Main menu
HOT NEWS
adv
တစ်ပတ်ပေါင် သုံးသိန်းရရှိမည့် လစာဖြင့် ဆန်းချက်ဇ်ကို အာဆင်နယ်အသင်း ကမ်းလှမ်း

တစ်ပတ်ပေါင် သုံးသိန်းရရှိမည့် လစာဖြင့် ဆန်းချက်ဇ်ကို အာဆင်နယ်အသင်း ကမ်းလှမ်း

အာဆင်နယ်အသင်းသည် တိုက်စစ်မှူးဆန်းချက်ဇ်အား သီတင်းတစ်ပတ်လျှင် ပေါင်သုံးသိန်းရရှိမည့်လစာဖြင့် စာချုပ်သစ်ချုပ်ဆိုရန်ကမ်း လှမ်းခဲ့ကြောင်းသိရသည်။ ဆန်းချက်ဇ်သည် လာမည့်ရာသီတွင် အာဆင်နယ်နှင့် လက်ကျန် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ ၎င်းအားလက်လွှတ်ရခြင်းမရှိစေရန် အာဆင်နယ်ကစာချုပ်သစ်ဖြင့် ကမ်း လှမ်းနေခြင်းဖြစ်ပြီး အစောပိုင်းက တစ်ပတ်ပေါင် ၂၂၅,ဝဝဝ လစာ အပြင် အပိုဆုကြေးများအရ တစ်ပတ် ပေါင် ၂၇၅,ဝဝဝ အထိရရှိမည့် ကမ်းလှမ်းမှုအား ဆန်းချက်ဇ်ကပယ်ချထားသည်။


ယခုအခါ မန်စီးတီး၊ ပီအက်စ်ဂျီအသင်းများ၏ စိတ်ဝင်စားခြင်းခံ နေရသောဆန်းချက်ဇ်ကို ဆက်ထိန်းနိုင်ရန် တစ်ပတ်ပေါင်သုံးသိန်းရရှိ မည့်စာချုပ်သစ်ဖြင့် အာဆင်နယ်က ထပ်မံကမ်းလှမ်းထားကြောင်း ဗြိတိန် သတင်းစာတစ်စောင်ဖြစ်သော Daily mail  ကဖော်ပြခဲ့သည်။ ယခုနှစ်ရာသီကုန်တွင် အာဆင်နယ်နှင့် စာချုပ်သက်တမ်းကုန်ဆုံး မည့်ကစားသမားများတွင် အိုဇေးလ်နှင့် ချန်ဘာလိန်တို့လည်း ပါဝင်နေပြီး ချန်ဘာလိန်အတွက် ပေါင် ၂၅ သန်း ဖြင့် ချဲလ်ဆီးအသင်း၏ကမ်းလှမ်းမှုကို အာဆင်နယ်က ပယ်ချထားကြောင်း အဆိုပါသတင်းက ဆက်လက်ဖော်ပြခဲ့သည်။ 

 

KKW

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191