Main menu
HOT NEWS
adv
လျော့ရဲသောခံစစ်ကို စိတ်ကုန်နေပြီဟု နည်းပြကလော့ပ် ညည်းတွား ၊ စာချုပ်သစ်သဘောတူညီမှုမရ၍ အလွတ်ဖြင့်အမ်မရီကန် ထွက်ခွာနိုင်

လျော့ရဲသောခံစစ်ကို စိတ်ကုန်နေပြီဟု နည်းပြကလော့ပ် ညည်းတွား ၊ စာချုပ်သစ်သဘောတူညီမှုမရ၍ အလွတ်ဖြင့်အမ်မရီကန် ထွက်ခွာနိုင်

လီဗာပူးနည်းပြကလော့ပ်က လက်စ တာကိုရှုံးကာ လိဂ်ဖလားပြိုင်ပွဲမှထွက်ခဲ့ရ ပြီးနောက် အသင်း၏ခံစစ်ပိုင်းလျော့ရဲမှု ကိုစိတ်ကုန်ကြောင်း ညည်းတွားခဲ့သည်။

လီဗာပူးအသင်းသည် လက်စတာကို အဝေးကွင်းတွင် ၂-ဝဖြင့် အရေးနိမ့်ခဲ့ပြီး နောက် လိဂ်ဖလားပြိုင်ပွဲမှထွက်ခဲ့ရပြီး ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးလေးပွဲတွင် ပွဲတိုင်းဂိုးပေးခဲ့ရခြင်းကြောင့် အသင်း၏ခံစစ်ကစားပုံကို ကလော့ပ်က စိတ်ပျက် နေခြင်းဖြစ်သည်။

ကလော့ပ်က ''ဦးဆောင်ဂိုးရ သွားပြီးတဲ့နောက် လက်စတာက စိတ်ဓာတ်တက်ြ<ွကသွားပြီး အခွင့်အရေးတွေကို အသုံးချနိုင်ခြင်းဟာ ပွဲတစ်ပွဲကို အများကြီးပြောင်းလဲ စေနိုင်ပါတယ်။ အသင်းအနေနဲ့ ဒီလိုမျိုးဂိုးတွေပေးနေရခြင်းက စိတ် ကုန်စရာကောင်းနေပါပြီ။ ဒါဟာ ဖလားပွဲတစ်ခုဖြစ်လို့ နောက်တစ်ဆင့် တက်ဖို့အလိုရှိခဲ့ပေမယ့် ထင်သလိုမဖြစ်ခဲ့ ပါဘူး။ ကျွန်တော်တို့က အသင်းကောင်း တစ်သင်းဖြစ်နေဆဲဆိုပေမယ့် ဖလားပွဲ တစ်ခုကထွက်ခဲ့ရပြီးနောက်မှာ ပထမပိုင်း မှာကစားပုံကောင်းခဲ့တယ်၊ ဂိုးမသွင်းနိုင် လို့သာရှုံးခဲ့ရတယ်ဆိုတဲ့စကားတွေကို ဘယ်သူမှစိတ်မဝင်စားတော့ပါဘူး။ ဒီနေ့ လို ဂိုးတွေထပ်ပေးနေရသရွေ့ ကျွန်တော် တို့အတွက် ခက်ခဲတဲ့ပွဲတွေဖြစ်နေဦးမှာပါ'' ဟု ပြောကြားခဲ့သည်။

ထို့အပြင် ကလော့ပ်က လက်စတာ နှင့်ပွဲတွင် ကော်တင်ဟိုကိုလူစားလဲခဲ့ခြင်း မှာ မူလစီစဉ်ထားသည့်အတိုင်းဖြစ်ပြီး ကော်တင်ဟို၏ ကြံ့ခိုင်မှုအနေအထားအ တွက် ၄၅ မိနစ်သာကစားစေရန် စီစဉ် ထားခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အခြားတစ်ဖက်တွင် လီဗာပူးကွင်း လယ်လူအမ်မရီကန်သည် အသင်းနှင့်စာ ချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှု မရခြင်းကြောင့် နွေရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာဖွယ်ရှိကြောင်း သတင်းတစ်ရပ်က ဖော် ပြခဲ့သည်။

အမ်မရီကန်သည် ယခုနှစ်ရာသီအကုန်တွင် လီဗာပူးနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ရာ လီဗာပူးတာဝန်ရှိသူများက ၄င်းကို စာချုပ်သက်တမ်းတိုးရန် အလိုရှိနေသော်လည်း တန်ဖိုးနည်းပါးသော စာချုပ်ပါလျော်ကြေးကို စာချုပ်သစ်အတွင်း ထည့်သွင်း ထားမည့်ကမ်းလှမ်းမှုအား အမ်မရီကန်၏အေးဂျင့်က လက်မခံ ခြင်းကြောင့် စာချုပ်သစ်အတွက် သဘောတူညီမှုမရဘဲဖြစ်နေရာ လီဗာပူးအနေဖြင့် အမ်မရီကန်ကို နွေရာသီတွင် အလွတ်ဖြင့်ထွက်ခွာ ခွင့်ပြုရဖွယ်ရှိနေကြောင်း သိရှိရ သည်။        

KKW

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191