Main menu
HOT NEWS
adv
လန်ဒန်တွင် အပြည့်အဝ မပျော်ပိုက်သည့် သဘောမျိုး ဆန်းချက်ဇ် အရိပ်အမြွက် ဆို

လန်ဒန်တွင် အပြည့်အဝ မပျော်ပိုက်သည့် သဘောမျိုး ဆန်းချက်ဇ် အရိပ်အမြွက် ဆို

လန်ဒန်မြို့တွင် အပြည့်အဝ မပျော်ပိုက်သည့် သဘောမျိုး အလက်ဆစ် ဆန်းချက်ဇ်က အရိပ်အမြွက် ပြောဆိုလိုက်သည့်နောက် ၎င်း၏ အာဆင်နယ် အနာဂတ်အပေါ် မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။ အာဆင်နယ် သည် ယခုရာသီ တိုက်စစ်နေရာတွင် ပြောင်းရွှေ့ကစားပြီး ခြေစွမ်းပြနေသည့် အသက်(၂၈)နှစ်အရွယ် ချီလီလက်ရွေးစင်ကို သက်တမ်းတိုး စာချုပ်ရန် ကြိုးစားနေသော်လည်း မအောင်မြင်သေးချေ။
 
 
ထိုအချိန်နှင့် တိုက်ဆိုင်စွာ ဆန်းချက်ဇ်က လန်ဒန်မြို့၏ လူနေမှုဘဝမှာ ဖိစီးမှုများပြီး အပြည့်အဝ နှစ်သက်စရာ မဟုတ်ဟု ထုတ်ဖော် ပြောကြားလာခြင်း ဖြစ်သည်။ အာဆင်နယ်က တရားဝင် ထုတ်ဝေသော မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ဆန်းချက်ဇ်က “တစ်ခါတလေ လန်ဒန်မှာ သူငယ်ချင်းတွေနဲ့အတူတူ တစ်ခုခုထွက်စားဖြစ်တယ်။ ဒါပေမဲ့များသောအားဖြင့်တော့ ကျွန်တော်က အိမ်မှာအနေများတယ်။ အိမ်မှာပဲ အချိန်ကုန်လေ့ ရှိတယ်” ဟု ပြောကြားခဲ့သည်။
 

၎င်းက “အချိန်ရရင်တော့ တစ်ခါတလေ မြို့ထဲ လျှောက်ကြည့်ဖြစ်ပါတယ်။ ဒါပေမဲ့ ပုံမှန်ဆိုရင်တော့ အိမ်မှာပဲ အနေများတယ်။ လန်ဒန်မှာ နေရတာက ဖိစီးမှု များပါတယ်။ မြို့ကလည်း ကြီးတာကိုး”ဟု ဆိုသည်။ ၎င်းက ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝတွင် ဗာဟီရ ကိစ္စအများအပြားကို အတတ်နိုင်ဆုံး မျက်ကွယ်ပြုထားပြီး နေအိမ်တွင် အေးအေးလူလူ အနားယူနေခြင်းမှာ အရေးပါသော အလေ့အကျင့် တစ်ခုဟုလည်း မှတ် ချက်ပေး ခဲ့သည်။ “ဘောလုံးသမားတွေလည်း စွမ်းအင်ကုန်ခန်းပြီး ပြန်ဖြည့်တင်းရတာပဲ။ တစ်ပွဲကစားပြီးရင် ပြည့်ပြည့်ဝဝ ပြန်အနားယူဖို့ လိုတယ်။ ဒါကြောင့်လည်း တတ်နိုင်သမျှ ပြင်ပကိစ္စတွေကို အဆက်ဖြတ် ပြီး ကျွန်တော့် နားချိန်ကို ကောင်းကောင်း အသုံးချနေတာ ဖြစ်ပါတယ်”ဟု ဆန်းချက်ဇ်က ရှင်းပြသွားသည်။

Ref: Goal
Rate this item
(1 Vote)
M ဘွယ်

M-Bwel (Online Editor)

Related items

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616