Main menu
HOT NEWS
adv
ဆိုစီဒက်အသင်းသို့ ငါးနှစ်စာချုပ်ဖြင့် ဂျာနူဇက် ပြောင်းရွှေ့ရောက်ရှိခဲ့

ဆိုစီဒက်အသင်းသို့ ငါးနှစ်စာချုပ်ဖြင့် ဂျာနူဇက် ပြောင်းရွှေ့ရောက်ရှိခဲ့

မန်ယူအသင်း၏ ဘယ်လ်ဂျီယံ လက်ရွေးစင် ဂျာနူဇက်သည် နည်းပြမော်ရင်ဟိုလက်ထက် တွင် ပွဲထွက်ကစားခွင့်ရရန် မသေချာမှုနှင့် အနာဂတ် အခြေအနေမရှိခြင်းများ ကြောင့် ဆိုစီဒက်အသင်း သို့ ငါးနှစ်စာချုပ်ဖြင့်အပြီး သတ်ပြောင်းရွှေ့ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက် များအရ သိရသည်။

အသက် (၂၂)နှစ်အရွယ်ရှိ တောင်ပံကစားသမားဂျာနူဇက် သည် မန်ယူနည်းပြဟောင်းမိုရက်စ်၊ ဗန်ဟားလ်တို့လက်ထက်တွင် ပွဲထွက် ကစားခွင့်မကြာခဏရရှိခဲ့သော်လည်း နည်းပြမော်ရင်ဟို တာဝန်ယူစဉ်မှစ၍ ပွဲထွက်ခွင့်မရှိသည့်အတွက် ပြီးခဲ့သည့်နှစ် ဘောလုံးရာသီတွင် ဆန်းဒါးလန်းအသင်းသို့ တစ်ရာသီအငှားစာချုပ် ဖြင့်သွားရောက်ကစားခဲ့ရပြီး လက်ရှိအချိန်တွင်မူ မန်ယူအသင်း အား အပြီးသတ်စွန့်ခွာခဲ့ပြီလည်းဖြစ်သည်။

''မန်ယူလို အစဉ်အလာရှိတဲ့အသင်းကြီးတစ်သင်းမှာ ကစား သမားတစ်ဦးအဖြစ် ဖြတ်သန်းခဲ့ဖူးတဲ့အချိန်ကာလတွေကို အမြဲ အမှတ်ရနေမှာပါ။ စိန်ခေါ်မှုအသစ်တွေအတွက် အသင်းပြောင်း ရွှေ့ခဲ့ပြီဖြစ်သလို ပရီးမီးယားလိဂ်မှာရှိစဉ်အခါက အကူအညီ ပေးခဲ့တဲ့ စီနီယာက စားသမားတွေအပြင် မန်ယူအသင်း ဖော်တွေအားလုံးကို ကျေးဇူးစကားနဲ့ နှုတ်ဆက်ချင်ပါ တယ်''ဟု ဂျာနူဇက်က ထုတ်ဖော်ပြောကြားခဲ့သည်။

WKM

 

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191