Main menu
HOT NEWS
adv
အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ်များထွက်ပေါ်၊  ချဲလ်ဆီး-မန်ယူ ထိပ်တိုက်တွေ့ဆုံနေ၊ ရလဒ်ကောင်းအတွက် ချဲလ်ဆီး အာရုံအပြည့် စိုက်လာနိုင်ဟု မော်ရင်ဟို စကားစစ်ထိုး

အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ်များထွက်ပေါ်၊ ချဲလ်ဆီး-မန်ယူ ထိပ်တိုက်တွေ့ဆုံနေ၊ ရလဒ်ကောင်းအတွက် ချဲလ်ဆီး အာရုံအပြည့် စိုက်လာနိုင်ဟု မော်ရင်ဟို စကားစစ်ထိုး

အက်ဖ်အေဖလားပဉ္စမအဆင့် ပွဲစဉ်များအပြီး ကွာတားဖိုင်နယ်ပွဲစဉ်များအတွက် မဲခွဲဆုံးဖြတ်ခဲ့ရာတွင် ပရီးမီးယားလိဂ် ထိပ်သီးအသင်းကြီး နှစ်သင်းဖြစ်သည့် ချဲလ်ဆီးအသင်းနှင့် မန်ယူအသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး စပါးအသင်းမှာမူ မီဝေါလ်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည့်အတွက် ပွဲချောင်နေခဲ့သည်။ ဘလက်ဘန်းအသင်းအား နောက်ကျသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နောက် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် လက်ရှိချန်ပီယံမန်ယူအသင်းသည် လက်ရှိပရီး မီးယားလိဂ်အမှတ်ပေးဇယားအား ဦးဆောင်လျက်ရှိသည့် ချဲလ်ဆီးအသင်း၏အိမ်ကွင်းတွင် သွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မစ်ဒယ်ဘရော့ အသင်းကမူ ဟက်ဒါဖီးလ်-မန်စီးတီးတို့ပွဲစဉ်မှ အနိုင်ရသည့်အသင်းအား အိမ်ကွင်းတွင် လက်ခံယှဉ်ပြိုင်ရမည် ဖြစ်သည်။


ထို့အတူ နှစ်ပေါင်း ၁ဝ၃နှစ်အတွင်း ပထမဆုံးတစ်ကျော့ပြန်ကွာတား ဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် အပျော်တမ်းကလပ်လင်ကွန်း အသင်းကမူ ရှက်တန်-အာဆင်နယ်တို့ပွဲစဉ်မှ အနိုင်ရရှိမည့်အသင်း၏ အိမ်ကွင်းတွင်သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယင်းအတွက်ကြောင့် လက်ရှိအက်ဖ်အေဖလားချန်ပီယံ မန်ယူအသင်း၏ နည်းပြမော်ရင်ဟိုအနေဖြင့် အသင်းဟောင်းချဲလ်ဆီးအသင်း၏ အိမ်ကွင်းစတန်းဖို့ဒ်ဘရစ်ခ်ျသို့ ပြိုင်ဘက်အဖြစ် တစ်ကျော့ပြန်သွားရောက်ယှဉ်ပြိုင်ရမည့်ခြေအနေအပေါ် စကားစစ်ထိုးမှုများစတင်ပြုလုပ်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုရယူရန် သေချာနေသည့် ချဲလ်ဆီးအသင်းအနေဖြင့် အက်ဖ်အေဖလားချန်ပီယံဆုရရှိရန်အတွက် မန်ယူအသင်းထက်ပိုမို အာရုံစိုက်ကစားလာနိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

 

''ချဲလ်ဆီးအသင်းအနေနဲ့ အက်ဖ်အေဖလားရယူနိုင်ဖို့အတွက် အာရုံအပြည့်အဝစိုက်လာနိုင်ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ဖို့က ရာခိုင်နှုန်းတော်တော်များများ သေချာနေခဲ့တာက ဖလားပွဲကိုအာရုံစိုက်ဖို့ အဓိကသော့ချက်ဖြစ်လာမှာပါ။ သေချာတာတစ်ခုကတော့ အက်ဖ်အေဖလားပွဲစဉ်က နှစ်သင်းလုံးအတွက် အရေးကြီးဆုံးပွဲစဉ်ဖြစ်လာမှာ အသေအချာပါပဲ။ ဥရောပဝင်ခွင့်တစ်နေရာ မရရှိခဲ့ရင် ရှုံးထွက်ဖလားချန်ပီယံ အောင်မြင်မှုက အရေးကြီးဆုံးအခန်း ကဏ္ဍတစ်ခုဖြစ်လာမှာပါ''ဟု မော်ရင်ဟိုက ဆိုခဲ့သည်။ 

WKM

#democracytdoay

Rate this item
(1 Vote)
M ဘွယ်

M-Bwel (Online Editor)

Related items

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191