Main menu
HOT NEWS
adv
ရာသီပိတ် ပွဲစဉ်မှာ ဗိုလ်လုပွဲစဉ် တစ်ပွဲကဲ့သို့ ပြင်းထန်လာမည်ဖြစ်ကြောင်း ဘာစီလိုနာ နည်းပြ အန်းနရစ် ဆို

ရာသီပိတ် ပွဲစဉ်မှာ ဗိုလ်လုပွဲစဉ် တစ်ပွဲကဲ့သို့ ပြင်းထန်လာမည်ဖြစ်ကြောင်း ဘာစီလိုနာ နည်းပြ အန်းနရစ် ဆို

ဘာစီလိုနာနည်းပြ အန်းနရစ်သည် ယခုနှစ် လာလီဂါပြိုင်ပွဲ၏ ချန်ပီယံအဖြစ် အဆုံးအဖြတ်ပေးမည့် ရာသီပိတ် နောက်ဆုံး ပွဲစဉ်(၃၈)မှာ နှစ်သင်းစလုံးအတွက် အရေးပါဆုံးပွဲစဉ်ဖြစ်လာမည့်အပြင် ဗိုလ်လုပွဲစဉ် တစ်ပွဲကဲ့သို့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးပွဲစဉ်တစ်ပွဲ ဖြစ်လာမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

 

လာလီဂါချန်ပီယံဆုအတွက် ရီးရဲလ်အသင်းနှင့် အပြိုင်ဖြစ်နေသည့် ဘာစီလိုနာအသင်းသည် ရမှတ်တူတစ်ပွဲအသာဖြင့် အမှတ်ပေးဇယား ဦးဆောင်လျက်ရှိပြီး ရီးရဲလ်အသင်းအနေဖြင့် လက်ကျန်နှစ်ပွဲစလုံး အနိုင်ရရှိမှ ချန်ပီယံဆုရယူနိုင်မည့် အခြေအနေကြောင့် ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာခြင်း ဖြစ်သည်။''တစ်ခါတစ်ရံမှာ ပြိုင်ဘက်အသင်းရဲ့ အခြေအ နေပေါ်မူတည်ပြီး ရလဒ်ပိုင်းအတွက် ပြင်ဆင်ရတာရှိပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်း ယှဉ်ပြိုင်ရမယ့် အီဘာ့နဲ့ပွဲမှာသာ အနိုင်ရခဲ့မယ်ဆိုရင် ချန်ပီယံဆုအတွက် သချာင်္နည်းအရ မျှော်လင့်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ရီးရဲလ်အသင်း ခြေမချော်ဘူး လို့ မပြောနိုင်ပါဘူး။ ရာသီပိတ် နောက်ဆုံးပွဲစဉ်ကို တစ်ချိန်တည်း ကျင်းပမှာ ဖြစ်တဲ့အတွက် ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်လာမှာပါ''ဟု နည်းပြ အန်းနရစ်ကဆိုခဲ့သည်။


ထို့အတူ ဆက်စပ်သတင်းများအရ ရီးရဲလ် အသင်း ပရိသတ်များအနေဖြင့် ရာသီပိတ် နောက်ဆုံးပွဲစဉ်များတွင် ပြိုင်ဘက်ကောင်းများနှင့် ရင်ဆိုင်ရမည့် အသင်းအတွက် စိုးရိမ်လျက်ရှိပြီး ရှုံးပွဲကြုံတွေ့ခဲ့ပါက ထိပ်တိုက်တွေ့ဆုံမှု ရလဒ်ဖြင့် ဆုံးဖြတ်လေ့ရှိသည့် အခြေအနေများကြောင့် ချန်ပီယံဆု လက်လွှတ်ရမည့်အပေါ် စိုးရိမ်မှု မြင့်တက်နေခြင်းလည်း ဖြစ်သည်။

 

WKM

#theyangontimes

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191