HOT NEWS
Main menu
adv
ဂျေမီဗာဒီနှင့် သဘောတူညီမှု ရရှိခဲ့ပြီးနောက် မာရက်ဇ်ကိုပါ ထပ်မံ ကမ်းလှမ်းရန် အာဆင်နယ် စီစဉ်နေ ထွက်ပေါ်နေသည့် သတင်းများအပေါ် လက်စတာနည်းပြ ရာနီရေးရီ ထောက်ခံပြောကြားခဲ့

ဂျေမီဗာဒီနှင့် သဘောတူညီမှု ရရှိခဲ့ပြီးနောက် မာရက်ဇ်ကိုပါ ထပ်မံ ကမ်းလှမ်းရန် အာဆင်နယ် စီစဉ်နေ ထွက်ပေါ်နေသည့် သတင်းများအပေါ် လက်စတာနည်းပြ ရာနီရေးရီ ထောက်ခံပြောကြားခဲ့

ရာသီသစ်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် အာဆင်နယ်အသင်းသည် လက်စတာတိုက်စစ်မှူးဂျေမီဗာဒီအားခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် လက်စတာအသင်း ၏အဓိကတောင်ပံကစားသမား မာရက်ဇ်ကိုပါ ခေါ်ယူရန် ထပ်မံကမ်းလှမ်းဖွယ်ရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။


အာဆင်နယ်နည်းပြအာစင်ဝင်းဂါးသည် ဒဏ်ရာကြောင့်ကာလရှည်ကြာအနားယူရမည့် တိုက်စစ်မှူးဝဲလ်ဘတ်၏နေရာတွင် ဂျေမီဗာဒီနှင့်အစားထိုးရန်ဆန္ဒရှိနေခဲ့ပြီး အသက်အရွယ်အရဒဏ်ရာပြဿနာများ နှင့် ရုန်း ကန်နေရသည့် တောင်ပံကစားသမားဝဲလ်ကော့၏နေရာတွင် ၂ဝ၁၅-၂ဝ၁၆ ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုရလက်စတာတောင်ပံကစားသမား မာရက်ဇ်နှင့် အစားထိုးလိုနေခြင်းဖြစ် ကြောင်း လည်း သိရသည်။


ဗြိတိန်မီဒီယာအချို့၏ ဖော်ပြချက်အရ လက်စတာအသင်းအနေ ဖြင့် အပြောင်းအရွှေ့ကာလအတွင်း အဓိကကစားသမားအချို့အား လက်လွှတ်ရဖွယ်ရှိနေကြောင်း၊ ရာသီသစ်တွင် တန်းမဆင်းရရေးအတွက်နှင့် အဆင့်-၁ဝအတွင်း ရပ်တည်နိုင်ရေးအတွက်သာ အာရုံစိုက်ရမည်ဖြစ် ကြောင်း ပြောကြားခဲ့သည့် နည်းပြရာနီ ရေးရီ၏ဝန်ခံချက်မှာ ကစားသမားများအားရောင်းချမည့် အသင်းတာဝန်ရှိသူများ၏အစီအစဉ်ကြောင့် ထုတ် ဖော်ပြောကြားခဲ့ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ဖော်ပြလျက်ရှိသည်။


လက်စတာအသင်းသားကစားသမားအချို့၏ အပြောင်းအရွှေ့နှင့်ပတ်သက်၍ နည်းပြရာနီရေးရီအနေဖြင့် အီတလီမီဒီယာများထံထုတ် ဖော်ပြောကြားမှုများ ပြုလုပ်ခဲ့ပြီး လက်ရှိထွက်ပေါ်နေသည့် သတင်းများမှာလည်း မှန်ကန်ပါကြောင်း  ထောက်ခံပြောကြားမှုများပြုလုပ်သွားခဲ့သည်။                

WKM

#Democracy Today

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Related items

Login to post comments
back to top
adv

adv

FacebookG+TwitterRSS