Main menu
HOT NEWS
adv

ပါတီပွဲအတွင်း အက်သလက်တီကို ဂျာစီဝတ်ဆင်၍ ပျော်ရွှင်နေခဲ့သည့် ကော်စတာ၏ ဗီဒီယိုဖိုင်အပေါ် ဝေဖန်မှုများရှိနေ

ချဲလ်ဆီးတိုက်စစ်မှူး ဒီယေဂို ကော်စတာသည် ၎င်း၏နေအိမ်၌ပြု လုပ်ခဲ့သည့် ပါတီပွဲအား အင်စတာဂမ်မှတစ်ဆင့် Live ထုတ်လွှင့်ခဲ့ရာတွင် အက်သလက်တီကိုအသင်းဂျာစီ ဝတ်ဆင်၍ ပျော်ရွှင်နေသည့် ဗီဒီယို ဖိုင်ထွက်ပေါ်လာခဲ့ပြီးနောက် ပရိသတ်များအကြားတွင် ဝေဖန်မှုများရှိလာခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်ဘောလုံးရာသီကုန်ဆုံးခဲ့ချိန်၌ ကော်စတာအနေဖြင့် ချဲလ်ဆီးအသင်းမှ ထွက်ခွာလိုကြောင်း ထုတ်ဖော်ပြောကြားမှုများ ပြုလုပ်ခဲ့ပြီး နည်းပြကွန်တီအနေဖြင့် ၎င်းအား အလိုမရှိတော့ကြောင့် ထုတ်ဖော်ပြောကြားမှုများကလည်း အပြောင်းအ ရွှေ့ဖြစ်ပေါ်လာရန် အဓိကအကြောင်းရင်းအချို့ဖြစ်လာခဲ့သည်။

Read more...

လီဗာပူး ကွင်းလယ် ကစားသမား လူးကပ်စ် လာဇီယို အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိခဲ့

လီဗာပူးအသင်း၏ ဘရာဇီးလက်ရွေးစင် ကွင်းလယ်ကစားသမား လူးကပ်စ်သည် ၁ဝ နှစ်ကြာကစားခဲ့သည့် အသင်းအား စွန့်ခွာတော့မည်ဖြစ်ပြီး အီတလီကလပ် လာဇီယိုအသင်းသို့ ပြောင်းရွှေ့ကစားရန် သဘောတူညီမှုရခဲ့ပြီဖြစ်ကြောင်း သတင်းများအရသိရသည်။

Read more...

ရိုမီယိုနှင့် မန်ယူ သက်တမ်းတိုး စာချုပ်ချုပ် ဆို

မန်ယူအသင်း တာဝန်ရှိသူများသည် အသင်း၏ ဒုတိယဦးစားပေး ဂိုးသမားဖြစ်သူ ရိုမီယိုအား အသင်းတွင် ဆက်ရှိနေရေးအတွက် လေးနှစ်သက်တမ်းတိုး စာချုပ်သစ်တစ်ရပ် ထပ်မံ ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း အသင်း၏ အတည်ပြုသတင်းထုတ်ပြန်ချက်များအရ သိရသည်။

Read more...

ချန်ပီယံလိဂ် ကစားချင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခင်းကြောင့် အာဆင်နယ်တွင် ဆန်းချက်ဇ် ဆက်ရှိရန် မသေချာ မရေရာဖြစ်လာ

ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲ ကစားထားရသောကြောင့် အာဆင်နယ်အသင်း၏ ရာသီအကြိုခြေ စမ်းပွဲများတွင် လိုက်ပါနိုင်ခြင်းမရှိခဲ့ သော ဆန်းချက်ဇ်က မိမိအနေဖြင့် ချန်ပီယံလိဂ်ကစားချင်ကြောင်း ချီလီမီဒီယာများအား အရိပ်အြ>ွမက်ပြော ကြားလိုက်သည်။ ထိုသို့ထုတ်ဖော် ပြောကြားခြင်းကြောင့် ဆန်းချက်ဇ်သည် အာဆင်နယ်မှထွက်ခွာရန် သေချာလာပြီဖြစ်ကြောင်း မီဒီယာများက ဖော်ပြလာခဲ့ကြသည်။

Read more...

ဘရာဇီး လူငယ် ကွင်းလယ် ကစားသမား ဒေါက်ကလပ် လူးဝစ်ကို မန်စီးတီးအသင်း ထပ်မံခေါ်ယူ

မန်စီးတီးအသင်းသည် ယခုနွေရာသီ အပြောင်းအရွှေ့ကာလအတွင်း စတုတ္ထ မြောက် ကစားသမားသစ်ခေါ်ယူမှုအဖြစ် ဘရာဇီးကလပ် ဗာစကိုဒဂါးမားမှ လူငယ်ကွင်းလယ်ကစားသမား ဒေါက်ကလပ် လူးဝစ်အား ပေါင် ၁ဝ ဒသမ ၇ သန်းဖြင့် ခေါ်ယူလိုက်ကြောင်းသိရသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191