Main menu
HOT NEWS
adv

နာဆကာကားမောင်းပြိုင်ပွဲတွင် ထပ်ဆင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး သေမင်းတမန်ပြေးလမ်းဟု ဝေဖန်ခဲ့ကြ

Nascar Sprint Cup Series  ပြိုင်ပွဲကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က  တယ်လာဒီဂါ ကားမောင်းကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ယာဉ်မတော်တဆ ထိခိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်အချို့မီးလောင်ပျက်စီးခဲ့သော်လည်း ထိခိုက်ဒဏ်ရာရမှုသာရှိခဲ့ကာ သေဆုံးမှုမရှိခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲဝင်ကားစီးရေ ၄ဝ စီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၈ ပတ်မြောက် နောက်ဆုံးပြိုင်ပွဲ၌ ၂၁စီးသာကျန်ရှိတော့ကာ ၁၂ စီးမှာ အစုလိုက်ယာဉ်တိုက်မှု တွင်ပါဝင်ခဲ့သည်။ တစ်နာရီမိုင် ၁၄ဝနှုန်းဖြင့် အမြန်မောင်းနှင်ခဲ့သည့် ကားနှစ်စီးမှာ လေထဲသို့လွှင့်ပါခဲ့ပြီး မီးလောင်ခဲ့ခြင်းကြောင့် ကျန်ပြိုင်ပွဲဝင်ကားများပါ ပန်းဝင်ရန် အခက်တွေ့ခဲ့ရသည်။ တယ်လာဒီဂါ ကွင်း တွင် ဖြစ်ပွားခဲ့သော မတော်တ ဆမှုကြောင့် ပြိုင်ပွဲဝင်ကားကုမ္ပဏီ များ၏ စုစုပေါင်းဆုံးရှုံးမှုမှာ ဒေါ်လာ သန်းပေါင်းများစွာရှိခဲ့သည်ဟု သ တင်းများက ဖော်ပြခဲ့သည်။

Read more...

ဘောလုံးစာရေးဆရာများအသင်းမှပေးအပ်သည့် အကောင်းဆုံးဆုကို ဗာဒီရရှိ

ဘောလုံးစာရေးဆရာများအသင်းမှချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံး ပရီးမီးယားလိဂ်ကစားသမားဆုကို လက်စတာတိုက်စစ်မှူးဗာဒီရရှိခဲ့ကြောင်းသိရသည်။ ၂ဝ၁၆ခုနှစ်အတွက် ဘောလုံးဂျာနယ်လစ်များမှ ပေး အပ်သည့်အ ကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သူဗာဒီမှာ အသင်းဖော်များဖြစ်သည့် မာရက်ဇ်နှင့် ကန်တီတို့ကို ကျော်ဖြတ်ရယူနိုင်ခြင်းဖြစ်သည်။ ဗြိတိန်ဘောလုံးအားကစား  ဂျာနယ်လစ် ၂၉ဝ တို့မှ မဲခွဲရွေးချယ်ခဲ့ရာ ဗာဒီမှာ မဲစုစုပေါင်း ၃၆ ရာခိုင်နှုန်းဖြင့် ပထမရရှိခဲ့ကာ ပရီး မီးယားလိဂ်တစ်နှစ်တာအကောင်း ဆုံးဆုရရှိခဲ့သူ မာရက်ဇ်မှာ ဒုတိယ၊ ကန်တီမှာ တတိယနေရာတို့တွင် ရပ်တည်နိုင်ခဲ့ကြသည်။

Read more...

လက်စတာကို သရေကျပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်ရရန် ခက်ခဲသွားပြီဟု ရွန်းနီသုံးသပ် ရောဘတ်ဟုသ်ကို တံတောင်ဖြင့်တွက်ခဲ့သည့် ဖယ်လိုင်နီ အရေးယူခံရဖွယ်ရှိနေ

 

မန်ယူအသင်းသည် အမှတ်ပေးဇယားထိပ်ဆုံးတွင်ဦးဆောင်နေသည့် လက်စတာအသင်းကို အိမ်ကွင်း၌ သရေသာကစားနိုင်ခြင်းကြောင့် ရာသီအကုန်တွင် ထိပ်ဆုံးလေးသင်းအတွင်းရပ်တည်ရန်မှာ ခက်ခဲသွား ပြီဖြစ်ကြောင်း တိုက်စစ်မှူးရွန်းနီက လက်စတာနှင့်ပွဲအပြီးတွင် သုံးသပ် ပြောကြားသွားခဲ့သည်။ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက်  အဓိကပြိုင်ဘက်ဖြစ်နေသည့် မန်စီးတီးအသင်းမှာ ဆောက်သမ်တန်ကို ရှုံးနိမ့် ခဲ့ခြင်းကြောင့် နှစ်သင်းကြားရမှတ် ၄ မှတ်ရှိနေပြီး မန်ယူအသင်းက ပွဲကျန်တစ်ပွဲကျန် ရှိနေသေးသော်လည်း ချန်ပီယံလိဂ်ဝင်ခွင့်ရရန် မလွယ်ကူဟု ရွန်းနီက ပြောကြားခဲ့ခြင်းဖြစ်သည်။

Read more...

စာချုပ်သက်တမ်း ကုန်ဆုံးချိန်အထိ အသင်းတွင် ဆက်ရှိနေမည်ဟု မန်ယူနည်းပြ အတည်ပြု

မန်ယူအသင်းအား တာဝန်ယူကိုင်တွယ်ခဲ့သည့် နှစ်နှစ်တာအတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိအောင်  စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိသဖြင့် ပရိသတ်များ၏ ဝေဖန်မှုများနှင့်ရင်ဆိုင်နေရသည့် နည်းပြဗန်ဟားလ်က စာချုပ် သက်တမ်းကုန်ဆုံးချိန်အထိ အသင်းတွင်ဆက်ရှိနေမည်ဖြစ်ကြောင်း၊  ပြီးခဲ့သည့်ရာသီတွင်ရရှိခဲ့သည့် ဥရောပဝင်ခွင့်တစ်နေရာအား အက်ဖ် အေဖလားအရယူပြီးရယူနိုင်စွမ်း ရှိကြောင်းဖွင့်ဟပြောကြားခဲ့သည်။

Read more...

ချန်ပီယံလိဂ်တွင် လက်စတာ အောင်မြင်နိုင်ကြောင်း ရော်နယ်ကိုးလ်မန်း သုံးသပ်

ဆောက်သမ်တန်နည်းပြ ရော်နယ်ကိုးလ်မန်းက လာမည့်ဘောလုံးရာသီသစ်တွင် ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည့် လက်စတာအသင်းအနေဖြင့် အောင်မြင်မှုအထိုက်အလျောက် ရရှိနိုင်ကြောင်း၊ ပရီးမီးယားလိဂ်ချန်ပီ ယံအသင်းတစ်သင်းအနေဖြင့် အခွင့်အရေးကောင်းများစွာလည်း ရရှိ နိုင်ကြောင်း သုံးသပ်ပြောကြားသွား ခဲ့သည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616