Main menu
HOT NEWS
adv
တရုတ်သို့ ပြောင်းရွှေ့တော့မည့် အော်စကာက ချယ်လ်ဆီး အသင်းကို ကျေးဇူးတင်စကား ဆို

တရုတ်သို့ ပြောင်းရွှေ့တော့မည့် အော်စကာက ချယ်လ်ဆီး အသင်းကို ကျေးဇူးတင်စကား ဆို

တရုတ်ကလပ် ရှန်ဟိုင်း SIPGသို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိခဲ့ပြီးနောက် ကွင်းလယ်လူ အော်စကာက ချယ်လ်ဆီး အသင်းကို အထူးတလည် ကျေးဇူးတင်ရှိကြောင်း ဖွင့်ဟခဲ့သည်။ အော်စကာသည် ဇန်နဝါ ရီ ဈေးကွက်ဖွင့်ချိန်တွင် ချယ်လ်ဆီး မန်နေဂျာဟောင်း အန်ဒရီဗီးလက်စ် ဘိုအာ့စ် လက်အောက်တွင် ကစားရန် တရုတ်စူပါလိဂ်သို့ ပြောင်းရွှေ့တော့မည် ဖြစ်သည်။

 

နာမည်ကြီး ကစားသမားများကို တရုတ်ကလပ်များက ငွေကြေးအလုံးအရင်းဖြင့် သိမ်းသွင်းနေမှုသည် ဆက်လက်အရှိန်ကောင်းနေပြီး ဘိုကာဂျူနီယာတိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်လည်း စူပါလိဂ် သို့ ပြောင်းရွှေ့ေ တာ့မည်ဟု သတင်းထွက်နေသည်။ ရှန်ဟိုင်းသည် အော်စကာအတွက် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၅၂)သန်းထိ ပေးချေ ခေါ်ယူသွားခြင်း ဖြစ်သည်။


သတင်းများအရ အော်စကာသည် တစ်ပတ်လုပ်ခ စတာလင်ပေါင် လေးသိန်းထိရရှိမည့် အလားအလာရှိနေပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ကျော်ကာ ကမ္ဘာပေါ်တွင်လုပ်ခအများဆုံး ဘောလုံး သမား ဖြစ်လာမည် ဟု သိရသည်။ အပြောင်းအရွှေ့ သဘောတူညီမှု ရရှိပြီးနောက် အော်စကာက “ချယ်လ်ဆီးကို ကျေးဇူးတင်ပါတယ်။ အသင်းပိုင်ရှင်၊ အသင်းဝန်ထမ်းတွေ အားလုံးဟာ ကျွန်တော် ချယ်လ်ဆီးမှာ ရှိနေချိန် အတော အတွင်း သိပ်ကို ပျော်ရွှင်အဆင်ပြေအောင် ကူညီခဲ့ပါတယ်။ အထူးသဖြင့် ကျေးဇူးတင်စကား ပြောချင်တာက ချယ်လ်ဆီးပရိသတ်တွေကိုပါ။ ပရိသတ်တွေက တကယ့်ကို ထူးကဲပါတယ်။ ဒီအသင်းရဲ့ အစိတ်အပိုင်း တစ် ခု ဖြစ် ခွင့်ရခဲ့တာကို ကျွန်တော်ဂုဏ်ယူနေမှာပါ။ ကျွန်တော်တို့ဟာ ဆုဖလားတချို့ ရယူနိုင်ခဲ့တယ်။ ယူရိုပါလိဂ်၊ လိဂ်ဖလား၊ နောက်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့တွေပေါ့။ ဒီအသင်း ဒီပရိသတ်ဟာ ကျွန်တော့် နှလုံး သားထဲမှာ ထာဝရ တည်ရှိနေမှာပါ”ဟု Instgramတွင် ရေးသားထားခဲ့သည်။ အော်စကာ၏ အပြောင်းအရွှေ့သည် တရုတ်စူပါလိဂ်၏ စံချိန်တင် ပြောင်းရွှေ့ကြေး အမြင့်ဆုံးလည်း ဖြစ်လာသည်။ ရှန်ဟိုင်းသည် ယခင် က ဇင်းနစ် စိန့်ပီတာစဘာ့ဂ် တိုက်စစ်မှူး ဟော့ခ်ကို စတာလင်ပေါင် (၄၇)သန်းဖြင့် ဝယ်ယူကာ တစ်ပတ်လုပ်ခ စတာလင်ပေါင် (၃၂၀၀၀၀) ပေးချေ၍ စာချုပ်ထားခဲ့ပြီး ဖြစ်သည်။

Ref: Daily Mail

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Related items

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191