HOT NEWS
Main menu
adv
တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုအတွက် လီဗာပူးနည်းပြ ကလော့ပ်အား ရွန်းနီ ရွေးချယ်

တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုအတွက် လီဗာပူးနည်းပြ ကလော့ပ်အား ရွန်းနီ ရွေးချယ်

အင်္ဂလန် အသင်းခေါင်းဆောင် ရွန်းနီသည် ၂ဝ၁၆ ခုနှစ်အတွက် အကောင်းဆုံးကစားသမားနှင့် နည်းပြများအတွက် မဲပေးခဲ့ရာ၌ မန်ယူအသင်းဖော်ဟောင်း စီရော်နယ်ဒိုနှင့် အကောင်းဆုံး နည်းပြဆုအတွက် ပရီးမီး ယားလိဂ်ပြိုင်ဘက် လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်အား အံအားသင့်ဖွယ်ရွေးချယ်ခဲ့ကြောင်း ဖီဖာမှ ထုတ်ပြန်ခဲ့သည့်ရလဒ်များအရ သိရသည်။


လက်ရွေးစင် အသင်းနည်းပြများနှင့် အသင်းခေါင်းဆောင်တို့သာ မဲပေးခွင့်ရှိသည့် အဆိုပါအကောင်းဆုံးဆုပေးပွဲတွင် အကောင်းဆုံး ကစားသမားဆုအား ရီးရဲလ်၊ ပေါ်တူဂီလက်ရွေးစင် အသင်းများနှင့် အတူ အောင်မြင်မှုများရရှိခဲ့သည့် စီရော်နယ်ဒိုကရရှိခဲ့ပြီး အကောင်းဆုံးနည်း ပြဆုကိုမူ လက်စတာအသင်းအား သမိုင်းဝင်အောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြ ရာနီရေးရီတို့ အကောင်းဆုံးဆုများ အသီးသီးရရှိခဲ့ကြသည်။


ရွန်းနီအနေဖြင့် အကောင်းဆုံး ကစားသမားဆုအတွက် စီရော်နယ်ဒို၊ ဆွာရက်ဇ်၊ ဗာဒီတို့အား ရွေးချယ်ခဲ့ပြီး အင်္ဂလန်နည်းပြဂါရတ်ဆောက် ဂိတ်ကမူ စီရော်နယ်ဒို၊ ဂရစ်ဇ်မန်း၊ ကန်တီတို့အား အစဉ်လိုက် အသီး သီး ရွေးချယ်ခဲ့ကြသည်။ ထို့အတူ ဗြိတိန် ကျွန်းစုလက်အောက်ခံနိုင်ငံအသင်းများဖြစ်သည့် ဝေးလ်၊ စကော့တလန်၊ မြောက်အိုင်ယာလန် နိုင်ငံများအနေ ဖြင့်လည်း စီရော်နယ်ဒိုကိုသာ အဓိကထားရွေးချယ်ခဲ့ကြောင်း မှတ်တမ်း များအရ သိရသည်။


WKM

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

FacebookG+TwitterRSS