Main menu
HOT NEWS
adv

ရီးရဲလ်မှ ဂါရတ်ဘေးလ်ကို ခေါ်ယူရေးမှာ အဆုံးသတ်သွားပြီ ဟု မော်ရင်ဟိုဝန်ခံ

မန်ယူနည်းပြမော်ရင်ဟိုက ရီးရဲလ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ကိုခေါ်ယူရေးမှာ အဆုံးသတ်သွားခဲ့ပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဥရောပစူပါဖလားပွဲစဉ် မတိုင်မီက ရီးရဲလ်အနေ ဖြင့် ယင်းပွဲစဉ်တွင် ဂါရတ် ဘေးလ်ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခြင်း မရှိပါက မန်ယူအသင်းအ နေဖြင့် ဘေးလ်ကိုခေါ်ယူ နိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း မော်ရင်ဟိုက ပြောဆိုခဲ့သော်လည်း ဘေးလ်မှာ ပွဲထွက်ကစား သမားအဖြစ် ပါဝင်ကစား ခဲ့သည်။

Read more...

အာဆင်နယ်မှ ထွက်ခွာလိုသော ပီရက်ဇ်ကို စိတ်ဝင်စားကြောင်း ဘင်နီတက်ဇ် ဝန်ခံ

အာဆင်နယ်တွင်ပုံမှန်ပွဲထွက် ခွင့်ပျောက်ဆုံးနေသောတိုက်စစ်မှူး ပီရက်ဇ်အားခေါ်ယူရန်စိတ်ဝင်စား ကြောင်း နယူးကာဆယ်နည်းပြ ဘင်နီတက်ဇ်က အတည်ပြုပြောကြားလိုက်သည်။ ပရီးမီးယားလိဂ်သို့ တန်း ပြန်တက်လာသော နယူးကာဆယ် အသင်းသည် ယခုအချိန်ထိမျက်နှာသစ်ကစားသမားငါးဦးသာခေါ်ယူ အားဖြည့်ထားပြီးအပြောင်းအရွှေ့အတွက်ငွေကြေးသုံးစွဲမှုအား နည်းနေသည့် အတွက်နည်းပြဘင်နီ တက်ဇ်နှင့်အသင်းပိုင်ရှင်မိုက်အက်ရှ် လေတို့ကြားဆက်ဆံရေးတင်းမာလျက်ရှိပြီး ယခုအခါဘင်နီတက်ဇ်က အာဆင်နယ်မှပီးရက်ဇ်ကို စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

Read more...

မွန်တီနီဂရိုး လူငယ်ကစားသမား ဟက်ဆာဘာနိုဗစ်ကို ဝက်စ်ဟမ်း အသင်းခေါ်ယူနိုင်ခဲ့

ဝက်စ်ဟမ်းအသင်းသည် မွန်တီနီဂရိုးလက်ရွေးစင်ကစားသမား ဟက်ဆာဘာနိုဗစ်အား ဟမ်းစတက် အသင်းမှခေါ်ယူလိုက်ပြီဖြစ်ကြောင်းသိရသည်။ အသက် ၁၈ နှစ်အရွယ်ရှိ ဟက်ဆာဘာနိုဗစ်သည် ကွင်းလယ်တိုက်စစ်ကစားသမားတစ်ဦးဖြစ် ပြီဝက်စ်ဟမ်းအသင်းက သူ့ကိုပြောင်း ရွှေ့ကြေး ပေါင် ၂ ဒသမ ၇ သန်းဖြင့် ငါးနှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူခဲ့ ခြင်းဖြစ်သည်။

Read more...

ထိခိုက် ဒဏ်ရာရခဲ့သော မာတီဆက်ကာကို ချဲလ်ဆီး အသင်းခေါင်းဆောင် ကာဟေးလ် တောင်းပန်ခဲ့

ချဲလ်ဆီးအသင်းခေါင်းဆောင် ဂယ်ရီကာဟေးလ်သည် အာဆင်နယ်နှင့်ကစားခဲ့ သော ကွန်မြူနတီဒိုင်းလုပွဲတွင် ¤င်းနှင့်ထိ ခိုက်မိခဲ့သော အာဆင်နယ်နောက်ခံလူ မာတီဆက်ကာအား ပွဲအပြီးတွင်တောင်းပန်စကား လာရောက်ပြောခဲ့ကြောင်းသိရသည်။

Read more...

လက်ရှိ ချန်ပီယံ ချဲလ်ဆီးအသင်း နောက်ကျခဲ့တဲ့ ခြေတစ်လှမ်း

ပရီးမီးယားလိဂ် ဘောလုံးရာသီသစ်စတင်ဖို့ ရက်သတ္တပတ် တစ်ပတ်တောင် မလိုတော့တဲ့ အချိန်မှာပဲ ကွန်မြူနတီဒိုင်းပွဲက ရလဒ်နဲ့ကစားပုံကြောင့် ချဲလ်ဆီးအသင်းရဲ့ လက်ရှိချန်ပီယံဆိုတဲ့ပုံရိပ်ဟာ မေးခွန်း ထုတ်စရာတွေဖြစ်လာခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ငွေသုံးကြမ်းနေတဲ့ မန်ချက်စတာမြို့ခံနှစ်သင်းပြီး တတိယငွေကြေး အသုံးစွဲဆုံးအသင်းအဖြစ် ရပ်တည်နေပေမယ့် အာဆင်နယ်ကို အရေးနိမ့်ခဲ့တဲ့ ကွန် မြူနတီဒိုင်းလုပွဲမှတော့ ပွဲထွက်လူစာရင်းက လိုအပ်ချက်တွေ ရှိနေခဲ့ပါတယ်။ အသင်းက ထွက်ခွာဖို့ပြင်ဆင်နေတဲ့ တိုက်စစ်မှူး ဒီယေ ဂိုကော်စတာ၊ မန်ယူကို ပြောင်းသွားတဲ့ ကွင်းလယ်လူ မာတစ်နဲ့ ဒဏ်ရာရနေတဲ့ ဟာဇက်တို့မပါဝင်နိုင်တာဟာ ချဲလ်ဆီးအသင်းရဲ့ တောင့်တင်းတဲ့ပုံစံကို ပျောက်ဆုံးစေ ခဲ့တာပဲဖြစ်ပါတယ်။ ပင်နယ်တီကန်ဖို့ ဂိုးသမား ကော်တွိုက်စ်ကို ရွေးချယ်လိုက်ရတာက ချဲလ်ဆီးအသင်းရဲ့ အနေအထားကို ပိုပြီးပေါ်လွင်သွားခဲ့တယ်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191