HOT NEWS
Main menu
adv
ချန်ပီယံဆုအတွက် ချယ်လ်ဆီး အဆင်သင့် ဖြစ်လာပြီဟု ကွန်တီ ကြွေးကြော်

ချန်ပီယံဆုအတွက် ချယ်လ်ဆီး အဆင်သင့် ဖြစ်လာပြီဟု ကွန်တီ ကြွေးကြော်

ချယ်လ်ဆီးအနေဖြင့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို အမှန်တကယ် စိန်ခေါ်နိုင်စွမ်း ရှိလာပြီဟု မန်နေဂျာ အန်တိုနီယို ကွန်တီက ကြွေးကြော်ခဲ့သည်။ ချယ်လ်ဆီးသည် မစ်ဒယ်လ်ဘရော့ကို (၁-၀)ဖြင့် အနိုင်ကစားခဲ့ ပြီးနောက် ပရီးမီးယားလိဂ် နောက်ဆုံး(၆)ပွဲဆက် အနိုင်ရကာ ပေးဂိုးမရှိ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ခဲ့သည်။ အထူးသဖြင့် ကွန်တီက အသင်း၏ ကစားကွက်ကို နောက်တန်းသုံးယောက် ပုံစံသို့ ပြောင်းလဲလိုက် သည့်နောက်ပိုင်း ဆက်တိုက်လိုလို ရလဒ်ကောင်းများ ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ အီတလီသား မန်နေဂျာကြီး ကွန်တီသည် အစောပိုင်းက ချယ်လ်ဆီး၏ ချန်ပီယံဖြစ်နိုင်ခြေကို ငြင်းပယ်ခဲ့ဖူးသော်လည်း ယခုပွဲစဉ်အပြီး ဇယားထိပ် ရပ်တည်လာချိန်၌ ချန်ပီယံဆုအတွက် မျှော်လင့်နိုင်ပြီဟု သုံးသပ်ခဲ့သည်။

“ကျွန်တော်တို့ အဆင်သင့် ဖြစ်နေပြီ ထင်ပါတယ်။ လာမယ့်ရက်ပိုင်းအတွင်း ပွဲစဉ်အတော်များများ ဆက်တိုက်ကစားဖို့ ကျွန်တော်တို့ အဆင်သင့် ဖြစ်နေပါပြီ။ ဒါကလည်း ရာသီအစပိုင်းကတည်းက ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့ပြီး နည်းဗျူဟာပိုင်းမှာ ပြင်းပြင်းထန်ထန် အားထုတ်ပြင်ဆင်ခဲ့တာတွေကြောင့်ပါ။ ပြီးတော့ ကာယကြံ့ခိုင်မှု အပိုင်းအတွက်ရောပေါ့။ ကျွန်တော်တို့ဟာ နည်းစနစ်ပိုင်းမှာလည်း ကောင်းမွန်လာပါပြီ။ ပင်ကို ပါရမီကောင်းတွေလည်း ရှိနေတယ်။ ဒီကဏ္ဍတွေကို ကောင်းမွန်တဲ့ ကြံ့ခိုင်မှု အခြေခံနဲ့ ပေါင်းစပ်လိုက်နိုင်ခြင်းဟာ သိပ်အရေးကြီးပါတယ်”ဟု ကွန်တီက ဆိုသည်။

 
၎င်းက မစ်ဒယ်လ်ဘရော့ကို ဂိုးရလဒ် ကျဉ်းမြောင်းစွာ အနိုင်ရခဲ့သည့်တိုင် ကျေနပ်ကြောင်း ဝန်ခံခဲ့သည်။ “တခြားပွဲတွေ အခြေအနေနဲ့ သွားမယှဉ်ပါနဲ့။ မစ်ဒယ်လ်ဘရော့ဟာ တုံ့ပြန်အား တကယ်ကောင်းပါတယ်။ ပွဲပြီးခါနီးမှာ သရေရလုနီးပါးထိ သူတို့ အားထုတ်ခဲ့ကြတယ်။ မန်ချက်စတာ စီးတီးနဲ့ ပွဲတုန်းကဆို သူတို့ အဲဒီလိုပဲ တကယ်ကို သရေရသွားခဲ့တယ်။ ဒါပေမဲ့ အရေးကြီးတာက အခုပွဲကြောင့် ကျွန်တော်တို့ ယုံကြည်မှု ပိုတိုးလာတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်အပေါ် ယုံကြည်စိတ် ပိုအားကောင်းလာတယ်။ လောလောဆယ် စိတ်နှစ်ပြီး ပြင်ဆင်ရမှာက တော့တင်ဟမ် ဟော့စပါးနဲ့ နောက်ပွဲအတွက်ပါ။ တကယ့်ကို ခက်ခဲတဲ့ ပွဲကြီးပွဲကောင်း ဖြစ်ပါလိမ့်မယ်”ဟု ကွန်တီက ပြောကြားသွားသည်။

Ref: Sky Sports
Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Related items

Login to post comments
back to top
adv

adv

FacebookG+TwitterRSS