ဇ်တို့ ဂိုးသွင်းခြေ ပြန်ရနေတဲ့အတွက် နှစ်သင်းပေါင်း သွင်းဂိုးများနိုင်ပြီး ရပ်တည်မှု တစ်ခုအဖြစ် လက်စတာဘက်မှာပဲ အရဲစွန့် ရပ်တည်စေချင်တယ်။

လီဗာပူး Vs မစ်ဒယ်ဘရော့
၂၁-၅-၂ဝ၁၇ ( တနင်္ဂနွေ ည ၈း၃ဝ နာရီ )
တန်းဆင်းခဲ့ရပြီဖြစ်တဲ့ မစ်ဒယ်ဘရော့အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ခြေကုန်ထုတ်လာမယ့် လီဗာပူးအသင်း ရဲ့ အိမ်ကွင်းမှာ ပြိုင်ဘက်ကောင်းဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့အိမ်ကွင်းဆိုရင် အနိုင်ရဖို့အတွက် သွင်းဂိုးအနည်း နဲ့ ပိတ်ကစားလေ့ရှိတဲ့ လီဗာပူးရဲ့ ကစားပုံနဲ့ မစ်ဒယ်ဘရော့ရဲ့ ခံစစ်ကစားပုံကြောင့် နှစ်သင်းပေါင်း သွင်းဂိုးနည်းပါ လိမ့်မယ်။ လီဗာပူးဘက်မှာပဲ အပြည့်အဝ ရပ်တည်သင့်တယ်။

မန်ယူ Vs ခရစ္စတယ်ပဲလေ့စ်
၂၁-၅-၂ဝ၁၇ ( တနင်္ဂနွေ ည ၈း၃ဝ နာရီ )
အမှတ်မလိုတော့တဲ့ အသင်းနှစ်သင်း ဖြစ်တဲ့အပြင် ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်အတွက် ပိုမိုအားစိုက်နေတဲ့ မန်ယူ တို့ အိမ်ကွင်းမှာ ရှုံးပွဲမကြုံတွေ့ရဖို့အတွက်ပဲ ပြင်ဆင်လာမှာပါ။ ပဲလေ့စ်ရဲ့ ခံစစ်ပိုင်းလိုအပ်ချက် ရှိနေဆဲဖြစ်ပေမယ့် ဘန်တီကီ၊ ဇာဟာ တိုက်စစ်အတွဲကြောင့် မန်ယူခံစစ် အလုပ်ရှုပ်မှာတော့ အသေအချာပါပဲ။ မန်ယူ အနိုင်ရနိုင်ပေ မယ့် အကျိုးအမြတ်အတွက် ခရစ္စတယ်ပဲလေ့စ်ဘက်မှာ အရဲစွန့် ရပ်တည်ချင်တယ်။

ဆောက်သမ်တန် Vs စတုတ်စီးတီး
၂၁-၅-၂ဝ၁၇ ( တနင်္ဂနွေ ည ၈း၃ဝ နာရီ )
စတုတ်စီးတီးအနေနဲ့ ဆောက်သမ်တန်ရဲ့ အိမ်ကွင်းရောက်တိုင်း ကစားပုံကောင်းလေ့ရှိတဲ့ အစဉ်အလာအတိုင်းပဲ စတုတ်တို့ ရလဒ်ကောင်း ထွက်ပေါ်လာဖို့ ရှိနေပါတယ်။ ဂတ်ဘီရာဒီနီကိုသာ အားကိုးနေရတဲ့ အိမ်ရှင်တိုက်စစ်ကို အကြိုက်မတွေ့လို့ သရေရလဒ်က အမျှတဆုံးဖြစ်လာနိုင်ပေမယ့် ရွေးချယ်မှုတစ်ခုအဖြစ် ဂိုးအနည်းနဲ့ စတုတ်စီးတီး ကိုပဲ အားပေးစေချင်တယ်။

ဆွမ်ဆီး Vs ဝက်စ်ဘရွန်း
၂၁-၅-၂ဝ၁၇ ( တနင်္ဂနွေ ည ၈း၃ဝ နာရီ )
တန်းဆင်းဇုန်နဲ့ လွတ်ကင်းခဲ့ပြီဖြစ်တဲ့ ဆွမ်ဆီးရဲ့အခြေအနေက ဖိအားမရှိတော့တဲ့အတွက် ဝက်စ်ဘရွန်းတို့ အဝေးကွင်းမှာ ရုန်းကန်ရဖို့ များပါတယ်။ လော်ရန်တေး ဂိုးသွင်းခြေပြန်ရနေတဲ့ ဆွမ်ဆီးတိုက်စစ်ကို အကြိုက်တွေ့မိပြီး အီဗန်၊ မာ့ခ်အူလေတို့ ခြေစွမ်းပြနေတဲ့ ဝက်စ်ဘရွန်းခံစစ်ကြောင့် နှစ်သင်းပေါင်း သွင်းဂိုးမများနိုင်ပေမယ့် ဆွမ်ဆီး ကိုပဲ အကြိုက်တွေ့မိတယ်။ ဝက်စ်ဘရွန်းကို ငြင်းပယ်လိုက်ပါ။

ဝက်ဖို့ဒ် Vs မန်စီးတီး
၂၁-၅-၂ဝ၁၇ ( တနင်္ဂနွေ ည ၈း၃ဝ နာရီ )
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မန်စီးတီးတို့ အမှားမခံတော့ပါဘူး။ ဒါပေမဲ့ ပြိုင်ဘက်ကောင်း အသင်းတစ်သင်း အဖြစ် ရပ်တည်နေတဲ့ ဝက်ဖို့ဒ်ရဲ့ အိမ်ကွင်းခြေစွမ်းကောင်းကိုလည်း ထည့်တွက်ရမှာပါ။ အခြေအနေ အရပ်ရပ်အရ ဖိအားမရှိတဲ့ ဝက်ဖို့ဒ်ကို အကြိုက်တွေ့မိပေမယ့် လူငယ်တိုက်စစ်အများစုနဲ့ ဂိုးများလာမယ့် မန်စီးတီးကိုပဲ အရဲစွန့် အားပေးစေချင်တယ်။ မန်စီးတီး အနိုင်ပါ။

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Latest from မိုးဆက်ကို

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616