Main menu
HOT NEWS
adv
ပင်နယ်တီ နှစ်ကြိမ် ခွင့်ပြုပေးခဲ့ရသည့် အပေါ် လက်ခံနိုင်ရန် ခက်ခဲကြောင်း လီဗာပူးနည်းပြ ညည်းတွား

ပင်နယ်တီ နှစ်ကြိမ် ခွင့်ပြုပေးခဲ့ရသည့် အပေါ် လက်ခံနိုင်ရန် ခက်ခဲကြောင်း လီဗာပူးနည်းပြ ညည်းတွား

တန်းဆင်းဇုန်တွင် ရပ်တည်နေသည့် ဆန်းဒါးလန်းအသင်းအား အနိုင်မရရှိခဲ့သည့်အတွက် ချဲလ်ဆီးအသင်းနှင့် အမှတ်ကွာဟမှု မြင့်တက်ခဲ့ပြီး လီဗာပူးအသင်းနည်းပြ ကလော့ပ်က ဆုံးဖြတ်ချက်အချို့ကြောင့် နစ်နာခဲ့ ရကြောင်း၊ ပင်နယ်တီနှစ်ကြိမ်ခွင့်ပြု ပေးခဲ့ရသည့် အပေါ်လက်ခံရန်ခက်ခဲကြောင်း ပွဲအပြီးတွင်ပြောကြားခဲ့သည်။


သရေရလဒ်နှင့်ရင်ဆိုင်ခဲ့ရသည့် လီဗာပူးအသင်းအနေဖြင့် ဇယားထိပ်ပိုင်းမှ ချဲလ်ဆီးထက် ၁ ပွဲပို ကစားကာ ၅ မှတ်ကွာဟနေသည့် အနေအထားအပြင် စပါးအသင်းအား ချဲလ်ဆီးအနိုင်ရရှိခဲ့ပါက ရမှတ် ၈ မှတ်အထိ ကွာဟသွားနိုင်သည့် အခြေအနေများကြောင့် ယခုကဲ့သို့ ဝေဖန်ခဲ့ခြင်းဖြစ်သည်။ ''ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်အချို့က အသင်းအတွက်နစ်နာစေခဲ့ပါတယ်။ အထူးသဖြင့် ပင်နယ်တီနှစ်ကြိမ် ခွင့်ပြုခဲ့တဲ့အပေါ်မှာ လက်ခံ ဖို့ တော်တော်လေးခက်ခဲခဲ့ပါတယ်။ ပြိုင်ဘက်ကစားသမားအနေနဲ့ ရည်ရွယ်ချက်ရှိရှိ ဒိုင်ဗင်ထိုးခဲ့တဲ့အပေါ် ပင်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့တဲ့ ဒိုင်ရဲ့လုပ်ရပ်က စိတ်ပျက်စရာပါ။ အရိုးသားဆုံးဝန်ခံရရင် တကယ်ကို မဖြစ်သင့်ပါဘူး။ ဆန်းဒါးလန်းအသင်းအနေနဲ့ ပင်နယ်တီနှစ်လုံးနဲ့ ရမှတ်တစ်မှတ် ရယူသွားခဲ့တာပါ''ဟု လီဗာပူးအသင်းနည်းပြ ဂျာဂင်ကလော့ပ်က ဆိုခဲ့သည်။


WKM

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Related items

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616