HOT NEWS
Main menu
adv
ရွန်နီကို ခေါ်ယူရန် တရုတ် ကလပ်နှစ်ခု အပြိုင် ကြိုးပမ်းနေ

ရွန်နီကို ခေါ်ယူရန် တရုတ် ကလပ်နှစ်ခု အပြိုင် ကြိုးပမ်းနေ

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဝိန်းရွန်နီကို ကြောက်ခမန်းလိလိ လုပ်ခလစာမျိုးဖြင့် ကမ်းလှမ်းရန် တရုတ်ကလပ်နှစ်ခု အပြိုင်ကြိုးပမ်းနေကြောင်း သတင်းများ ထွက်ပေါ်လာသည်။
 


ချယ်လ်ဆီး ကွင်းလယ်လူ အော်စကာကို တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်း SIPGက စတာလင်ပေါင် (၅၂)သန်း ပြောင်းရွှေ့ကြေးပေးပြီး တစ်ပတ်လုပ်ခ စတာလင်ပေါင် (၄၀၀၀၀၀)ဖြင့် ခေါ်ယူသွားပြီးနောက် ရွန်နီသည် တရုတ်ကလပ်များ၏ နောက်ထပ် ပစ်မှတ် ဖြစ်လာကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။ မန်နေဂျာ ဟိုဆေးမော်ရင်ဟို လက်အောက်တွင် ပွဲထွက်နေရာအတွက် ရုန်းကန်နေရသော အသက် (၃၁)နှစ်အရွယ် ကစားသမားကို ကွမ်ကျိုး အဲဗားဂရင်း တာဘာအိုနှင့် ဘေဂျင်းဂိုအန် အသင်းများက တစ်ပတ်လုပ်ခ စတာလင်ပေါင် (၇၀၀၀၀၀)ထိ ပေးချေပြီး ခေါ်ယူရန် ပြိုင်ဆိုင် အားထုတ်နေကြောင်း သိရသည်။


အကယ်၍ ထိုလုပ်ခအတိုင်းသာ ရရှိရိုး မှန်ပါက ရွန်နီ၏ လုပ်ခသည် ခရစ္စယာနို ရော်နယ်လ်ဒိုထက် နှစ်ဆနီးပါး များပြားသွားမည် ဖြစ်သည်။ ၎င်းကို ခေါ်ယူလိုကြောင်း သတင်းထွက်နေသည့် စူပါလိဂ် နှစ်သင်းအနက် ကွမ်ကျိုးသည် တရုတ်တွင် အချမ်းသာဆုံး ဘောလုံးအသင်း အနေဖြင့် လူသိများနေသည်။ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ကားလို့စ်တီဗက်ဇ်သည်လည်း လက်ရှိကလပ် ဘိုကာဂျူနီယာမှ ထွက်ခွာကာ တရုတ်သို့ ပြောင်းရွှေ့ကစားရန် စီစဉ်နေပြီး ၎င်းသည် လုပ်ခလစာ တစ်ပတ် စတာလင်ပေါင် (၆၁၅၀၀၀)မျှ ရရှိမည်ဟု သတင်းကြီးလျက် ရှိသည်။


ရွန်နီမှာ ယူနိုက်တက်တွင် စာချုပ်သက်တမ်း (၂)နှစ် ကျန်နေပြီး တစ်ပတ် စတာလင်ပေါင် (၃၀၀၀၀၀)ထိ ခံစားခွင့် ရှိနေသည်။ ၎င်းသည် အိုးလ်ထရက်ဖို့ဒ်တွင် ဆက်နေရန် ဦးစားပေး စဉ်းစားဖွယ် ရှိသော်လည်း ယူနိုက်တက် ပွဲထွက်လူစာရင်းတွင် ရေရှည် အာမခံချက် မရနိုင်ပါက အပြောင်းအလဲ တစ်ရပ်ကို ရွေးချယ်လာနိုင်ကြောင်းလည်း သိရှိရသည်။

Ref: Mirror
Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

FacebookG+TwitterRSS