Main menu
HOT NEWS
adv
ဂျွန်တယ်ရီ၏ အနီကတ် ပြစ်ဒဏ်အတွက် ချဲလ်ဆီး အယူခံဝင်မည်

ဂျွန်တယ်ရီ၏ အနီကတ် ပြစ်ဒဏ်အတွက် ချဲလ်ဆီး အယူခံဝင်မည်

ချဲလ်ဆီးအသင်း တာဝန်ရှိသူများသည် ပီတာဘရော့အသင်းအား အနိုင်ရရှိခဲ့သည့် အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်တွင် အနီကတ် ပြထုတ်ပယ်ခံခဲ့ရသည့် အသင်းခေါင်းဆောင် ဂျွန်တယ်ရီ၏ အနီကတ် ပြစ်ဒဏ် အား အယူခံဝင်သွားမည် ဖြစ်ကြောင်း အသင်းပိုင်ဝက်ဘ်ဆိုက်မှတစ်ဆင့် အတည်ပြုသတင်းထုတ် ပြန်ခဲ့သည်။


ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသည့်အပြင် အသက်အရွယ်ပိုင်းအရ ပွဲထွက်ကစားခွင့် ဆုံးရှုံးနေသည့် အသင်းခေါင်းဆောင် ဂျွန်တယ်ရီသည် အက်ဖ်အေဖလားပွဲစဉ်တွင် အသင်းအတွက် ပွဲထွက်ကစားခွင့် ပြန်လည် ရရှိခဲ့ပြီး ပြိုင်ဘက်တိုက် စစ်မှူးလီအန်ဂိုးအား ဖြတ်ထုတ်ခဲ့မှုအပေါ် ကွင်းလယ်ဒိုင်ကီဗင်ဖရန့်က တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။ ''ကွင်းလယ်ဒိုင်အနေနဲ့ တကယ်ကို နုံချာတဲ့ဆုံးဖြတ်ချက်တစ်ခုကို ချ မှတ်ခဲ့တာပါ။ အနီကတ်ပြစ် ဒဏ်ပြဖို့ လုံလောက်တဲ့အခြေအနေ ရှိမနေခဲ့ပါဘူး။ ဒါပေမဲ့ ဒိုင်ရဲ့ဆုံး ဖြတ်ချက်ကိုလေးစားရမှာပါ။ ဂျွန်တယ်ရီရဲ့အနီကတ်ပြစ်ဒဏ်က လုံး ဝမမျှတဘူးလို့ ခံယူမိတဲ့အတွက် အက်ဖ်အေကို အယူခံဝင်သွားမှာပါ။ ဆုံးဖြတ်ချက် အမှားတစ်ခုကြောင့် တစ်ယောက်လျော့ နည်းအနေအထားနဲ့ပြိုင်ဘက်ကို ရင်ဆိုင်ခဲ့ရပေမယ့် အတည်ငြိမ်ဆုံးခြေစွမ်းနဲ့အတူ အ နိုင်ရလဒ်ရရှိခဲ့တဲ့အတွက် ကျေနပ်မိပါတယ်''ဟု ချဲလ် ဆီးနည်းပြကွန်တီက ပြောကြားခဲ့သည်။  

WKM

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Related items

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191