HOT NEWS
Main menu
ချယ်လ်ဆီးတွင် ကော်တွိုက်စ် ဆက်ရှိမည်ဟု ကွန်တီ အာမခံ

ချယ်လ်ဆီးတွင် ကော်တွိုက်စ် ဆက်ရှိမည်ဟု ကွန်တီ အာမခံ

နွေရာသီတွင် ချယ်လ်ဆီးကို စွန့်ခွာနိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသည့် ဂိုးသမား သီဘောက် ကော်တွိုက်စ်သည် မိမိတို့နှင့်အတူတကွ ဆက်ရှိနေမည်ဟု အသင်းမန်နေဂျာ အန်တိုနီယိုကွန်တီက အာမခံ ပြော ကြားလိုက်သည်။
 


အသက်(၂၄)နှစ်ရှိ ဘယ်လ်ဂျီယံ လက်ရွေးစင်သည် ယခုရာသီ ပရီးမီးယားလိဂ်၌ (၁၂)ပွဲဆက်တိုက် အနိုင်ယူကာ ဇယားထိပ်၌ (၆)မှတ်ဖြတ် ဦးဆောင်နေသော ချယ်လ်ဆီးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက် ရှိသည်။ ၎င်းကို နွေရာသီ ဈေးကွက်တွင် ရီးယဲလ်မက်ဒရစ်က ခေါ်ယူမည်ဟု သတင်းကြီးနေသော်လည်း အီတလီသား မန်နေဂျာက ကော်တွိုက်စ်ကို ဆက်ထိန်းထားမည်ဟု အတည်ပြုခဲ့သည်။ ချယ်လ် ဆီးကလည်း အခြား ဥရောပ ထိပ်သီးများ၏ အာရုံကျမှုကို တွန်းလှန်ရန်အတွက် ကော်တွိုက်စ်ကို သက်တမ်းတိုး စာချုပ်သွားရန် စီစဉ်နေသည်။


ကွန်တီက “ကော်တွိုက်စ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို လိုက်ရှင်းနေဖို့က သိပ်တော့ အရေးမကြီးပါဘူး။ သူက ကျွန်တော်တို့ အသင်းရဲ့ အရေးအပါဆုံး ကစားသမား တစ်ယောက်ပါ။ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကျွန်တော့်အတွက်တော့ အကောင်းဆုံးပါပဲ။ လက်ရှိ သူ့စွမ်းဆောင်ရည်က အရမ်းကို ထူးကဲနေပါတယ်။ သူဟာ ကျွန်တော်တို့နဲ့ ဆက်နေမှာပါ။ ဒါက သိပ်အရေးကြီးတဲ့ အချက်ပါ။ ကျန်တဲ့ ကိစ္စတွေက ထင်ကြေး သက်သက်ပါပဲ”ဟု ဆိုသည်။ ၎င်းက “ဒီရာသီ သူ့လက်စွမ်း အရမ်းကောင်းနေပါတယ်။ လက်နဲ့ကာကွယ်ပုံတွေတင်မကဘဲ ခြေထောက် အသုံးပြုပြီး ကာကွယ်တဲ့ အပိုင်းတွေ ပါ ဘယ်လောက် ထူးချွန်သလဲ ဆိုတာကို မြင်ကြရမှာပါ။ ကျွန်တော့်အမြင်မှာတော့ သူဟာ ပြီးပြည့်စုံတဲ့ စံပြ ဂိုးသမား တစ်ယောက်ပါပဲ”ဟုလည်း ပြောကြားသွားခဲ့သည်။

Ref: Goal

Rate this item
(0 votes)
M ဘွယ်

M-Bwel (Assistance Online Editor)

Related items

Latest from M ဘွယ်

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS