HOT NEWS
Main menu
adv
ပွဲထွက်နေရာ မြဲလိုပါက အခွင့်အရေးတိုင်းကို မာစီရယ်လ် အသုံးချရန်လိုဟု မော်ရင်ဟို သတိပေး

ပွဲထွက်နေရာ မြဲလိုပါက အခွင့်အရေးတိုင်းကို မာစီရယ်လ် အသုံးချရန်လိုဟု မော်ရင်ဟို သတိပေး

အန်ထော်နီမာစီရယ်လ်အနေဖြင့် မန်ချက်စတာယူနိုက်တက်တွင် ပွဲထွက်နေရာ မြဲလိုပါကရရှိလာသည့် အခွင့်အရေးတိုင်းကို ထက်ထက်မြက်မြက် အသုံးချရန်လိုအပ်ကြောင်း မန်နေဂျာ ဟိုဆေး မော်ရင်ဟိုက သတိပေးလိုက်သည်။
 
ပြင်သစ် လက်ရွေးစင် တိုက်စစ်သမားသည် ပြီးခဲ့သည့်ရာသီက ယူနိုက်တက်တွင် အတောက်ပဆုံး ခြေစွမ်းပြခဲ့သော်လည်း ဟိုဆေးမော်ရင်ဟို လက်အောက်တွင် (၁၃)ပွဲကစားကာ (၂)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ မာတီရယ်လ်သည် ဖိုင်ယန်နော့ဒ်ကို (၄-၀)ဖြင့် အနိုင်ရခဲ့သည့် ယူရိုပါလိဂ် ပွဲစဉ်တွင် အသင်း၏ လူစာရင်းမှ ချန်လှပ်ခြင်း ခံခဲ့ရသည်။ အဆိုပါ ပွဲစဉ်တွင် တောင်ပံတိုက်စစ် နေရာ၌ ဟင်းနရစ်ခ် မက်ကင်တာယန်း က ပါဝင်ကစားပြီး ခြေစွမ်းပြနိုင်ခဲ့သလို မော်ရင်ဟိုကလည်း အာမေးနီးယား လက်ရွေးစင်၏ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့သည်။

 
ယခုအခါ မာတီရယ်လ် အနေဖြင့် ၎င်း၏ ပွဲထွက်နေရာကို ချိန်ရွယ်နေသော အသင်းဖော်များ ရှိနေပြီ ဆိုခြင်းကို အလေးအနက် နားလည်သင့်ကြောင်း မော်ရင်ဟိုက ဆိုသည်။ “ပြီးခဲ့တဲ့ ရာသီက အသင်း ကစားပုံ ကို ကောင်းတယ်၊ ဆိုးတယ် ကျွန်တော် မဝေဖန်ပါဘူး။ ကျွန်တော့် ပုံစံနဲ့ ကွာခြားတယ်လို့ပဲ ပြောပါမယ်။ မနှစ်က အသင်းကစားပုံက မာတီရယ်လ်နဲ့ ပိုပြီး အံဝင်သလို ရှိတယ်။ အဲဒီပုံစံမှာ ကစားရတာ သူ့အတွက် ပိုပြီး သက်တောင့်သက်သာ ဖြစ်ချင် ဖြစ်မယ်။ ဘောလုံးဖြန့်ဝေပုံ၊ ဘောလုံးလက်ခံရပုံတွေက အစပေါ့။ ဒီတော့ လက်ရှိ ကျွန်တော့်အသင်းရဲ့ ပုံစံသစ်မှာ သူ့အတွက် နည်းနည်းတော့ အချိန်လိုမယ်”ဟု မော်ရင်ဟိုက သုံးသပ်ခဲ့သည်။

 
၎င်းက “ဒါပေမဲ့ လက်ရှိလူစာရင်းကို ကြည့်ပါ။ သူ့နေရာမှာ ဝင်ကစားနိုင်သူတွေ အများကြီး ရှိနေတယ်။ မက်ကင်တာယန်းတင် မကဘူး။ ယက်ဆီလင်းဂါ့ဒ်၊ မမ်းဖစ်ဒီပိုင်း၊ ဟွမ်မာတာ၊ မားကက်စ်ရက်ရှ်ဖို့ဒ်တို့ ရှိနေသေးတယ်။ သူ့နေရာအတွက် ကျွန်တော်တို့မှာ ရွေးချယ်စရာက လိုတာထက်ကို ပိုနေပါတယ်။ ဒီတော့ ကိုယ်က အခွင့်အရေး တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် ရတဲ့ထိ အပိုင်အနိုင် မဆုပ်ကိုင်နိုင်ဘူးဆိုရင် တခြား တစ်ယောက်က ဝင်လုသွားမှာပဲ။ သူတို့ဟာ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တယ်။ နေ့တိုင်း အတူလေ့ကျင့်၊ အတူကစားကြတယ်။ ဒါပေမဲ့ အဆုံးမှာတော့ နေရာတစ်ခုအတွက် သူတို့အချင်းချင်း ပြိုင်ဆိုင်နေ ရမှာပဲလေ”ဟု ပြောကြားသွားသည်။

Ref: Sky Sports
Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Related items

Login to post comments
back to top
adv

adv

FacebookG+TwitterRSS