Main menu
HOT NEWS
adv

ခြောက်ပတ် နားရမည့် ရှမဲလ်ဇာကြောင့် ဒေါ့မွန် အထိနာ

ဒေါ့မွန်အသင်းခေါင်းဆောင် ရှမဲလ်ဇာသည် ဖရိုင်းဘတ်နှင့်ပွဲမှ ခြေချင်းဝတ်ဒဏ်ရာကြောင့် သီတင်း ခြောက်ပတ်အထိ အနားယူရမည် ဖြစ်ရာ ဒေါ့မွန်အတွက် ထိုးနှက်မှုတစ်ရပ်ဖြစ်စေခဲ့သည်။ ရှမဲလ်ဇာသည် ဖရိုင်းဘတ်မှ ရာဗက်၏ဖျက်ထုတ်မှုကြောင့် အဆိုပါဒဏ်ရာကိုရခဲ့ခြင်းဖြစ်ပြီး ရာဗက်မှာ အစောပိုင်းက အဝါကတ် သာပြသခံခဲ့ရသော်လည်း ဗီဒီယိုနည်းပညာအသုံးပြုခဲ့ပြီးနောက် ကွင်းလယ်ဒိုင်မှာ ရာဗက်အား အနီကတ်ပြခဲ့ခြင်းဖြစ်သည်။

Read more...

မိမိ ကစားသမားများ အကောင်းဆုံးပုံစံ မပြနိုင်ခဲ့သော်လည်း အနိုင်သုံးမှတ်နှင့် ထိုက်တန်သည်ဟု ရှမ်းနည်းပြချုပ် ချီးကျူး

ရန်ကုန်၊ စက်တင်ဘာ ၁၁

MNL Max Cement 2017  ပြိုင်ပွဲ ပွဲစဉ်(၁၇)အဖြစ် ရှမ်းယူနိုက်တက်နှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ စက်တင်ဘာ ၁ဝ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ပုသိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်းယူနိုက်တက်အသင်းမှ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ရှမ်းယူနိုက်တက် အသင်းအတွက် ဂိုးများကို ခရစ္စတိုဖာနှင့် ဒွေး ကိုကိုချစ်တို့မှ သွင်းယူပေးခြင်းဖြစ် ပြီး ယင်းအနိုင်သုံးမှတ်ကြောင့် ရှမ်းယူနိုက်တက်အသင်းမှာ အမှတ်ပေး ဇယားထိပ်ဆုံးနေရာတွင် ဆက်လက် ရပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

Read more...

ဘာစီလိုနာနှင့် ပွဲအတွက် အာရုံ စိုက်ထားကြောင်း ဂျူဗီတိုက်စစ်မှူး ဒိုင်ဘာလာ ပြော

ဂျူဗင်တပ်တိုက်စစ်မှူး ဒိုင်ဘာလာက အသင်းအတွက် အရေးပါသောပွဲတစ်ပွဲဖြစ်သည့် ချီယေဗိုနှင့်ပွဲတွင် နိုင်ပွဲရယူနိုင်ခဲ့ပြီး နောက် ဘာစီလိုနာနှင့် ကစားရမည့် ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်အတွက် အာရုံစိုက်ထားပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။

Read more...

ဆီဗီလာနှင့် ပွဲတွင် ကော်တင်ဟို ပါဝင်နိုင်ကြောင်း ကလော့ပ် အတည်ပြု

လီဗာပူးနည်းပြကလော့ပ်က ကြံ့ခိုင်မှု အခြေအနေကြောင့် မန်စီးတီးနှင့်ပွဲကို လွဲချော်ခဲ့ရသော ကော်တင်ဟို အနေဖြင့် ဆီဗီလာနှင့်ကစားရမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပါဝင်ကစားနိုင်ဖွယ်ရှိနေကြောင်း အတည် ပြုပြောကြားခဲ့သည်။

Read more...

ဒဏ်ရာကြောင့် သီတင်းခြောက်ပတ်ကြာ တိုက်စစ်မှူး ဘင်ဇီမာ နားရဖွယ်ရှိ

ရီးရဲလ်တိုက်စစ်မှူးဘင်ဇီမာသည် လီဗန်တေးနှင့်သရေကျခဲ့ သောပွဲတွင်ရရှိခဲ့သော တံကောက် ကြောဒဏ်ရာကြောင့် သီတင်း ခြောက်ပတ်အထိ နားရနိုင်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191