Main menu
HOT NEWS
adv
စီရော်နယ်ဒိုနှင့် မိမိတို့ အကြား ခင်မင်သည့် ဆက်ဆံရေးကောင်း ရှိသည်ဟု ဂရေ့ဇ်မန်း ဖွင့်ဟ

စီရော်နယ်ဒိုနှင့် မိမိတို့ အကြား ခင်မင်သည့် ဆက်ဆံရေးကောင်း ရှိသည်ဟု ဂရေ့ဇ်မန်း ဖွင့်ဟ

မက်ဒရစ်မြို့ခံနှစ်သင်းတွင် ကစားလျက်ရှိပြီး ပြိုင်ဘက်များအဖြစ် ရင်ဆိုင်နေရသော်လည်း ရီးရဲလ်တိုက် စစ်မှူးစီရော်နယ်ဒိုနှင့် မိမိတို့အကြား ဆက်ဆံရေးမှာ ရင်းနှီးမှုရှိကြောင်း အက်သလက်တီကိုတိုက်စစ်မှူး ဂရေ့ဇ်မန်းက ထုတ်ဖော်ပြောကြားသွားခဲ့သည်။

စီရော်နယ်ဒိုနှင့် ဂရေ့ဇ်မန်းတို့မှာ ပြိုင်ဘက်အသင်းများဖြစ်သည့် ရီးရဲလ်နှင့်အက်သလက်တီကို၊ ပြင်သစ်နှင့် ပေါ်တူဂီတို့တွင် ယှဉ်ပြိုင်ခဲ့ရုံသာမက အကောင်းဆုံးကစားသမားဆုအတွက် ပြိုင်ဆိုင်နေရသော်လည်း တစ်ရပ်ကွက်တည်းအတူနေစဉ်က ရင်းနှီးမှုရှိခဲ့သည်ဟု ဂရေ့ဇ်မန်းက ဖွင့်ဟခဲ့သည်။ ''တစ်ရပ်ကွက်တည်းနေခဲ့တုန်းကဆို အိမ်နီးချင်းလည်းဖြစ်ခဲ့ပြီး အမြဲတမ်းတွေ့ဆုံခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက ကျွန်တော်နေ ရာပြောင်းခဲ့ တဲ့နောက်မှာတော့ တစ်ခါတလေဘဲတွေ့တော့တယ်။ အားလပ်ရက် တွေတုန်းကဆိုရင်လည်း သူနဲ့အတူ မီယာမီမှာ ညစာအတူစားခဲ့ကြတယ်။ ယူရိုနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေအပြီးမှာ သူ့ကိုကျွန်ေ တ်ာနှုတ် ဆက်ခဲ့ပါသေးတယ်။ ယူရို ၂ဝ၁၆ ဗိုလ်လုပွဲမှာ ကျွန်တော်တို့ရှုံးရတဲ့ အတွက်တော့ သူ့ကိုမုန်းမိပါတယ်''ဟု ဂရေ့ဇ်မန်းကပြောကြားခဲ့သည်။ ဆက်လက်ပြီး စီရော်နယ်ဒိုအ ပါအဝင် မက်ဆီ၊ နေမာ၊ ပေါ့ဘာတို့ မှာ ¤င်းကြိုက်နှစ်သက်သည့် ကစား သမားများဖြစ်သည်ဟု ဂရေ့ဇ်မန်း က ဝန်ခံသွားခဲ့သည်။ 

WKM

#theflowernews

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Related items

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191