Main menu
HOT NEWS
adv
ရွန်နီကို နာပိုလီ ခေါ်ယူရန် မော်ရင်ဟို လမ်းဖွင့်ပေးထား ဟုဆို

ရွန်နီကို နာပိုလီ ခေါ်ယူရန် မော်ရင်ဟို လမ်းဖွင့်ပေးထား ဟုဆို

နွေရာသီတွင် နာပိုလီအသင်းက ဝိန်းရွန်နီကို စာချုပ်ခေါ်ယူဖွယ် ရှိနေကြောင်း စီးရီးအေနှင့် ပရီးမီးယားလိဂ် ကလပ်များကြား ချိတ်ဆက်ပေးနေသည့် ဝါရင့်အေးဂျင့်တစ်ဦးက မှတ်ချက်ပေးခဲ့သည်။ ယူနိုက်တက် မန်နေဂျာ ဟိုဆေးမော်ရင်ဟိုသည် အသက်(၃၁)နှစ်အရွယ်ရှိ အသင်းခေါင်းဆောင်ကို ဖယ်ရှားရန် လိုလားလျက်ရှိနေပြီး နွေရာသီတွင် အပြောင်းအရွှေ့ အထမြောက်လာနိုင်ကြောင်း အီတလီသားအေးဂျင့် ဗင်ဆင်ဇို မိုရာဘီတိုက ဆိုသည်။
 
 
“အခုလောလောဆယ် ရွန်နီနဲ့ မော်ရင်ဟို ဆက်ဆံရေးက အကောင်းဆုံးတော့ မဟုတ်ဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။ ရွန်နီသည် ပုံမှန်ခြေစွမ်းကို ထိန်းသိမ်းရန် ရုန်းကန်နေရပြီး ၎င်း၏လုပ်ခ တစ်ပတ် စတာ လင်ပေါင် သုံးသိန်းမျှ ပေးချေနေရခြင်းကြောင့် မော်ရင်ဟိုက ရွန်နီကို လူစာရင်းမှ ဖယ်ရှားသွားရန် ဆန္ဒရှိနေကြောင်း သတင်းများလည်း ထွက်ပေါ်လျက် ရှိသည်။

 
မိုရာဘီတိုက “မော်ရင်ဟိုက ရွန်နီကို ခေါ်ယူသွားဖို့ နာပိုလီကို လှမ်းချိတ်ပြီး လမ်းဖွင့်ပေးထားပါတယ်။ ရွန်နီ ကိုယ်တိုင်ကလည်း အင်္ဂလန်မှာ တခြားအသင်း တစ်ခုခုကို ပြောင်းဖို့ မဖြစ်နိုင်မှန်း နားလည်တယ်။ ဒီတော့ သူ့လားရာဟာ စပိန်၊ ဒါမှမဟုတ် အီတလီ ဖြစ်လာလိမ့်မယ်”ဟု ဆိုသည်။ ၎င်းက “မော်ရင်ဟိုနဲ့ ဆက်ဆံရေး မကောင်းတော့တဲ့အတွက် ရွန်နီရဲ့ အနာဂတ်က အသင်းမှာ ဆက်ရှိဖို့ မလွယ်တော့ဘူး။ သူ့ကို အငှားချ လိုက်တာ ဖြစ်ဦးတော့၊ အသင်းအတွက် ပိုပြီးလွတ်လွတ်လပ်လပ် လှုပ်ရှားဖို့ နေရာပိုကျယ်လာနိုင်ပါတယ်”ဟုလည်း မှတ်ချက်ပြု ပြောကြားသွားသည်။

Ref: Goal
Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Related items

Latest from M ဘွယ်

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616