HOT NEWS
Main menu
ပဲလေ့စ်ကို သွင်းယူခဲ့သည့် ကင်းမြီးကောက် ဂိုးမှာ  ကစားသမား ဘဝ အကောင်းဆုံး ဂိုးဟု ဂျီရော့ဒ် သတ်မှတ်၊ နည်းပြ သက်တမ်း တစ်လျှောက် ဂျီရော့ဒ် သွင်းဂိုးမှာ အလှပဆုံး ဖြစ်ကြောင်း အာစင်ဝင်းဂါး ချီးကျူး

ပဲလေ့စ်ကို သွင်းယူခဲ့သည့် ကင်းမြီးကောက် ဂိုးမှာ ကစားသမား ဘဝ အကောင်းဆုံး ဂိုးဟု ဂျီရော့ဒ် သတ်မှတ်၊ နည်းပြ သက်တမ်း တစ်လျှောက် ဂျီရော့ဒ် သွင်းဂိုးမှာ အလှပဆုံး ဖြစ်ကြောင်း အာစင်ဝင်းဂါး ချီးကျူး

ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲစဉ်တွင် သွင်းယူခဲ့သည့် ကင်းမြီးကောက်သွင်းဂိုးမှာ မိမိ၏ကစားသမားဘဝ၌ အကောင်းဆုံးသွင်းဂိုးဖြစ်ခဲ့ပြီး ထိုသွင်းဂိုးမှာ ကံတရားကြောင့်ရရှိခဲ့ခြင်းဖြစ်သည်ဟု အာဆင်နယ်တိုက်စစ်မှူး ဂျီရော့ဒ်က ပွဲအပြီးတွင် သတင်းထောက်များကို ပြောကြားသွားခဲ့သည်။ ဆန်းချက်ဇ်၏ပေးပို့မှုမှ ဘယ်ခြေဖြင့်ချိတ်ကာ နောက်ပြန်သွင်းယူခဲ့သည့်သွင်းဂိုးဖြင့် အာဆင်နယ်အသင်းသည် ပဲလေ့စ်ကို ၂-ဝ ဂိုးဖြင့် အနိုင်ရ ပြီး အမှတ်ပေးဇယား တတိယနေရာထိတက်လှမ်းလာနိုင်ခဲ့ကာ အဆိုပါသွင်းဂိုးမှာ မန်ယူမှ မာခီတာရန်၏ သွင်းဂိုးနှင့်တူညီနေခဲ့သည်။


''ဒီဂိုးဟာ ကျွန်တော့်ရဲ့ကစား သမားဘဝတစ်လျှောက်မှာ အကောင်းဆုံးဂိုးလို့ထင်ပါတယ်။ ဆန်းချက်ဇ် ပေးလိုက်တဲ့ဘောလုံးဟာ ကျွန်တော့် နောက်ကို အနည်းငယ်ရောက်နေတာ သိလိုက်ပြီး ဖနောင့်နဲ့ချိတ်ဖို့ ကြိုးစား လိုက်တာပါ။ ကံကောင်းစွာနဲ့ဘဲ ဂိုးသမားကိုကျော်ပြီး ဂိုးဝင်သွားခဲ့တာပါ။ ဟန်ချက်ညီလို့ရတာမဟုတ်ပါဘူး။ နောက်တစ်ကြိမ်ဒီလိုသွင်းဖို့ဆိုတာလည်း မလွယ်ကူတော့ပါဘူး။ နှစ်သစ်မှာ ပထမဆုံးနိုင်ပွဲရတဲ့အတွက် လည်း ကျေနပ်ပျော်ရွှင်မိပါတယ်''ဟု ဂျီရော့ဒ်က သူ၏ခံစားချက်ကို ဖွင့်ဟသွားခဲ့သည်။ ဂျီရော့ဒ်သည် ရာသီအစတွင် ခြေစွမ်းပျောက်ဆုံးခဲ့ခြင်းကြောင့် ပွဲထွက်ခွင့်ဆုံးရှုံးခဲ့ပြီး ယခုအခါတွင် နှစ်ပွဲဆက်ပွဲထွက်ခွင့်ရခြင်း မှာ ပထမ ဆုံးအကြိမ်လည်းဖြစ်ခဲ့သည်။


ပဲလေ့စ်အသင်းဘက်သို့သွင်းယူခဲ့သည့် ဂျီရော့ဒ်၏ ကင်းမြီးကောက်သွင်းဂိုးမှာ နည်းပြသက်တမ်းတစ်လျှောက် အလှပဆုံးသွင်းဂိုးတစ်ဂိုး ဖြစ်ကြောင်းလည်း နည်းပြအာစင်ဝင်းဂါးက ချီးကျူးသွားခဲ့သည်။ ''ဒီလိုသွင်းဖို့ ဆိုတာ လေ့ကျင့် ရေးကွင်းမှာမလုပ်နိုင်ပါဘူး။ အံ့အားသင့်စရာကောင်းသလို အချိန်ခဏတာလေးအတွင်းမှာ ခံစားမှုပေးစွမ်းခဲ့တဲ့အတွက် အနုပညာမြောက်တဲ့သွင်းဂိုးလို့တောင် ပြောလို့ရပါတယ်။ တိုက်စစ်မှူးတစ်ဦး ဟာ မမေ့နိုင်တဲ့ သွင်းဂိုးတော့ရှိတာပဲလေ။ ဒီသွင်းဂိုးဟာ ဂျီရော့ဒ်အတွက် ဘယ်တော့မှ မေ့မရတဲ့ သွင်းဂိုးဖြစ်လာနိုင်ပါတယ်။ ကျွန်တော့်နည်းပြဘဝမှာ ကစားသမားတွေအများကြီးနဲ့ ဆုံတွေ့ခဲ့ဖူးပြီး လှပတဲ့သွင်း ဂိုးတွေလည်း မြင်ခဲ့ရပါတယ်။ ဒီထဲမှာ ဂျီရော့ဒ်သွင်းဂိုးက ထိပ်ဆုံးငါးဂိုးမှာ ပါဝင်ပါတယ်''ဟု အာစင်ဝင်းဂါးက ချီးကျူးသွားခဲ့သည်။ အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၂ဝ ၌ ဘုန်းမောက် နှင့် အဝေးကွင်း ပွဲစဉ်အဖြစ်ရင်ဆိုင် ရမည်ဖြစ်သည်။     

       
WKM

#democracytoday

Last modified onTuesday, 03 January 2017 16:15
Rate this item
(0 votes)
M ဘွယ်

M-Bwel (Assistance Online Editor)

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS