HOT NEWS
Main menu
လုပ်ပွဲ အရှုပ်တော်ပုံ အပြီး ဓနအင်အားနှင့် အတူ ကစားသမား အပြောင်းအရွှေ့   ဈေးကွက်ကို ဦးဆောင်လာသူ

လုပ်ပွဲ အရှုပ်တော်ပုံ အပြီး ဓနအင်အားနှင့် အတူ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်ကို ဦးဆောင်လာသူ

သမားအားလုံးရဲ့ အိပ်မက်အဖြစ် ဖမ်းစားနိုင်ခဲ့တဲ့ ဥရောပဘောလုံးရပ်ဝန်းရဲ့ ဆွဲဆောင်မှုကို အာရှတိုက် အရှေ့ပိုင်းနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက စတင်ခြိမ်းခြောက်နိုင်ခဲ့ပါပြီ။ ၂ဝ၁၄ ခုနှစ် နောက်ပိုင်း တိုး တက်လာတဲ့ တရုတ်နိုင်ငံရဲ့ ပရော်ဖက်ရှင်နယ်လိဂ်မှာ ငွေကြေးဓနအင်အား မြောက်များစွာ အသုံးပြုနိုင်ခြင်းက လူငယ်ကစားသမားများအပြင် ထိပ်သီးကစားသမားတွေအထိ ဆွဲဆောင်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဆယ်စုနှစ် တစ်ခုအတွင်း ငွေကြေးခဝါချမှု၊ ငွေဖြူ-ငွေမည်း လဲလှယ်မှု၊ လုပ်ပွဲကစားမှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ တရုတ်အမှတ်ပေးလိဂ် စတင်ခဲ့သည်များကို ပြန်လှန်ကြည့်မည်ဆိုလျှင်...

 

Chinese Jia-A League မှ
China Super League သို့ လားရာ

အာရှဘောလုံးလောကတွင် ဒုတိယတန်းအဆင့်သာ ရှိသည့် တရုတ်နိုင်ငံအနေဖြင့် ဒေသတွင်း နိုင်ငံများထက် ဘောလုံးဖွံ့ဖြိုးမှု နှေးကွေးခဲ့ပြီး ၁၉၈၇ ခုနှစ်တွင်မှ ဆီမီးပရိုအဆင့်သာ ရှိနေခဲ့ပြီး အာရှထိပ်သီး ဂျပန်၊ ကိုရီးယား၊ ဆော်ဒီအာရေဗီးယားနိုင်ငံများ နောက်တွင်မှ ပရော်ဖက်ရှင်နယ်လိဂ်အဆင့်သို့ ပြောင်းလဲကျင်းပ နိုင်ခဲ့သည်။ သို့သော်လိဂ်ပြိုင်ပွဲစတင်ပြီး ခုနစ်နှစ်အကြာတွင် ဆီမီးပရိုအဆင့်မှ ပရော်ဖက်ရှင်နယ် ဆုကြေး စား ပြိုင်ပွဲအဖြစ် စတင် ပြောင်းလဲကာ Chinese Jia-A League  အမည်ဖြင့် စတင်ကျင်းပ နိုင်ခဲ့သည်။


သို့သော် ဆယ်စုနှစ်တစ်ခုမပြည့်မီမှာတင် ဘဏ္ဍာရေး စည်းကမ်းတင်းကျပ်မှု လိုအပ်ချက်များကြောင့် အသင်းများ၊ကစားသမားများအကြား လာဘ်စားမှု၊ ငွေကြေးဖြင့် လုပ်ပွဲကစားမှုများက တရုတ် ဘောလုံးလောက အတွက် အမည်းစက်တစ်ခုဖြစ်ခဲ့ပြီး China Super League အဖြစ် ပြောင်းလဲရန် လမ်းစတစ်ခု ဖြစ်လာခဲ့သည်။ အသစ် ပြန်လည်ဖွဲ့စည်းပြီးနောက် ၂ဝဝ၄ ခုနှစ်မှ စ၍ ဆယ်စုနှစ် တစ်ခုအတွင်း ငွေကြေးအင် အား တောင့်တင်းသည့် စီးပွားရေးအုပ်စုများ၏ ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံ့စီးပွားရေး တိုးတက်မှုနှင့်အတူ အစိုးရ၏ထောက်ပံ့မှုများတစ်ဆင့် ဝါရင့်နည်းပြ၊ ထိပ်တန်း ကစားသမားအချို့ ခေါ်ယူနိုင်လာခဲ့သည်။


