HOT NEWS
Main menu
adv
ချန်ပီယံဆု ရယူရန် လုံလောက်သည့် အနေအထားတစ်ရပ် ပိုင်ဆိုင်ထားပြီဟု လီဗာပူးနည်းပြ ကလော့ပ် ဆို၊ ကော့တင်ဟို အား ခေါ်ယူရန်  ဘာစီလိုနာ စောင့်ကြည့်နေကြောင်း  ရော်နယ်လ်ဒင်ဟို ပြော

ချန်ပီယံဆု ရယူရန် လုံလောက်သည့် အနေအထားတစ်ရပ် ပိုင်ဆိုင်ထားပြီဟု လီဗာပူးနည်းပြ ကလော့ပ် ဆို၊ ကော့တင်ဟို အား ခေါ်ယူရန် ဘာစီလိုနာ စောင့်ကြည့်နေကြောင်း ရော်နယ်လ်ဒင်ဟို ပြော

လီဗာပူးနည်းပြ ကလော့ပ်က လက်ရှိကစားသမားစုဖွဲ့မှုနှင့် ခြေစွမ်းပိုင်းအရ ကစားကွက်စမ်းသပ်ဆဲကာလအား ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ် ကြောင်း၊ ချန်ပီယံဆုလွဲချော်ခဲ့သည့်  အစဉ်အလာဆိုးများအားမေ့ပစ်ပြီး ချန်ပီယံဆု ရယူရန် လုံလောက်သည့် အနေအထားတစ်ရပ်အား ပိုင်ဆိုင် ထားပြီဖြစ်ကြောင်း ဆိုခဲ့သည်။


အင်္ဂလန်အမှတ်ပေးချန်ပီယံသမိုင်းတွင် မန်ယူအသင်းနောက် ဒုတိယအအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်လျက်ရှိသည့် လီဗာပူးအသင်းသည် ၁၉၉ဝ ပြည့်နှစ်တွင် ချန်ပီယံဆု ရရှိခဲ့ပြီးနောက်ပိုင်း ဆယ်စု နှစ် နှစ် ခုအကျော်အထိ ချန်ပီယံဆု ရယူနိုင်ခြင်းမရှိခဲ့ပေ။ ထို့ပြင် လီဗာပူးအသင်းအနေဖြင့် ပရီးမီးယားလိဂ်ဟု အမည်ပြောင်းလဲကျင်းပခဲ့သည့် ၁၉၉၂ ခုနှစ်မှ ယနေ့အချိန်တွင် အမြင့်ဆုံးအောင်မြင်မှုအဖြစ် ဒုတိယ နေရာသာ ရယူထားနိုင်ခဲ့သည်။


''လက်ရှိအသင်း ရပ်တည်မှုအတွက် အသင်းသားအားလုံးကို အသိအမှတ်ပြုရမှာပါ။ နည်းပြတစ်ဦးတည်းနဲ့ အသင်းတစ်သင်းတည်းကို အောင်မြင်အောင်စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။ အားလုံးအတူတကွ လုပ်ဆောင်မှ အောင်မြင်မှုဆိုတာ ရောက်ရှိလာမှာပါ။ အဲဒီအတွက် ဆက်ပြီးကြိုးစားဖို့၊ ဆက်ပြီးအလုပ်လုပ် နိုင်ဖို့လိုအပ်ပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်ကတည်းက မရခဲ့ဖူးတဲ့ကျဆုံးမှုတွေကို မေ့ထား ပြီး လက်ရှိအချိန်မှာ အကောင်းဆုံး ကြိုးစားဖို့လိုအပ်ပါတယ်။ သေချာတာတစ်ခုက အသင်းအနေနဲ့ ချန်ပီ ယံဆုရယူနိုင်ဖို့ လုံလောက်တဲ့အနေ အထားတစ်ရပ်ကို ပိုင်ဆိုင်ထားပါပြီ'' ဟု လီဗာပူးနည်းပြကလော့ပ်က ဆို ခဲ့သည်။


ဒေါ့မွန်အသင်းနှင့်အတူ အမှတ်ပေးချန်ပီယံဆုရရှိအောင် စွမ်း ဆောင်ပေးနိုင်ခဲ့သည့် ဝါရင့်နည်းပြ ဂျာဂင်ကလော့ပ်သည် လီဗာပူးအသင်းအား စတင်တာဝန်ယူကိုင်တွယ်ခဲ့ချိန်၌ အောင်မြင်မှုအထိုက် အလျောက် ရ ရှိအောင် စွမ်းဆောင်ပြနိုင်ခဲ့ပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ရန် လုပ်ဆောင် ပြနိုင်ခဲ့သည်။ ထို့အတူ ဆက်စပ်သတင်းများအရ ဒဏ်ရာကြောင့်အနားယူနေရသည့် တောင်ပံကစားသမားကော့ တင် ဟို သည် ဥရောပအသင်းကြီးတစ်သင်းဖြစ်သည့် ဘာစီလိုနာအသင်း၏ စိတ်ဝင်စားခြင်းကိုခံနေရကြောင်း ဘရာဇီးကွင်းလယ်ကစားသမား ဟောင်းဖြစ်သူ ရော်နယ်လ်ဒင်ဟိုက ထုတ်ဖော်ပြောကြားခဲ့သည်။


''ကော့တင်ဟိုဆိုတာ ဥရောပ ရဲ့ထိပ်တန်းကစားသမားတစ်ဦးပါ။ အဲဒီအတွက် အကောင်းဆုံးအသင်း တစ်သင်းဖြစ်တဲ့ ဘာစီလိုနာအသင်းက အလိုရှိနေတယ်ဆိုတာ မဆန်းပါဘူး။ ဒါပေမဲ့ လီဗာပူးအသင်းအ နေ နဲ့ ပြန်လည်တည်ဆောက်နေတဲ့ အသင်းအတွက် ကော့တင်ဟိုကို ဆက်လက်ထိန်းသိမ်းထားလိုနေပါတယ်။ သေချာတာတစ်ခုကတော့ ဘာစီလိုနာအသင်းတာဝန်ရှိသူတွေအနေနဲ့ ကော့တင်ဟိုကိုခေါ်ယူဖို့ အ ချိန် အတိုင်း အတာတစ်ခုအထိ စောင့် ကြည့်နေတယ်ဆိုတာပါပဲ''ဟု ရော် နယ်လ်ဒင်ဟိုက ဆိုခဲ့သည်။

WKM

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Related items

Login to post comments
back to top
adv

adv

FacebookG+TwitterRSS