HOT NEWS
Main menu

ဘီလော့တီ အား ခေါ်ယူရန် အာဆင်နယ် ကမ်းလှမ်းခဲ့ကြောင်း တိုရီနို အတည်ပြု

အီတလီ စီးရီးအေကလပ် တိုရီနိုအသင်း တာဝန်ရှိသူများသည် အသင်း၏ အဓိကတိုက်စစ်မှူးဖြစ်သူ ဘီလော့တီအား ခေါ်ယူရန်စိတ်ဝင်စားနေသည့် အသင်းများစွာတွင် ပရီးမီးယားလိဂ် အသင်းများပါဝင်နေကြောင်း၊ အာဆင်နယ်အသင်း အနေဖြင့် တရားဝင်ကမ်းလှမ်းမှုများပြုလုပ်ထားကြောင်း မီဒီယာများမှတစ်ဆင့် အတည်ပြု သတင်းထုတ်ပြန်ခဲ့သည်။

Read more...

ပဲလေ့စ်ကို သွင်းယူခဲ့သည့် ကင်းမြီးကောက် ဂိုးမှာ ကစားသမား ဘဝ အကောင်းဆုံး ဂိုးဟု ဂျီရော့ဒ် သတ်မှတ်၊ နည်းပြ သက်တမ်း တစ်လျှောက် ဂျီရော့ဒ် သွင်းဂိုးမှာ အလှပဆုံး ဖြစ်ကြောင်း အာစင်ဝင်းဂါး ချီးကျူး

ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲစဉ်တွင် သွင်းယူခဲ့သည့် ကင်းမြီးကောက်သွင်းဂိုးမှာ မိမိ၏ကစားသမားဘဝ၌ အကောင်းဆုံးသွင်းဂိုးဖြစ်ခဲ့ပြီး ထိုသွင်းဂိုးမှာ ကံတရားကြောင့်ရရှိခဲ့ခြင်းဖြစ်သည်ဟု အာဆင်နယ်တိုက်စစ်မှူး ဂျီရော့ဒ်က ပွဲအပြီးတွင် သတင်းထောက်များကို ပြောကြားသွားခဲ့သည်။ ဆန်းချက်ဇ်၏ပေးပို့မှုမှ ဘယ်ခြေဖြင့်ချိတ်ကာ နောက်ပြန်သွင်းယူခဲ့သည့်သွင်းဂိုးဖြင့် အာဆင်နယ်အသင်းသည် ပဲလေ့စ်ကို ၂-ဝ ဂိုးဖြင့် အနိုင်ရ ပြီး အမှတ်ပေးဇယား တတိယနေရာထိတက်လှမ်းလာနိုင်ခဲ့ကာ အဆိုပါသွင်းဂိုးမှာ မန်ယူမှ မာခီတာရန်၏ သွင်းဂိုးနှင့်တူညီနေခဲ့သည်။

Read more...

ချန်ပီယံခြေစွမ်းနှင့် အတူ ပြိုင်ဘက်အား ဖြတ်ကျော်နိုင်ခဲ့ကြောင်း ချဲလ်ဆီးနည်းပြ ကွန်တီ ကြုံးဝါး၊ အာဆင်နယ်အသင်း၏ ပရီးမီးယားလိဂ် ၁၄ ပွဲဆက် အနိုင်ရရှိမှု စံချိန်အား လိုက်မီရန် နီးစပ်ခဲ့ပြီဖြစ်

၂ဝ၁၆-၂ဝ၁၇ ဘောလုံးရာသီ ရာသီဝက်ပွဲစဉ်များအပြီး ဒုတိယနေရာမှ လီဗာပူးအသင်းအား ရမှတ် ခြောက်မှတ်အထိဖြတ်ကာ အမှတ် ပေးဇယားအား ဦးဆောင်နိုင်ခဲ့သည့် ချဲလ်ဆီးအသင်း၏နည်းပြကွန်တီ က ကျေ နပ်စရာကောင်းသည့် ရာသီဝက်အဆုံးသတ်ဖြစ်ခဲ့ကြောင်း၊ ချန်ပီယံအသင်းတစ်သင်းတွင်ရှိသည့် ရှိထိုက်သည့်ခြေစွမ်းအား ထုတ်ပြ နိုင်ခဲ့ပြီး ပြိုင်ဘက်ကိုကျော်ဖြတ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ချဲလ်ဆီးအသင်း သည် ပရီးမီးယားလိဂ်ပွဲစဉ် ၆ တွင် အာဆင်နယ်အသင်းအား အရေးနိမ့်ခဲ့ပြီးနောက် ရလဒ်ကောင်းများဆက်တိုက်ရရှိခဲ့ပြီး အမှတ်ပေးဇယားအားတစ်ကျော့ ပြန်ဦးဆောင်နိုင်ခဲ့ပြီး ချန်ပီယံအသင်း အဖြစ် ရေပန်းအစား ဆုံးဖြစ်လာခဲ့သည်။

Read more...

လန်ဒန်တွင် အပြည့်အဝ မပျော်ပိုက်သည့် သဘောမျိုး ဆန်းချက်ဇ် အရိပ်အမြွက် ဆို

လန်ဒန်မြို့တွင် အပြည့်အဝ မပျော်ပိုက်သည့် သဘောမျိုး အလက်ဆစ် ဆန်းချက်ဇ်က အရိပ်အမြွက် ပြောဆိုလိုက်သည့်နောက် ၎င်း၏ အာဆင်နယ် အနာဂတ်အပေါ် မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။ အာဆင်နယ် သည် ယခုရာသီ တိုက်စစ်နေရာတွင် ပြောင်းရွှေ့ကစားပြီး ခြေစွမ်းပြနေသည့် အသက်(၂၈)နှစ်အရွယ် ချီလီလက်ရွေးစင်ကို သက်တမ်းတိုး စာချုပ်ရန် ကြိုးစားနေသော်လည်း မအောင်မြင်သေးချေ။
 
Read more...
Subscribe to this RSS feed

ADV

 ymg adv 6

FacebookG+TwitterRSS