Main menu
HOT NEWS
adv
ဒမ္ဘီလီ အတွက် ဘာစီလိုနာ၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း ဒေါ့မန် ထုတ်ပြန်

ဒမ်ဘီလီ အတွက် ဘာစီလိုနာ၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း ဒေါ့မန် ထုတ်ပြန်

ဒေါ့မန်အသင်းသည် တောင်ပံကစား သမားဒမ်ဘီလီအတွက် ဘာစီလိုနာထံမှ ကမ်းလှမ်းမှုကိုလက်ခံရရှိခဲ့သော်လည်း အသင်းကသတ်မှတ်ထားသော ပြောင်း ရွှေ့ကြေးနှင့်ကိုက်ညီမှုမရှိသဖြင့် ငြင်းဆန် ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ဒမ်ဘီလီသည် ယမန်နှစ်ရာသီက ပြိုင်ပွဲအရပ်ရပ်တွင် ဒေါ့မန်အတွက် ၄၉ ပွဲ ကစားခဲ့ရာ၌ ၁ဝ ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပြီး ဘာစီလိုနာမှထွက်ခွာသွားသော နေမာ၏နေရာတွင် အစားထိုးခေါ်ယူခံရမည်ဟု ခန့်မှန်းခံထားရသူလည်းဖြစ်သည်။


ဒေါ့မန်က ကြေညာချက်ထုတ်ပြန်ခဲ့ရာတွင် အသင်းအနေဖြင့် ဘာစီလိုနာ အသင်းကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ချိန်တွင် ဒမ်ဘီလီအတွက်ကမ်းလှမ်းမှုရရှိ ခဲ့ကြောင်း၊ သို့ရာတွင် ဘာစီလိုနာက ကမ်းလှမ်းခဲ့သောပြောင်းရွှေ့ကြေးမှာ ကစားသမား၏အရည်အသွေးနှင့် ထိုက်တန်မှုမရှိသည့်အပြင် လက်ရှိဥရောပအပြောင်း အရွှေ့ဈေးကွက်အတွင်း တန်ကြေးများနှင့်လည်း ကိုက်ညီမှုမရှိသည့်အတွက် ဘာစီလိုနာ၏ ကမ်းလှမ်းမှုအားပယ်ချခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ တစ်ချိန်တည်းတွင် ဒေါ့မန်အသင်းက သြဂုတ် ၁ဝ ရက်နေ့က လေ့ကျင့်ရေးအစီအစဉ်ကို ခွင့်ပြုချက်မရှိဘဲ ပျက်ကွက်သည့်အတွက် ဒမ်ဘီလီကို အရေးယူမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။


ဒမ်ဘီလီသည် လေ့ကျင့်ရေးအစီ အစဉ်ကိုခွင့်ပြုချက်မရဘဲ ပျက်ကွက်ခဲ့သည့်အတွက် အရေးယူခံရမည်ဖြစ်ပြီး သြဂုတ် ၁၂ ရက်နေ့တွင် အာလန်း နှင့်ကစားမည့် ဂျာမန်ပိုကယ်ဖလားပွဲစဉ်ပြီးဆုံးသည်အထိ အသင်းလူ စာရင်းမှ ဖယ်ရှားခံထားရမည်ဖြစ် ကြောင်း ဒေါ့မန်အသင်းက ထုတ် ပြန်ခဲ့သည်။ နည်းပြ ပီတာဘော့စ်က ''အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ဒမ်ဘီလီမပါ ဝင်ခဲ့တဲ့အပြင် ဘာကြောင့်ပျက်ကွက်ခဲ့လဲ ဆိုတာကိုလည်း မသိရပါဘူး။ သြဂုတ် ၉ ရက်နေ့က ကျွန်တော်နဲ့စကားပြောဖြစ် ခဲ့တုန်းက သူ့သူငယ်ချင်းတွေနဲ့ ပဲရစ်မှာ ရှိနေတယ်လို့ဆိုပါတယ်။ အဲဒီအချိန်တုန်း ကတော့ အပြောင်းအရွှေ့ကိစ္စတွေနဲ့ ပတ် သက်ပြီး ဘာမှမပြောခဲ့ပါဘူး''ဟု အစော ပိုင်းက ပြောကြားခဲ့သည်။


ဒေါ့မန်အားကစားဒါရိုက်တာ မိုက်ကယ်ဇော့က ''ဒမ်ဘီလီဟာ သြဂုတ် ၁ဝ ရက်နေ့က လေ့ကျင့်ရေးအစီအစဉ်ကို အသင်းရဲ့ခွင့်ပြုချက်မရဘဲ ကိုယ့်သဘောနဲ့ကိုယ်ပျက်ကွက်ခဲ့ပါတယ်။ ဒီလိုအပြု အမူမျိုးဟာ အရေးယူခံရမှာဖြစ်လို့ နည်းပြနဲ့တိုင်ပင်ပြီးနောက်မှာ လာမယ့်ဖလားပွဲအပြီးအထိ အသင်းရဲ့လေ့ကျင့် ရေးအစီအစဉ်နဲ့ပွဲတွေမှာ ဒမ်ဘီလီကို လူစာရင်းကဖယ်ရှားထားမှာဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။ ဒမ်ဘီလီသည် ယမန်နှစ်က ပြင်သစ် ကလပ်ရန်းနက်စ်မှ ပြောင်းရွှေ့ကြေးယူရို ၁၅ သန်းဖြင့်ရောက်လာသူဖြစ်ပြီး ခြေစွမ်း ပြကစားနိုင်ခဲ့သူဖြစ်သည်။ 

 

KKW

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191