Main menu
HOT NEWS
adv
အမှတ်ပေးဖလားနှင့် ရှုံးထွက် ဖလားနှစ်ခုလုံး ပစ်မှတ်ထားကြောင်း ရန်ကုန်ယူနိုက်တက် နည်းပြချုပ် ဖွင့်ဟ

အမှတ်ပေးဖလားနှင့် ရှုံးထွက် ဖလားနှစ်ခုလုံး ပစ်မှတ်ထားကြောင်း ရန်ကုန်ယူနိုက်တက် နည်းပြချုပ် ဖွင့်ဟ

ရန်ကုန်၊ စက်တင်ဘာ ၂၁

ရှမ်းနှင့်ပွဲစဉ်တွင် အနိုင်ရရှိခဲ့ပါက ချန်ပီယံဖြစ်ဖို့ အားသာသွားမည်ဖြစ်၍ အမှတ်ပေးဖလားနှင့် ရှုံးထွက်ဖ လားနှစ်မျိုးလုံးအရယူရန်ပစ်မှတ်ထားကြောင်း ရန်ကုန်ယူနိုက်တက် အသင်းနည်းပြချုပ်ဦးတင်မောင် ထွန်းမှဆိုခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းမှာ ၂ဝ၁၇ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၁၉)တွင် လက်ရှိအမှတ်ပေး ဇယားထိပ်ဆုံးနေရာ၌ ဦးဆောင် နေသောရှမ်းယူနိုက်တက်အသင်း နှင့်စက်တင်ဘာ၂၄ရက်တွင် အ ဝေးကွင်း၌သွားရောက်တွေ့ဆုံရမည်ဖြစ်သည်။


ယခုနှစ်ဘောလုံးရာသီပြီးဆုံးရန် ပွဲစဉ်(၄)ပွဲသာကျန်ရှိနေရာ ရန်ကုန်ယူနိုက်တက်အသင်းအ နေဖြင့် ရမှတ်(၄၂)မှတ်ဖြင့် ဒုတိယ နေရာတွင်ရှိနေပြီး ရှမ်းယူနိုက်တက်အသင်းနှင့်နှစ်မှတ်သာ ကွာဟနေလျက်ရှိသည်။ ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ်ဦးတင်မောင်ထွန်းက '' ရှမ်းနဲ့ပွဲက ချန်ပီယံဆုဖလားအ တွက်အဆုံးအဖြတ်ပွဲပါ။ ဒီပွဲမှာ ရှမ်းကိုနိုင်ခဲ့မယ်ဆိုရင် ရန်ကုန်အ သင်းအနေနဲ့ချန်ပီယံဖြစ်ဖို့အားသာသွားပါပြီ။ ရှမ်းက ကျွန်တော် တို့နဲ့ပြီးရင် မကွေး၊ ရတနာပုံအသင်းတွေနဲ့ကစားရမှာဖြစ်လို့ ကျွန်တော်တို့ ထက်ပွဲပိုကြပ်တယ် လို့ပြောလို့ရပါတယ်။ နည်းပြတစ် ယောက်အနေနဲ့လောဘကြီးတယ်ပဲပြောရမလား အမှတ်ပေးဖလားရော၊ ရှုံးထွက်ဖလားပါအရယူဖို့ ပစ်မှတ်ထားပါတယ်''ဟု ပြောခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းမှာ General Aung San Shield ကွာတားဖိုင်နယ်တွင် ဟံသာဝတီ ယူနိုက်တက်အသင်းကို(၄-ဝ)ဖြင့် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီဖြစ်ရာ ဆီမီးဖိုင်နယ်တွင် ဆောက်သမ်းနှင့် ရတနာပုံပွဲစဉ်မှ အနိုင်ရရှိသည့် အသင်းနှင့်တွေ့ဆုံရမည်ဖြစ်သည်။


LLH

#thedemocracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191