Main menu
HOT NEWS
adv
MMA ပွဲနည်းသော်လည်း ကစ်ဘောင်ဆင်၊ မွေထိုင်းနှင့် အခြား တိုက်ခိုက်ရေး ပညာရပ်များကြောင့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် အလွယ်တကူ မနိုင်နိုင်ဟုဆို

MMA ပွဲနည်းသော်လည်း ကစ်ဘောင်ဆင်၊ မွေထိုင်းနှင့် အခြား တိုက်ခိုက်ရေး ပညာရပ်များကြောင့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် အလွယ်တကူ မနိုင်နိုင်ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၂၂

ဟဲ ဗီးဝိတ်တန်း MMA ကစားသမား အလိန်းနာဂါလာနီအနေဖြင့် MMA ပွဲအတွေ့အကြုံနည်းနေသော်လည်း ကစ်ဘောင်ဆင်၊ မွေထိုင်းနှင့်အခြား တိုက်ခိုက်ရေးပညာရပ်များကြောင့် အောင်လအန်ဆန်လွယ် လွယ်ကူကူအနိုင်ရရန်မသေချာကြောင်း ပွဲစီစဉ်သူဦးဇေသီဟကပြောသည်။ One Championship  ပြိုင်ပွဲကို နိုဝင်ဘာ ၃ ရက်တွင် သုဝဏ္ဏ အမျိုးသားအားကစားရုံ(၁)၌ကျင်းပ ပြုလုပ်မည်ဖြစ်သည်။ အဓိက ခေါင်ပွဲအဖြစ် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ ချန်ပီယံအောင်လအန်ဆန်နှင့် ဟဲဗီးဝိတ်တန်းကစားသမား အလိန်းနာဂါလာနီတို့ပွဲစဉ်အပါအဝင် တွဲဆိုင်း ၁ဝ ဆိုင်းဝန်းကျင်ပါဝင်မည် ဖြစ်သည်။


မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံအောင်လအန်ဆန်သည် ၎င်း၏ချန်ပီယံခါးပတ်ကာကွယ်ပွဲကို နိုဝင်ဘာလတွင် ထိုးသတ်ရန် စီစဉ်ထားသော်လည်းပြိုင်ဘက်များ အဆင်သင့်မဖြစ်သေးသည့်အတွက် မထိုးသတ်ဖြစ်သေးဘဲ ၂ဝ၁၈ ဖေဖော်ဝါရီလလောက်မှသာ ထိုးသတ်ဖွယ်ရာရှိနေကြောင်း သိရသည်။ ''အောင်လအန်ဆန်ကသူ့အ တွက်လေ့ကျင့်ချိန်လုံလောက်စွာ ရရင်ဘယ်သူ့မှမကြောက်ဘူးလို့ ကျွန်တော်တို့ကိုပြောခဲ့တယ်။ အလိန်းနာဂါလာနီအနေနဲ့ MMA ပွဲနည်းပေမယ့်၊ ကစ်ဘောင်ဆင်၊ မွေထိုင်း၊ ဂျူဂျစ်ဆု၊ ကရာတေး၊ ဂျူဒိုအစရှိတဲ့ပြိုင်ပွဲအတွေ့အကြုံ တွေအများကြီးရှိပါတယ်။ အောင်လအန်ဆန်အနေနဲ့ လွယ်လွယ်ကူကူအနိုင်မရနိုင်ပါဘူး''ဟု ပွဲစီစဉ်သူဦးဇေသီဟက စက်တင်ဘာ ၂၁ ရက်တွင်ဖြေကြားခဲ့သည်။ အောင်လအန်ဆန်နှင့်ယှဉ် ပြိုင်ထိုးသတ်မည့် အလိန်းနာဂါလာနီသည် အသက် (၄၂)နှစ် အ ရွယ်ရှိနေပြီး မွေထိုင်းဟဲဗီးဝိတ်တန်းတွင် ကမ္ဘာ့ချန်ပီယံလေးကြိမ် ရရှိထားကာ ကစ်ဘောင်ဆင်၊ ဘရာဇီးရိုးရာဂျူဂျစ်ဆု၊ ကရာတေး၊ ဂျူဒို စသည့်ပညာရပ်များတတ်မြောက်ထားကြောင်း သိရသည်။

 

NTL

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191