Main menu
HOT NEWS
adv

ဥရောပ ထိပ်သီးလိဂ် လေးလိဂ်တွင် ဂိုးသွင်းယူနိုင်သည့် ခုနစ်ဦးမြောက် ကစားသမားအဖြစ် ကာကစ် ရပ်တည်နိုင်ခဲ့

ဂျာမနီဘွန်ဒက်စ်လီဂါ ကလပ် မိန့်ဇ်အသင်းသို့ အငှားစာချုပ်ဖြင့် သွားရောက်ကစားနေသည့် စတုတ် စီးတီးအသင်း၏ စပိန်လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဖြစ်သူ ဘိုဂျန်ကာကစ်သည် ဘိုင်ယန်မြူးနစ် အသင်းနှင့် သရေကျခဲ့သည့်ပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခဲ့ခြင်း ကြောင့် ဥရောပထိပ်သီးလိဂ် အားလုံးတွင် ဂိုးသွင်း ယူနိုင်သည့် ခုနစ်ဦးမြောက် ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

Read more...

အတ္တလန္တာနှင့် ပွဲစဉ်တွင် အနိုင်ရရှိပါက ချန်ပီယံဆုအား ဂျူဗင်တပ် သိမ်းပိုက်နိုင်ရန် နီးစပ်၊ (၃၃) ကြိမ်မြောက် စကူဒက်တို ချန်ပီယံအဖြစ် စံချိန်သစ် ထပ်တင်နိုင်မည်ဖြစ်

အီတလီ စီးရီးအေပွဲစဉ် (၃၃)အဖြစ် ဂျီနိုအာအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် နိုင်ပွဲရရှိခဲ့သည့် ဂျူဗင်တပ်အသင်းသည် ချန်ပီယံဆုအား ကာကွယ်နိုင်ရန် လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ပွဲချိန်(၃၄)အဖြစ် ရင်ဆိုင်ရမည့် အတ္တလန္တာအသင်းနှင့်ပွဲစဉ်တွင် အနိုင်ရရှိခဲ့ပါက ချန်ပီယံဆုအား ထပ်ဆင့်ရယူနိုင်ရန် နီးစပ်ခဲ့ပြီဖြစ်သည်။

Read more...

အုပ်ချုပ်/နည်းပြ ကစားသမားများ၏ မတ်လ လစာအတွက် မြန်မာနေရှင်နယ်လိဂ် CEO နေပြည်တော် အသင်းပိုင်ရှင်နှင့် ထပ်မံ ညှိနှိုင်းပေးမည်

ရန်ကုန်၊ ဧပြီ ၂၅

အုပ်ချုပ်/နည်းပြကစားသမားများ၏ မတ်လလစာ ငွေမရရှိသေးသည့်အပေါ် မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ်က နေပြည်တော်အသင်းပိုင်ရှင်နှင့်တွေ့ဆုံ၍ ထပ်မံညှိနှိုင်းပေးမည်ဖြစ် ကြောင်းသိရသည်။ ''ပြီးခဲ့တဲ့လိဂ်ကော်မတီအစည်းအဝေးမှာ ပြတ်ပြတ်သားသားဆွေး နွေးပြီးသားဖြစ်ပါတယ်။ ဒီရက်ပိုင်းထဲမှာ နေပြည်တော်ကိုသွားပြီး အသင်းပိုင်ရှင်နဲ့ သွားရောက်တွေ့ဆုံမယ်။ ထပ်မံပြီးညှိနှိုင်းမယ်။ သူတို့အနေနဲ့ ဆန္ဒလည်းမရှိဘူး။ မလုပ်နိုင်ဘူးဆိုရင် တရားဝင်စာတင်ခိုင်းမယ်''ဟု မြန်မာ နေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်ကပြောသည်။

Read more...

နေအိမ်တွင် ပါတီပွဲ မကျင်းပရန် ချစ်သူဖြစ်သူအား စီရော်နယ်ဒို တားမြစ်ခဲ့

ရီးရဲလ်မှ ကမ္ဘာ့အကောင်းဆုံး ကစားသမား စီရော်နယ်ဒိုသည် ၎င်း၏ချစ်သူသစ်ဖြစ်သူ ဂျော်ဂျီနာ စီစဉ်ထားသည့် နေအိမ်ပါတီပွဲအား ပိတ်ပင်တားမြစ်မှုများပြုလုပ်ခဲ့ပြီး ရော်နယ်ဒိုအနေဖြင့် အဆိုပါပွဲများ ကြောင့် အယ်လ်ကလက်စီကိုဒါဘီပွဲတွင် ဘာကာကိုအရေးနိမ့်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ယူဆလျက်ရှိသည်။

Read more...

နယူးကာဆယ်အသင်း ရာသီ မကုန်ဆုံးမီ ပရီးမီးယားလိဂ်သို့ တစ်ကျော့ပြန် ခြေချခွင့်ရရှိခဲ့၊ တန်းတက်ခွင့် ရရှိခဲ့သည့်တိုင် အနာဂတ်အခြေအနေ မသေချာကြောင်း နည်းပြ ဘင်နီတက်ဇ် ဖွင့်ဟ

ချန်ပီယံရှစ်ကလပ် နယူးကာဆယ်အသင်းသည် ပွဲစဉ် ၄၄ တွင် ပရက်စတန်အသင်းအား ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်း ကြောင့် ဒုတိယနေရာမှ ရီးဒင်းအသင်းအား ရမှတ် ၉ မှတ်အထိဖြတ်ထားနိုင်ခဲ့ ခြင်းကြောင့် ရာသီကုန်ဆုံးရန် ပွဲစဉ် ၂ပွဲ ကျန်ရှိနေသော်လည်း ပရီးမီးယားလိဂ်သို့တစ်ကျော့ပြန်တန်းတက်နိုင်ခဲ့ပြီဖြစ်သည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616