Main menu
HOT NEWS
adv

ရှုံးနိမ့်မှုများအပေါ် ဝေဖန်မှုများ အားလုံးကို လက်ခံရမည်ဟု ကလော့ပ် ဖွင့်ဟ၊ ကစားသမားများ ပြန်လည်နိုးထသင့်ပြီ ဖြစ်ကြောင်း ဆက်လက် တိုက်တွန်းသွားခဲ့

ဟားလ်စီးတီးကိုအဝေးကွင်း ရှုံးပွဲနှင့်ရင်ဆိုင်ခဲ့ရပြီးနောက် ခြေစွမ်းအပေါ်နေရာစုံမှ ဝေဖန်မှုများရှိလာ နိုင်ပြီး အဆိုပါဝေဖန်မှုများကို လက်ခံသွားရမည်ဖြစ်ကြောင်း လီဗာပူးနည်းပြဂျာဂင်ကလော့ပ်က ပွဲအပြီးတွင် ပြောကြားသွားခဲ့သည်။ ဟားလ်စီးတီးကိုရှုံးနိမ့်ခဲ့ခြင်းကြောင့် လီဗာပူးအသင်းမှာ ၂ဝ၁၇ ခုနှစ်အတွင်း ယှဉ်ပြိုင်ခဲ့သည့်ပြိုင်ပွဲစုံ၌ နိုင်ပွဲမရခဲ့ဘဲ ပရီးမီးယားလိဂ် နောက်ဆုံးငါးပွဲတွင် လေးပွဲမြောက် ရှုံးပွဲနှင့်ရင်ဆိုင်ခဲ့ရကာ ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာအတွက် အခက်အခဲများနှင့် ရင်ဆိုင်ရလာနိုင်ဖွယ်ရှိ နေ၍ ပရိသတ်များ၏ ဝေဖန်မှုများနှင့်လည်း ရင်ဆိုင်နေရသည်။

Read more...

အရှုံးရလဒ်နှင့် အတူ ကစားသမားသစ် ခေါ်ယူရန် လိုအပ်ခဲ့ပြီဟု လီဗာပူးနည်းပြ ဝန်ခံ

ဆွမ်ဆီးအသင်းအား အရေးနိမ့်ခဲ့သည့်အတွက် အမှတ်ပေးဇယား အဆင့်-၄ နေရာသို့ ဆင်းပေးခဲ့ရသည့် လီဗာပူးအသင်း၏ နည်းပြ ဂျာဂင်ကလော့ပ်က အရှုံးရလဒ်နှင့်အတူ အသင်း၏ လိုအပ်ချက်အချို့ကို သိရှိခဲ့ပြီဖြစ်သည့်အတွက် ကစားသမားသစ်များခေါ်ယူရန် လိုအပ်ခဲ့ပြီဖြစ်ကြောင်း မီဒီယာများထံ ထုတ်ဖော်ပြောကြားခဲ့သည်။

Read more...

မော်ရင်ဟိုနှင့် ကလော့ပ်တို့ အကြား အချင်းများခဲ့မှု အပေါ် ဒိုင်လူကြီးများ ထိန်းသိမ်းပေးခဲ့ရ၊ ရိုးရှင်းသည့် အမှားအချို့ ကြောင့် နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ရခြင်းဖြစ် ဟု အီဘရာဟီမိုဗစ်ခ်ျ ဆို

အင်္ဂလန် ဒါဘီပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့သည့် မန်ယူ-လီဗာပူးပွဲစဉ်အတွင်း ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ခြင်းနှင့်အတူ နည်းပြနှစ်ဦးအကြား အချေအတင် အချင်းများမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် စတုတ္ထဒိုင်လူကြီးမှ ကြားဝင်ထိန်းသိမ်းပေးခဲ့ရကြောင်း ဗြိတိန်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

Read more...

ပြိုင်ဘက်၏ ခံစစ် ကစားပုံကြောင့် ပွဲထွက် ကစားသမားများနှင့် ရင်ဆိုင်လျှင်ပင် အနိုင် မရနိုင်ကြောင်း လီဗာပူးနည်းပြ ဝန်ခံ၊ အသင်းသမိုင်း တစ်လျှောက် အသက်အငယ်ဆုံး လူစာရင်းဖြင့် စံချိန်မှတ်တမ်းသစ် တင်နိုင်ခဲ့

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်တွင် နိုင်ပွဲပျောက်ဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ ဝန်ခံပြောကြားမှုများ ပြုလုပ်ခဲ့ပြီး ပြိုင်ဘက်အသင်း၏ ခံစစ်ကစားပုံကောင်းကြောင့် အခက် အခဲများနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ ပွဲထွက်အဓိကကစားသမားများနှင့် ယှဉ်ပြိုင်လျှင်ပင် အနိုင်ရရှိရန် မလွယ်ကူသည်အထိ ပလိုင်းမောက်အသင်း ခြေစွမ်းပြနိုင်ခဲ့ကြောင်း ပွဲအပြီးတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

Read more...
Subscribe to this RSS feed

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191