Main menu
HOT NEWS
adv
လက်ကျန် ပွဲစဉ်များတွင် ၂၉ မှတ်ရရှိပါက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မည်ဟု ချဲလ်ဆီးနည်းပြ ကြုံးဝါး၊ ပြိုင်ပွဲစုံ အိမ်ကွင်း ၁၂ ပွဲ ဆက် တိုက်အနိုင်ရရှိသည့် စံချိန်ဟောင်း အား လိုက်မီနိုင်ခဲ့ပြီ ဖြစ်

လက်ကျန် ပွဲစဉ်များတွင် ၂၉ မှတ်ရရှိပါက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မည်ဟု ချဲလ်ဆီးနည်းပြ ကြုံးဝါး၊ ပြိုင်ပွဲစုံ အိမ်ကွင်း ၁၂ ပွဲ ဆက် တိုက်အနိုင်ရရှိသည့် စံချိန်ဟောင်း အား လိုက်မီနိုင်ခဲ့ပြီ ဖြစ်

ဆွမ်ဆီးအသင်းအား အနိုင်ရရှိခဲ့ ပြီးနောက် ဒုတိယ နေရာမှ မန်စီးတီး အသင်းထက် တစ်ပွဲပိုကစားကာ ရမှတ် ၁၁ မှတ်ဖြတ်ကာ အမှတ်ပေးဇယားအား ဦးဆောင်နေသည့်ချဲလ်ဆီးအသင်း၏ နည်း ပြကွန်တီက ရမှတ်ဖြတ်ထားနိုင်ခြင်းက ချန်ပီယံဆုအတွက်အရေးမကြီး ကြောင်း၊ ချန်ပီယံဖြစ်ရန်အတွက် လက်ကျန်ပွဲစဉ်များမှရမှတ် ၂၉ မှတ် ရရှိရန်လိုအပ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

 

၂ဝ၁၆-၂ဝ၁၇ ဘောလုံးရာသီကုန်ဆုံးရန်ပွဲစဉ် ၁၂ ပွဲကျန်ရှိနေချိန်၌ ရမှတ် ၂၉ မှတ်ရရှိပါက ချန်ပီယံဆုရရှိမည့်ချဲလ်ဆီးအသင်းသည် လက်ကျန်ပွဲစဉ်များတွင် အမှတ်ပေးဇယားထိပ်ပိုင်းအသင်းများဖြစ်သည့် မန်စီးတီး၊ မန်ယူအသင်းများနှင့်ရင်ဆိုင်ရမည်ဖြစ်ပြီး တန်းဆင်းဇုန်အန္တရာယ်ရှိနေသည့် ခရစ္စတယ်ပဲလေ့စ်၊ ဘုန်းမောက်၊ ဆန်းဒါးလန်းအသင်းများနှင့်ရင်ဆိုင်ရမည်လည်း ဖြစ်သည်။ ''ရမှတ် ၁၁ မှတ်ဖြတ်ထားနိုင်ပြီလို့ဖော်ပြနေတာတွေက တကယ် တော့အတုအယောင်တွေပါ။ မန်စီးတီးအသင်းအနေနဲ့နိုင်ပွဲရရှိခဲ့မယ်ဆိုရင် ၈ မှတ်ပဲပြန်ကွာမှာပါ။ အဲ့ဒီအတွက် ချန်ပီယံဆုရရှိဖို့အတွက် နိုင်ပွဲတွေလိုအပ် နေဆဲပါပဲ။ လက်ကျန်ပွဲစဉ်တွေကနေ ၂၉ မှတ်လောက်ရရှိမယ်ဆိုရင် ချန်ပီယံဆုအတွက် သေချာခဲ့ပါပြီ''ဟု ချဲလ်ဆီးနည်းပြ ကွန်တီက ဆိုခဲ့သည်။

 


ဆွမ်ဆီးအသင်း အားအနိုင်ရရှိခဲ့သည့် ချဲလ်ဆီးအသင်းသည် ဘန်လေအသင်းနှင့် သရေကျခဲ့ပြီး နောက်တစ် ကျော့ပြန်နိုင်ပွဲပြန်ရခဲ့ခြင်း ဖြစ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အသေချာဆုံးအသင်းတစ်သင်း ဖြစ်လာခဲ့ပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာအချို့မှ ဖော်ပြလျက်ရှိသည်။ ထို့အတူ ဆက်စပ်သတင်းများအရ ချဲလ်ဆီးအသင်းအနေဖြင့် အဆိုပါနိုင်ပွဲရလဒ်ကြောင့် ယခင်စံချိန်ဟောင်းဖြစ်သည့် ပြိုင်ပွဲစုံ ၁၂ ပွဲဆက် တိုက်အိမ်ကွင်းနိုင်ပွဲရရှိသည့် စံချိန်အားပြန်လည်လိုက်မီနိုင်ခဲ့ပြီလည်း ဖြစ်သည်။ ပရီးမီးယားလိဂ်ပွဲစဉ် ၅ အဖြစ်လီဗာပူးအသင်းနှင့်ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်၌အိမ်ကွင်းတွင် ရှုံးပွဲကြုံတွေ့ခဲ့သည့်ချဲလ်ဆီးအသင်းသည် ပရီးမီးယားလိဂ်၊ အက်ဖ်အေပွဲစဉ်များတွင် အိမ်ကွင်း ၁၂ ပွဲဆက်တိုက်နိုင် ပွဲရရှိခဲ့ခြင်းလည်းဖြစ်သည်။


WKM

#democracytdoday

 

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Related items

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191