Main menu
HOT NEWS
adv
အသင်းမှ ထွက်ခွာခွင့်ပေးရန် ဆောက်သမ်တန် နောက်ခံလူ ဖွန်တီ တောင်းဆို

အသင်းမှ ထွက်ခွာခွင့်ပေးရန် ဆောက်သမ်တန် နောက်ခံလူ ဖွန်တီ တောင်းဆို

ဆောက်သမ်တန်အသင်း နောက်တန်းကစားသမား ဖွန်တီမှာ အသင်းကနေ ထွက်ခွာခွင့်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။ အသက် ၃၃ နှစ်ရှိ ပေါ်တူဂီလက်ရွေးစင် ဖွန်တီမှာ ဆောက်သမ်တန်အသင်းနှင့် စာချုပ်သက်တမ်း ၁၈ လ ကျန်ရှိနေပြီး အသင်းက စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို ငြင်းပယ်ထားသူ ဖြစ်သည်။ ယင်းကဲ့သို့ အသင်းမှထွက်ခွာခွင့် ပေးရန် တောင်းဆိုထားမှုအပေါ် အသင်းအားကစား ဒါရိုက် တာ ကလည်း ဝန်ခံပြောထားသည်။

 

''စာချုပ် သက်တမ်းတိုးဖို့ ဆွေးနွေးမှုမှာ တိုးတက်လာပေမယ့် အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုတာကလဲ သူ့ရဲ့အခွင့်အရေးပါ။ အသင်းကနေ ထွက်ခွာချင်တယ်လို့လဲ တရားဝင် တောင်းဆိုထားပါတယ်'' ဟု ဆောက်သမ်တန်အသင်း အားကစားဒါရိုက်တာ လက်စ်ရိဒ်က ပြောကြားသည်။  ဆောက်သမ်တန် အသင်းခေါင်း ဆောင်ဖြစ်သည့် ဖွန်တီမှာ ပြီးခဲ့သည့် ယူရို ၂ဝ၁၆ ပြိုင်ပွဲ၌ ပေါ်တူဂီအသင်း ချန်ပီယံဖြစ်ရာတွင် အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသခဲ့သဖြင့် ထိပ်တန်းအသင်းကြီးများကလည်း ခေါ်ယူလိုနေသည်။ ဖွန်တီမှာ ၂ဝ၁ဝ ပြည့်နှစ်က ခရစ္စတယ်ပဲလေ့စ်အသင်းမှ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ဆောက်သမ်တန် အသင်း အတွက် ၂၈၈ ပွဲအထိ ကစားထားသည့် ဗဟိုခံစစ် ကစားသမားတစ်ဦး ဖြစ်သည်။ ဖွန်တီကို ခေါ်ယူရန်အတွက် မန်ယူအသင်း စိတ်ဝင်စားခဲ့ဖူးပြီး တခြားထိပ်တန်းအသင်းများကလည်း ဖွန်တီကို ကမ်းလှမ်းသွားဖွယ် ရှိနေသည်။

WKM

#theflowernews

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191