ပရိသတ်၊ ရုပ်သံထုတ်လွှင့်ခများမှ
မြင့်မားသော လစာပေးချေမှုများဆီ သို့

ဥရောပထိပ်သီး အမှတ်ပေးလိဂ်များနည်းတူ ရုပ်သံထုတ်လွှင့် မှုများမှတစ်ဆင့် အဓိကဝင်ငွေရရှိခဲ့သည့် တရုတ်စူပါလိဂ်ကလပ် အသင်းများသည် ၂ဝ၁၂ ခုနှစ် ဝန်းကျင်မှာတင် အမြတ်ငွေများစွာ ရရှိခဲ့ပြီး စစ်တမ်း အချို့အရ နိုင်ငံသုံး ငွေကြေး ယွမ်တစ်ဘီလီယံအထိ ရရှိခဲ့သည်။ အာရှတိုက် အရှေ့အလယ်ပိုင်း ကလပ်အသင်းများနည်းတူ အများပိုင် ရှယ်ယာစနစ်ကို ကျင့်သုံးခဲ့ခြင်းက တရုတ်စူပါလိဂ်ကို ပိုမိုအသက်ဝင်စေခဲ့ပြီး ယွမ် ရှစ်ဘီလီယံတန်ကြေးရှိ ရုပ်သံအမြတ်ငွေများမှတစ်ဆင့်လိဂ်အဆင့်အတန်းကို ပိုမိုမြင့်တက်လာခဲ့သည်။ ထို့အတူ စူပါလိဂ်ပြိုင်ပွဲဝင် ၁၆ သင်းတွင် စီးပွားရေးအင်အား တောင့်တင်းသည့် စီးပွားရေးအုပ်စု ဆယ် စုကြောင့် ပြိုင်ပွဲဝင်အသင်းများအကြား ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာကာ မြင့်မားသည့် အသုံးစရိတ်များ အသုံးပြုလာခဲ့သည်။ စစ်တမ်းများအရ ၂ဝ၁၆ တစ်နှစ်တည်းမှာတင် တရုတ်အသင်းများအနေဖြင့် အမေရိ ကန်ဒေါ်လာ သန်း ၄၂ဝ အထိ အသုံးပြုခဲ့ခြင်းက ပရီးမီးယားလိဂ်၊ လာလီဂါတို့ထက် သာလွန်နေခဲ့ခြင်းက စီးပွားရေးလုပ်ငန်းရှင် အုပ်စုများ၏ ရင်း နှီးမြှုပ်နှံမှု အပါအဝင် နှစ်ရှည်စာချုပ် ချုပ်ဆိုထားသည့် ရုပ်သံထုတ် လွှင့်မှုများကြောင့် ဖြစ်ကြောင်း သုံးသပ်ရမည် ဖြစ်သည်။


လုပ်ပွဲ အရှုပ်တော်ပုံအပြီး ကမ္ဘာ့
အပြောင်းအရွှေ့ဈေးကွက်ကို ဦးဆောင်လာခြင်း

၂ဝ၁၆ ခုနှစ် ကစားသမား အပြောင်းအရွှေ့တွင် ရှက်တာဒိုး နက်ခ်ကွင်းလယ်လူ တိုင်ဇီယာ၊ အက်သလက်တီကို တိုက်စစ်မှူး မာတီနက်ဇ်၊ ချဲလ်ဆီးကွင်းလယ်လူ ရာမီးရက်ဇ်တို့ကို စံချိန်တင် ပြောင်းရွှေ့ကြေးများ စွာဖြင့် ခေါ်ယူခဲ့သည့် တရုတ်အသင်းများအ နေဖြင့် ယနေ့တွင် ကမ္ဘာ့အပြောင်းအရွှေ့ဈေးကွက်အား အံအား သင့်ဖွယ် ခြိမ်းခြောက်ကာ ဦးဆောင်လာခဲ့ပြီဖြစ်သည်။ အမေရိကန် မေဂျာလိဂ်အသင်းများကို စံနမူနာထား ခဲ့သည့် တရုတ်ကလပ် အသင်းများ၏ ယနေ့အသုံးစရိတ်မှာ တစ်နှစ်အတွင်း ကန်ဒေါ်လာ သန်း ၂ဝဝ အထိရှိလာခဲ့ပြီလည်း ဖြစ်သည်။ လက်ရှိ ဖွင့်လှစ်ထားသည့် အပြောင်းအရွှေ့ဈေးကွက်မှာတင် အော်စကာ၊ တိဗက်ဇ်၊ မီခေးလ်တို့အား ခေါ်ယူထားပြီး ရွန်းနီ၊ ဒီယေဂို ကော်စတာ၊ အီဘရာဟီမိုဗစ်ခ်ျ အစရှိသည့် ပရီးမီးယားလိဂ် ထိပ်သီးကစား သမားများကိုပင် တရုတ် အသင်းများက ပစ်မှတ်ထားလာခဲ့ပြီလည်း ဖြစ်သည်။


ကမ္ဘာ့လစာငွေ အများဆုံးရရှိနေသည့် ထိပ်ဆုံးကစားသမား ၂ဝ တွင် တစ်ပတ်လုပ်ခ လစာ ပေါင် ခြောက်သိန်းကျော် ပေးချေ နေရသည့် တိဗက်ဇ်အပါအဝင် ကစားသမားငါးဦးအထိ ရှိနေသည့် တရုတ်စူပါလိဂ် အသင်းများအနေဖြင့် လုပ်ပွဲအရှုပ်တော်ပုံအပြီး တောင့်တင်းသည့် ဓနအင်အားနှင့်အတူ ကမ္ဘာ့ အပြောင်းအရွှေ့ လောကကို ဦးဆောင်လျက်ရှိကြောင်း သုံးသပ် ဖော်ပြပေးလိုက်ပါသည်။                            

ညီသွေးသစ်

#theyangontimes

Rate this item
(0 votes)
M ဘွယ်

M-Bwel (Assistance Online Editor)

Latest from M ဘွယ်

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS