Main menu
HOT NEWS
adv

ချဲလ်ဆီးမှာ ခံစစ်ဦးစားပေး ကစားသည့် အသင်းဟု မော်ရင်ဟို နောက်ပြောင်မှုကို ကွန်တီ ဒေါသထွက်၊ မန်ယူတွင် ဆက်လက် ကစားရန် စောင့်ကြည့် သွားမည်ဖြစ်ကြောင်း အီဘရာဟီမိုဗစ် ဖွင့်ဟ

ပရီးမီးယားလိဂ် ထိပ်ဆုံးတွင် ဦးဆောင်နေသည့် ချဲလ်ဆီးမှာ ခံစစ်ဦးစားပေးကစားသည့် အသင်းဖြစ်၍ ဂိုးသွင်းရန်မလွယ်ကူကြောင်း ပြိုင်ဘက်မန်ယူအသင်း နည်းပြမော်ရင်ဟို၏ နောက်ပြောင်ပြောဆိုမှုအပေါ် ကြိုက်နှစ်သက်ခြင်းမရှိကြောင်း ချဲလ်ဆီးနည်းပြကွန်တီ က ပြောကြားသွားခဲ့သည်။ မော်ရင်ဟို က အသင်းဟောင်းချဲလ်ဆီးအသင်းမှာ ခံစစ်အားပြု ကစားတတ်သည့် အသင်းဖြစ်ပြီး တန်ပြန်တိုက်စစ်မှ နိုင်ပွဲရအောင် ကစားတတ်ခြင်းကြောင့် ခြေ ချော်နိုင်မည်မဟုတ်ကြောင်း စကားစစ်ထိုးမှုအပေါ် ကွန်တီကကြိုက်နှစ်သက်ခြင်းမရှိဟု ဘန်လေနှင့်ပွဲအပြီး တွင် ပြန်လည်တုံ့ပြန် ပြောကြားသွားခဲ့ခြင်းဖြစ် သည်။

Read more...

မော်ရင်ဟိုနှင့် ကလော့ပ်တို့ အကြား အချင်းများခဲ့မှု အပေါ် ဒိုင်လူကြီးများ ထိန်းသိမ်းပေးခဲ့ရ၊ ရိုးရှင်းသည့် အမှားအချို့ ကြောင့် နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ရခြင်းဖြစ် ဟု အီဘရာဟီမိုဗစ်ခ်ျ ဆို

အင်္ဂလန် ဒါဘီပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့သည့် မန်ယူ-လီဗာပူးပွဲစဉ်အတွင်း ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ခြင်းနှင့်အတူ နည်းပြနှစ်ဦးအကြား အချေအတင် အချင်းများမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် စတုတ္ထဒိုင်လူကြီးမှ ကြားဝင်ထိန်းသိမ်းပေးခဲ့ရကြောင်း ဗြိတိန်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

Read more...

ပရီးမီးယားလိဂ်တွင် အထိုင်ကျခဲ့ခြင်းနှင့် အတူ ချန်ပီယံဆုကို မျှော်မှန်းကြောင်း အီဘရာဟီမိုဗစ်ခ်ျ ဖွင့်ဟ၊ လီဗာပူးနှင့်ပွဲစဉ်မှာ မန်ချက်စတာ ဒါဘီ ပွဲစဉ်ထက် ပိုပြီး ပြင်းထန်နိုင်ကြောင်း ပေါ့ဘာ သုံးသပ်

မန်ယူတိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျသည် ပထမဦးဆုံး ပရီးမီးယားလိဂ်ကစားသမားဘဝတွင် အလျင်အမြန်အထိုင်ကျကာ ခြေစွမ်းပြနိုင်ခြင်းများကြောင့် အချိန်တိုအတွင်း အင်္ဂလန်ဘောလုံး လောကကို အောင်နိုင် ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ချန်ပီယံဆုရယူရန်အထိပါ မျှော်မှန်းထားကြောင်းဖွင့်ဟပြောကြားခဲ့သည်။

Read more...

လီဗာပူးနှင့်ပွဲတွင် အီဘရာဟီမိုဗစ်ခ်ျ ပြန်လည် ပါဝင်နိုင်မည်ဟု မန်ယူအသင်းနည်းပြ အတည်ပြု၊ ကွင်းလယ်လူ ရှနိုက်ဒါလင်းအား အဲဗာတန် ထံ ပေါင် ၂၄ သန်းဖြင့် ရောင်းချခဲ့ပြီ်

မန်ယူနည်းပြမော်ရင်ဟိုသည် လိဂ်ဖလားပွဲစဉ်တွင် ပါဝင်နိုင်ခြင်းမရှိခဲ့သည့် တိုက်စစ်မှူးအီဘရာဟီ မိုဗစ်ခ်ျအနေဖြင့် မည်သည့်ဒဏ်ရာ ပြဿနာများရှိမနေခဲ့ကြောင်း၊ လီဗာပူးနှင့်ယှဉ်ပြိုင်ရမည့် အရေးကြီးပွဲစဉ်တွင် အသင်းအတွက်ပြန်လည် ပါဝင်ကစားပေးနိုင်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

Read more...
Subscribe to this RSS feed

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191